YouTube ကို TV Version နဲ့ ကြည့်လို့ ရတယ်ဆို တာသင်သိပါသလား? ပုံမှန် YouTube ဆိုက်မှာ ကြည့်ရတဲ့ပုံစံနဲ့ မတူဘဲ TV ကနေ ကြည့် နေရသလို မျိုး ခံစားမှု မျိုး ရအောင်ပြုလုပ်ပေးထားတာပါ။YouTube TV ဆို တဲ့အတိုင်းပဲ TV Remote က Arrow Key တွေကို နှိပ်ပြီး ကြည့်နေသလို ခံစားရအောင်သင့် Keyboard က Arrow Key တွေကို အသုံးပြုပြီး Video တွေကို Browse လုပ်ပြီးကြည့်ရမှာပါ။ Mouse သုံးရင်သိပ်အဆင်မပြေပါဘူး။
How To Watch
YouTube TV ၀က်ဆိုက်ကိုသွားပြီး ရင် Keyboard က Arrow Key တွေကို သုံးပြီး Video တွေကို ရွေးချယ်ကြည့်နိုင်ပါတယ်။Backspace Key ကတော့ နောက်ပြန်သွားဖို့ သုံးပါ။ S key ကိုနှိပ်ပြီး Video တွေကို Search လုပ်ပါ။
သင်ကြည့်ချင်တဲ့ Video ကိုတွေ့ ရင် Enter ခေါက်ပါ။
Sign In
Sign In လုပ်ရင်တော့ သင် Subscribe လုပ်ထားတဲ့ Channel တွေကိုပါကြည့်နိုင်မှာပါ။ Sign In လုပ်ရတာ နည်းနည်းတော့ ထူးဆန်းပါတယ်။ Sign In & Setting ကိုသွားပြီး Sign In လုပ်ပါ။Browser Tab အသစ်တစ်ခု မှာ www.youtube.com/activate ကိုသွားပြီး အောက်ကပုံမှာလို ပေးထားတဲ့ Key ကိုထည့်ပေးရမှာပါ။
Turn Into A YouTube App
YouTube TV web application ကို Desktop Application အဖြစ်ပြုလုပ် ပြီးကြည့်ချင်သေးရင် တော့ Chrome ကို သုံးရမှာပါ။ Chrome ရဲ့  Menu ကနေ Tools> Create application shourcuts ကိုနှိပ်ပါ။ဒါဆိုရင် YouTube TV ကို Desktop App လို မျိုးကြည့်နိုင်ပါပြီ။YouTube TV shortcut ကိုလည်း Desktop , Taskbar မှာတွေ့ မြင်နိုင်ပါတယ်။
YouTube TV ရဲ့  အရသာကို ခံစားကြည့်လိုက်ပါအုံး။
Go to YouTube TV
0 comments:
Post a Comment