Thursday, August 29, 2013

Widgets

Facebook မှာ Shared Photo Album တွေတင်မယ်။

Facebook_Shared_Albums_610x406

Facebook ရဲ့ Features အသစ်ဖြစ်တဲ့ Shared Photo Albums တွေ ကသူငယ်ချင်းတွေ ပုံတွေ စုတင်လို့ ရသလို ၊ အလုပ်ကိစ္စတွေ မှာလည်း Album ကို Share လုပ်ပြီးသုံးလို့ ရပါတယ်။ဒီလို လုပ်ဖို့ အတွက် အရင်ဆုံး Album အသစ်တစ်ခုပြုလုပ်ပြီးပုံတစ်ပုံတင်ရမှာပါ။ပုံတင်ပြီးရင် Make Shared Album လုပ်ဖို့  Pop Up ပေါ်လာပါမယ်။ Make Shared Album ကို နှိပ်ပါ။

ashampoo 04

Album မှာ ပုံတွေ အတူတူတင်မယ့်    Contributors တွေကို ရွေးချယ်ပါ။ ရွေးချယ်ထားတဲ့ Contributors တွေ က နောက်ထပ်တစ်ခြား Contributors တွေကို Add လုပ်ဖို့ ၊မလုပ်ဖို့  ကိုလည်းသင်က ရွေးချယ်နိုင်ပါတယ်။ Privacy မှာလည်း Public,Friends of Contributors , Contributors Only စတာတွေကို ရွေးချယ်နိုင်ပါတယ်။Save လုပ်ပါ။

ashampoo 05

ဒါဆိုရင် Shared Album တစ်ခု ပြုလုပ်ပြီးပါပြီ။ သင် Add လိုက်တဲ့ Contributors တွေက Alert Message ရရှိပြီးသိရှိနိုင်ပါတယ်။သူငယ်ချင်းတစ်ယောက်က Contributor အနေနဲ့ ပုံတင်လိုက်ရင်လည်းသင် က Alert Message ရရှိမှာပါ။ သင့် Album မှာ မနှစ်သက်တဲ့ ပုံတွေ တင်ရင်လည်း Delete လုပ်လို့ ရသလို Contributors List ထဲကသူငယ်ချင်းတွေကိုလည်း Add,Remove  လုပ်နိုင်ပါတယ်။

0 comments:

Post a Comment