Saturday, August 10, 2013

Widgets

Browser တွေရဲ့  Memory အသုံးပြုမှုကို လျှော့ချပေးနိုင်တဲ့ Extension များ။

Browser မှာ Tab တွေ အများကြီးဖွင့်ပြီး အသုံးပြုတဲ့သူတွေ အတွက် စက်လေးလံလာတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့ ဖူးမှာပါ။ Memory များတဲ့စက်တွေ မှာသိပ်မသိသာပေမယ့် Memory နည်းတဲ့စက်တွေ မှာ တော့ စက်လေးလံလာတာတွေ ၊ Crash ဖြစ်တာတွေ နဲ့ ကြုံကြရပါတယ်။အဲဒီအတွက် Firefox နဲ့  Chrome ရဲ့  Memory အသုံးပြုမှုကို အလို လို လျှော့ချပေးနိုင်တဲ့ Extension တွေ ကို ရေးပေးလိုက်ပါတယ်။

UnloadTab (Firefox)

Firefox User တွေ အတွက် UnloadTab ကိုသုံးနိုင်ပါတယ်။UnloadTab ကို အင်စတောလုပ်ပြီးရင် Add-On Manager ကနေ UnloadTab ရဲ့  Options ကိုသွားပါ။ Firefox ဖွင့်ဖွင့်ခြင်းမှာ Selected Tab တွေကို ပဲ Load လုပ်ခိုင်းဖို့  အောက်က ပုံမှာလို ရွေးပေးပါ။ဒါမှမဟုတ် Tab အားလုံးကို ဖွင့်ခိုင်းဖို့ လည်းရွေးချယ်နိုင်ပါတယ်။Unload inactive tabs after: မှာတော့ အသုံးမပြုတဲ့ Tab တွေကို အချိန်အတိုင်းအတာသတ်မှတ်ပေးပြီး Auto Unload လုပ်ခိုင်းလို့ ရပါတယ်။နောက်တစ်ခုမှာ Background Tab တွေကိုဖွင့်ရင် Load / Unload လုပ်ဖို့ လည်းရွေးချယ်နိုင်ပါတယ်။ Facebook လို မျိုးအမြဲကြည့်တဲ့ ၀က်ဆိုက် တွေကို  အောက်ကပုံမှာလို Unload exclusion ထဲထည့်ထားလို့ ရပါတယ်။ အဲဒီအတွက် Facebook ကို Unload လုပ်မှာမဟုတ်တော့ပါဘူး။အောက်ကပုံအတိုင်းရွေးပေးလိုက်ရင် အဆင်ပြေပါတယ်။ အသုံးမပြုတဲ့ Tab တွေကို ၅ မီနစ် ကြာရင်အလို လို Unload လုပ်ပေးပါလိမ့်မယ်။ အဲဒါဆိုရင် Memory Usage ကို လျှော့ချပေးပြီးစက်မလေးတော့ပါဘူး။Unload လုပ်ထားတဲ့ Tab တွေက အရောင်ဖျော့ဖျော့လေး နဲ့ ပြနေမှာဖြစ်ပြီး အဲဒီ Tab တွေကို Select လုပ်လိုက်မှ Load လုပ်ပေးပါလိမ့်မယ်။

ashampoo 12

The Great Suspender(Chrome)

Chrome User တွေကတော့ The Great Suspender ကိုသုံးပါ။ Extension ကို အင်စတောလုပ်ပြီးရင် Setting Page မှာ အသုံးပြုဖို့  Select လုပ်လိုက်တဲ့ Tab တွေကို auto unsuspend လုပ်ဖို့  Check box မှာအမှန်ခြစ်ပေးပါ။Whitelist မှာတော့ အမြဲကြည့်တဲ့ဝက်ဆိုက်တွေကို Suspend မလုပ်ဖို့  သတ်မှတ်ထားနိုင်ပါတယ်။အသုံးမပြုတဲ့ tab တွေကို Auto Suspend လုပ်ဖို့ အချိန်သတ်မှတ်ပေးပါ။

ashampoo 13

0 comments:

Post a Comment