Friday, August 30, 2013

Widgets

သိချင်တာတွေကို လွယ်လွယ်ရှာဖို့  Kikin for Chrome

ဝက်ဆိုက်တစ်ခု မှာ စာဖတ်နေတုန်း စကားလုံး ၊ စကားစု တစ်ခုရဲ့  အဓိပ္ပါယ်ကို သိချင်ရင် Dictiionary Website တစ်ခုကိုဖွင့်ပြီးရှာ ဒါမှမဟုတ် စကားလုံး၊စကားစုကို Select လုပ်ပြီး Google ကနေရှာရပါတယ်။Image,Video တွေ ကို ရှာချင်ရင်လည်း Google  ကနေ Image,Video စသဖြင့် ပြောင်းလဲပြီးလိုက်ရှာရပါတယ်။Kikin for Chrome ဆိုတဲ့ Chrome Extension ကိုသုံးရင် စာဖတ်နေတဲ့ ၀က်ဆိုက်မှာတင်ပဲ စကားလုံး၊စကားစု ရဲ့  အဓိပ္ပါယ် ၊ Image တွေ ၊ Video တွေ၊ News တွေ၊  Maps တွေကို ပါရှာပေးနိုင်ပါတယ်။

သိချင်တဲ့ စကားလုံး၊စကားစုကို ရှာဖို့ အတွက် စကားလုံး အပေါ်မှာ Left Click ကို နှစ်စက္ကန့် လောက်ဖိထားတာနဲ့ ညာဘက်မှာ Sidebar တစ်ခုပေါ်လာပြီး Definition,Image,Video,News,Maps တွေကို သိနိုင်ပါပြီ။

kikin-for-chrome-660x516

စကားစုတစ်ခုကို ရှာချင်ရင်အောက်ကပုံမှာတွေ့ ရတဲ့ စကားစုရဲ့  ဘယ်ဘက်  နဲ့  ညာဘက်မှာရှိတဲ့ Selection Button လေးကို Drag လုပ်ပြီး Select လုပ်နိုင်ပါတယ်။

chrome-search-extension-660x534

ညာဘက် Sidebar ကသိချင်တာတစ်ခုကို နှိပ်လိုက်ရင် အဲဒီ Page မှာပဲ Definition,Image,Video တွေကို Pop Up အနေနဲ့  ပြပေးနိုင်ပါတယ်။

ashampoo 02

Kikin for Chrome က အင်တာနက် က မသိတဲ့ စကားလုံးတွေရဲ့  Definition တွေကို အလွယ်တကူရှာဖို့ ၊မှတ်သားဖို့  အသုံးဝင်တဲ့ Extension တစ်ခုဖြစ်ပါတယ်။

Install Kikin for Chrome

0 comments:

Post a Comment