Tuesday, August 13, 2013

Widgets

Windows 8 မှာ Internet Explorer 10 ရဲ့  Default Search Engine ကို ပြောင်းခြင်း။

ashampoo 13

Windows 8 မှာပါတဲ့ IE 10 ရဲ့ Default Search Engine က Microsoft ရဲ့  Bing ဖြစ်ပါတယ်။Modern Version ရော Desktop Version ရောမှာပါဖြစ်ပါတယ်။Default Search Engine ကို လွယ်လွယ်နဲ့ ပြောင်းလို့ မရအောင် Microsoft က ဖွက်ထားပါတယ်။ ဒါပေမယ့်သင် ဟာ Google Search Engine ကို နှစ်သက်သူ တစ်ယောက်ဆိုရင် ပြောင်းနိုင်ပါတယ်။Default Search Engine ကို ပြောင်းဖို့  Modern Version ကနေပြောင်းလို့ မရဘဲ Desktop Version ကနေပြောင်းရမှာဖြစ်ပါတယ်။ပြောင်းပြီးရင်တော့ Version နှစ်ခုလုံးက သင်ရွေးချယ်ထားတဲ့ Search Engine ကို Default Search Engine အဖြစ်အသုံးပြုပါလိမ့်မယ်။

IE Desktop Version ကို ဖွင့်ပြီး gear menu ကိုနှိပ်ပါ။ Manage add-ons ကိုနှိပ်ပါ။

ashampoo 14

Search Providers ကိုနှိပ်ပြီး Find more search providers ကိုနှိပ်ပါ။

ashampoo 15

Gallery Page ကိုရောက်သွားရင် Google ကိုရှာပါ။သင်နှစ်သက်ရာ Search Engine ကို လည်းရှာပြီးသုံးနိုင်ပါတယ်။ပြီးရင် click တစ်ချက်နှိပ်ပါ။

ashampoo 16

Add to internet explorer button ကိုနှိပ်ပြီး Add Search Provider ၀င်းဒိုးပေါ်လာရင် Make this my default search provider ကိုအမှန်ခြစ်ပေးပြီး Add နှိပ်ပါ။

ashampoo 17

IE ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ဒါဆိုရင် Desktop Version ရော Metro Version နှစ်ခုလုံးမှာ Google Search Engine ဒါမှမဟုတ်သင်နှစ်သက်တဲ့ Search Engine ကို Default Search Engine အဖြစ် အသုံးပြုလို့ ရပါပြီ။

0 comments:

Post a Comment