Desktop Application တွေ နေရာမှာ Web Application တွေကတဖြည်းဖြည်းအစားထိုးနေရာယူလာပါပြီ။သင့် PC မှာ ဆော့ဝဲတွေ အင်စတောလုပ်စရာမလိုဘဲ Web Application တွေကို အသုံးပြုနိုင်ပါတယ်။ဆော့ဝဲတွေ အင်စတောလုပ်စရာမလို တဲ့အတွက်သင့် PC ရဲ့  Performance ကောင်းမွန်ပြီးလျှင်လျှင်မြန်မြန်အလုပ်လုပ်နိုင်ပါတယ်။CCleaner ဆော့ဝဲ ထုတ်လုပ်တဲ့ Piriform က ‘Agomo’ ဆိုတဲ့ Web Application ကို စတင်မိတ်ဆက်လိုက်ပါတယ်။ Agomo က PC Maintenance Tool ဖြစ်ပြီး သင့် ကွန်ပြူတာက CCleaner ရဲ့ စွမ်းဆောင်ရည်တွေအတိုင်းပြုလုပ်ပေးနိုင်ပါတယ်။အဲဒီအတွက် သင့် ကွန်ပြူတာမှာ CCleaner လို PC Maintenance Tool တွေ အင်စတောလုပ်ထားစရာမလို ဘဲ Browser ရှိရုံနဲ့  သင့်ကွန်ပြူတာကို Maintenance ပြုလုပ်နိုင်ပါပြီ။
Agomo လုပ်ပေးနိုင်တဲ့အရာတွေ ကိုအောက်မှာဖတ်ပါ။
- သင့်ကွန်ပြူတာ ရဲ့  Hard Disk ကို Defrag လုပ်ပေးနိုင်ပါတယ်။
- Programs တွေကို Add/Remove လုပ်ပေးနိုင်ပါတယ်။
- Software တွေရဲ့ Performance ကောင်းမွန်အောင် Optimize လုပ်ပေးနိုင်ပါတယ်။Schedule လုပ်ပြီး Optimize လုပ်နိုင်ပါတယ်။
- CCleaner ကို သုံးပြီး သင့် System ရဲ့  Speed ကိုကောင်းမွန်အောင်လုပ်ပေးနိုင်ပါတယ်။
- Windows Registry က Bugs,Errors တွေကို ပြုပြင်နိုင်ပါတယ်။
- Startup Programs တွေကို Manage လုပ်လို့ ရပါတယ်။
- သင့် PC ကို နေရာမရွေး Maintain,Clean လုပ်လို့ ရပါတယ်။( locally or remotely )
- Disk space, CPU load memory နဲ့ တစ်ခြားသော System Component တွေကို ကြည့်ရှုနိုင်ပါတယ်။
Agomo က အခုလောလောဆည်တော့ Beta အဆင့်ပဲရှိသေးပြီးအသုံးပြုချင်ရင် Sign Up လုပ်ထားရမှာဖြစ်ပါတယ်။
0 comments:
Post a Comment