Thursday, August 22, 2013

Widgets

Android Phone က ကြော်ညာတွေကို ဖျောက်ပြီး ကွန်နက်ရှင်ကို မြှင့်တင်ပါ။

Android Phone က App, Games တွေ ကစားရင် ကြော်ညာတွေကို သင်တွေ့ ဖူးမှာပါ။နောက်ပြီး Browser ကနေ ၀က်ဆိုက်တွေကို ကြည့်ရင်လည်း ကြော်ညာတွေကို တွေ့ မြင်ရပါတယ်။ကွန်နက်ရှင်မကောင်း တဲ့သူတွေ အဖို့ ဒီ ကြော်ညာတွေကို Load လုပ်နေရတာ အင်တာနက်အသုံးပြုရတာနှေးစေပါတယ်။အဲဒီအတွက် ကြော်ညာတွေကို Block လုပ်ပေးနိုင်တဲ့ Adblocker Application တစ်ခုဖြစ်တဲ့ AdFree ကို သုံးပါ။AdFree ကိုသုံးဖို့  သင့်ဖုန်း က Root လုပ်ထားဖို့ လို ပါတယ်။

AdFree ကို အင်စတောလုပ်ပြီးရင် ဖွင့်ပါ၊ Bootup Normally? မှာ Skip this screen in future ကို အမှန်ခြစ်ပေးပြီး Booup Normally ကို နှိပ်ပါ။ Update Found တွေ့ ရင် Ok နှိပ်ပါ။

Moborobo2013082Moborobo20130822002832

Download & Install Hosts ကိုနှိပ်ပါ။ Success ပေါ်လာရင်  Ok နှိပ်ပါ။ Download လုပ်တာ စက္ကန့် ပိုင်းပဲကြာပါတယ်။

Moborobo20130822003141Moborobo20130822003311

ဒါဆိုရင် သင့် Android Phone မှာ ကြော်ညာတွေ ကို မတွေ့ မြင်ရတော့တဲ့အတွက် ကွန်နက်ရှင်ကို မြှင့်တင်လိုက်တဲ့သဘောလည်းဖြစ်သွားပါပြီ။ကျွန်တော်စမ်းကြည့်တာတော့ အားလုံးကို တော့ မဖျောက်ပေးနိုင်ပါဘူး။တော်တော်များများကိုတော့ ဖျောက်ပေးနိုင်ပါတယ်။ စမ်းကြည့်လိုက်ပါအုံး။AdFree က Google Play Store မှာမရှိတော့ပါဘူး။ Google က အင်တာနက်သုံးသူတွေ သူ့ ရဲ့ ကြော်ညာတွေကို  မမြင်ရအောင် Block လုပ်ပေးနိုင်တဲ့ Adblocker App တွေကို Play Store ကနေ ဖယ်ရှားထားလို့ ပါ။ PC အတွက်တော့ AdBlock Plus  ကိုသုံးပါ။

Download AdFree from official site  or sideme

0 comments:

Post a Comment