Monday, August 12, 2013

Widgets

CheapCast : Online Video ,Music ဖမ်းယူကြည့်ရှုနိုင်တဲ့ Android App

ashampoo 01

မကြာခင်က Google က ChromeCast ဆို တဲ့ Device တစ်ခုကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ChromeCast က Android Device က Online Video, Music တွေကို TV  မှာ ကြည့်လို့ ရအောင်လုပ်ပေးနိုင်ပါတယ်။ChromCast ကို TV မှာတပ်ဆင်ပြီးအသုံးပြုရမှာပါ။ChromeCast ကို ပို ပြည့်စုံစွာသိချင်ရင် ChromeCast  page မှာကြည့်ပါ။

ashampoo 02

XDA Developer Maui  က CheapCast လို့ ခေါ်တဲ့ ChromeCast Emulator တစ်ခုကို စတင် Develope လုပ်လိုက်ပါပြီ။အဲဒီ CheapCast ကို သင့် Android Device မှာအင်စတာလုပ်ပြီးရင် တစ်ခြား Android Device က ChromeCast Enabled App တွေ ဖြစ်တဲ့ YouTube,Google Play Music, Google Play Video,Netflix စတဲ့ App တွေ က Video,Music တွေကို  CheapCast အင်စတောလုပ်ထားတဲ့ Android Device ကနေ ကြည့်ရှုနားဆင်လို့ ရပါပြီ။နောက်ဆိုရင် TV တွေမှာ CheapCast က ထုတ်လွှင့်တဲ့ Online Video,Music တွေကို ရယူကြည့်ရှုနိုင်တဲ့ Function ပါဝင်လာနိုင်ပါတယ်။CheapCast အလုပ်လုပ်ပုံကို အောက်က Video မှာကြည့်ပါ။

 

CheapCast ကို သင့် Android Device မှာအင်စတောလုပ်ပြီးရင် Friendly name ကို သင်နှစ်သက်ရာပြောင်းပြီး Start Service ကိုနှိပ်ပါ။Start CheapCast on boot ကို လည်း enable လုပ်နိုင်ပါတယ်။Developer ကိုလည်း Beer ၀ယ်တိုက်လိုက်ပါအုံး။ :D :P

ashampoo 03

ပြီးရင် တစ်ခြား Android Device တစ်ခု ကနေ ChromeCast Enabled App တွေ ဖြစ်တဲ့ YouTube , Google Music, Netflix စတဲ့ App တွေကိုဖွင့်ပြီး အောက်ကပုံမှာမျှားထိုးထားတဲ့ ChromeCast Button ကိုနှိပ်ပြီး CheapCast App က Friendly Name ကို ရွေးပေးပါ။ဒါဆိုရင် CheapCast အင်စတောလုပ်ထားတဲ့ Android Device မှာ Video,Music တွေကို စတင်ကြည့်ရှုနိုင်ပါပြီ။

ashampoo 04

CheapCast က Beta Version ပဲရှိသေးပြီး Develope လုပ်နေဆဲဖြစ်ပါတယ်။Beta Version မှာတော့ Crash ဖြစ်တာတွေ ၊ ကောင်းကောင်းအလုပ်မလုပ်တာတွေ ဖြစ်နိုင်ပါတယ်။နောက်ဆိုရင် TV တွေ မှာ ChromeCast လို တစ်ခြား Device တွေ တပ်ဆင်စရာမလို ဘဲ  CheapCast လို App က ထုတ်လွှင့်တာတွေကို ရယူကြည့်ရှုနိုင်တဲ့ Function တွေ ပါဝင်လာနိုင်တဲ့ အတွက် CheapCast App ရဲ့  Developement တွေကို အမြဲ နားစွင့်နေသင့်ပါတယ်။

Download CheapCast from Play Store  or Androidfilehost (1.5) mb

0 comments:

Post a Comment