Monday, August 19, 2013

Widgets

Microsoft Word 2013 ရဲ့  AutoRecover အချိန်အပိုင်းအခြားကို ပြောင်းလဲခြင်း။

Microsoft Word 2013 မှာပါတဲ့ AutoSave or AutoRecover feature ဟာ အလွန်အသုံးဝင်ပါတယ်။သင့်အလုပ်ကို အလိုလို Save လုပ်ပေးနေတဲ့အတွက် ကွန်ပြူတာ Crash ဖြစ်သွားခဲ့ရင် လည်း သင့်အလုပ်ကို မဆုံးရှုံးတော့ပါဘူး။အချိန် ဘယ်လောက်မှာအလို လို Save လုပ်မလဲဆိုတာကို သင်သတ်မှတ်နိုင်ပါတယ်။Default အားဖြင့် Office က ဖိုင်တွေကို ၁၀ မီနစ်မှာ တစ်ကြိမ်အလိုလို သိမ်းပေးပါတယ်။ဥပမာအားဖြင့် ၅ မီနစ်မှာတစ်ကြိမ်သိမ်းပေးစေချင်ရင်အောက်ပါအတိုင်းပြုပြင်နိုင်ပါတယ်။

“File” tab ကိုနှိပ်ပြီး “Options” ကိုနှိပ်ပါ။”Word Options” dialog box ပေါ်လာရင် “Save” ကိုနှိပ်ပါ။”Save documents” section အောက်က “Save AutoRecover information every” မှာအချိန်အပိုင်းအခြားကို သင်သတ်မှတ်နိုင်ပါတယ်။File Location ကို ပြောင်းချင်ရင်လည်း “AutoRecover file location” မှာပြောင်းနိုင်ပါတယ်။

ashampoo 08

0 comments:

Post a Comment