Wednesday, August 21, 2013

Widgets

Android Phone တွေမှာ Wake ဖြစ်ပြီးအလိုလိုမီးထလင်းတာကို အဖြေရှာပေးမယ့် Wake Lock Detector

ashampoo 03

Android Phone တွေ မှာ Wake ဖြစ်ပြီးအလိုလို မီးထလင်းတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ App ပါ။ဘာလို့ မီးလင်းလဲဆိုတော့ Android  Phone တွေရဲ့ အလုပ်လုပ်တဲ့စနစ်မှာ Wake Lock Function ပါရှိပါတယ်။အဲဒီ Wake Lock Function ကို အသုံးပြုတဲ့ Application တစ်ချို့ ကြောင့် မီးအလိုလို လင်းတာဖြစ်ပါတယ်။

Wake Lock Detector ကို အင်စတောလုပ်ပြီးရင် ဖုန်းကို 90 % လောက်အထိ အားဖြည့်ပါ။ပြီးရင် အားသွင်းတာကို ရပ်ပြီးဖုန်းကို Restart ချပါ။နာရီအနည်းငယ်လောက် ဒီအတိုင်းထားထားပြီး Wake Lock Detector ကို ဖွင့်ပါ။ Wake Lock ဖြစ်စေတဲ့ App တွေကို အချိန်အများဆုံးကနေအနည်းဆုံးစီပြီး ပြသပေးပါလိမ့်မယ်။Partial Wake Lock , Full Wake Lock နှစ်မျိုးလုံးကို ပြောင်းပြီးလေ့လာပါ။အပေါ်ဆုံးက App တွေ က Wake Lock အဖြစ်ဆုံး App တွေ ဖြစ်ပြီး  ပြဿနာက အဲဒီ App တွေ  မှာဖြစ်နိုင်ပါတယ်။ Google App တွေလို Sync လုပ်တဲ့ App တွေ ဆိုရင်လည်း Sync ကို Off လုပ်ပြီး မီးလင်းတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ပြဿနာဖြစ်နိုင်ခြေရှိတဲ့ App တွေကို ဖြုတ်ပစ်ပါ။

ashampoo 04

Download Wake Lock Detector @ Play Store

0 comments:

Post a Comment