Tuesday, August 6, 2013

Widgets

Microsoft Word ဖြင့် Image ပုံတစ်ပုံရဲ့  Background ကို ဖျောက်ခြင်း။

ပုံတစ်ပုံ ရဲ့ Background ကို ဖျောက်ပစ် ချင်ရင် Photoshop လို Photo Editor တွေသုံးပြီးဖျောက်နိုင်သလို Clipping Magic လို Web Applicaton ကိုသုံးပြီးလည်းဖျောက်နိုင်ပါတယ်။ သင့်မှာ Microsoft Word,Excel,PowerPoint တစ်ခုခု ရှိရင်လည်း ပုံတစ်ပုံရဲ့  Background ကိုအလွယ်တကူဖျောက်နိုင်ပါတယ်။Office 2010 နဲ့  Office 2013 မှာတော့ သေချာပေါက်အသုံးပြုလို့ ရပါတယ်။Office 2007 မှာတော့ သေချာမသိပါ။ဒီဆောင်းပါးမှာတော့ Word ကိုအသုံးပြုပါတယ်။

အောက်ကပုံကို ဥပမာအနေနဲ့ အသုံးပြုပါမယ်။

remove-background-from-picture1

ပုံကို Word မှာ Paste လုပ်ပါ။ပြီးရင် ပုံကို Click တစ်ချက်နှိပ်ပြီး FORMAT ကိုနှိပ်ပြီး Remove Background ကိုနှိပ်ပါ။

ashampoo 05

သင်လိုချင်တဲ့အပိုင်းကို ဘောင်ခတ်ရင် ဖျောက်ပေးမယ့် Background ကို ကာလာနဲ့ ပြပေးပါလိမ့်မယ်။

ashampoo 06

အပေါ်ကပုံမှာမြင်တဲ့အတိုင်းပဲ မလို တဲ့အပိုင်းတွေပုံမှာပါနေပါသေးတယ်။နောက်ပြီးလို အပ်တဲ့အပိုင်းတွေကို ဖျက်ပစ်ထားတာတွေ့ ရပါတယ်။အဲဒီအတွက် မလို တဲ့အပိုင်းတွေကိုဖျက်ပစ်ဖို့ နဲ့  လို အပ်တဲ့အပိုင်းတွေကို ရွေးချယ်ဖို့  Mark Areas to Keep ,   Mark Areas to Remove ကို အသုံးပြုပြီး Mark လုပ်ပေးပါ။ပြီးရင် Keep Changes ကိုနှိပ်ပါ။

ashampoo 07

ဒါဆိုရင်အောက်ကပုံမှလို သေသပ်ပြီး Background ဖျောက်ပြီးသားပုံတစ်ပုံရရှိပါမယ်။မကြိုက်သေးရင် Undo Changes လုပ်လို့ ရပါသေးတယ်။

ashampoo 08

0 comments:

Post a Comment