Wednesday, August 7, 2013

Widgets

Cloud Storage ကဖိုင်တွေကို Move/Backup လုပ်ပေးမယ့် Mover

mover-logo-2

Cloud Storage က ဖိုင်တွေကို တစ်ခြား Cloud Storage တစ်ခုမှာ Backup လုပ်ချင်လို့ ပဲဖြစ်ဖြစ် Move လုပ်ချင်လို့ ပဲဖြစ်ဖြစ် Mover က အသုံးဝင်ပါတယ်။Dropbox,GoogleDrive,Box,SkyDrive,Sugar Sync,Copy,Yandex,FTP စတာတွေအပါအ၀င်တစ်ခြား Cloud ကဖိုင်တွေကို support ပေးပါတယ်။

Mover  ၀က်ဆိုက်ကိုသွားပြီး Free Account တစ်ခုလုပ်ပြီးရင် Source , Destination မှာ Cloud Storage Services တွေနဲ့  Link လုပ်ပြီး Transfer Now ကိုနှိပ်ပြီး ဖိုင်တွေကို Move လုပ်လို့ ရပါတယ်။Move လုပ်တယ်ဆိုပေမယ့် တစ်ကယ်တမ်းတော့ Copy လုပ်လိုက်တာဖြစ်ပါတယ်။အဲဒီအတွက် Source မှာ သင့်ဖိုင်တွေမပျက်ဘဲကျန်ရှိနေမှာပါ။

ashampoo 04

ဖိုင်တွေကို Zip လုပ်ပြီးမှပြောင်းရွှေ့နိုင်သလို Schedule လုပ်ပြီးလည်း Transfer လုပ်နိုင်ပါတယ်။Incremental ဆိုတာကတော့ နောက်ဆုံး Transfer လုပ်လိုက်ပြီးနောက်ပိုင်းမှာပြောင်းလဲသွားတဲ့ ဖိုင်တွေ ကို ပဲ Transfer လုပ်ပေးမှာဖြစ်ပါတယ်။အဲဒီအတွက် အချိန်ကုန်သက်သာစေပါတယ်။

ashampoo 05

0 comments:

Post a Comment