Tuesday, August 13, 2013

Widgets

Windows 8 ရဲ့  Desktop Programs တွေအတွက် Custom Tiles ပြုလုပ်ခြင်း။

ashampoo 19

Windows 8 မှာ Desktop Program တစ်ခု အင်စတောလုပ်လိုက်ရင် Start Screen မှာလည်း အဲဒီ Program ရဲ့  Tile ကို Pin လုပ်လိုက်ပါတယ်။Metro App တွေ ရဲ့ Tile တွေ ကလှပပြီး Desktop App တွေ ရဲ့ Tile တွေက မလှပတာကို တွေ့ မြင်နိုင်ပါတယ်။အဲဒီအတွက် Desktop App တွေရဲ့ Tile တွေကို Metro App ရဲ့ Tile တွေလို လှပပြီးစတိုင်ကျအောင် ပြုလုပ်ချင်ရင် Obly Tile ဆို တဲ့ Freeware ကိုသုံးနိုင်ပါတယ်။

Program တွေ အတွက် Custom Tile ပြုလုပ်ခြင်း။

Obly Tile ကို အသုံးပြုရတာလွယ်ကူပါတယ်။ဒီဆောင်းပါးမှာ VLC Player အတွက် Custom Tile ပြုလုပ်ထားပါတယ်။Obly Tile ကိုဖွင့်ပြီးရင် နာမည်ပေးပါ။Program Path မှာ Installation Folder က exe ဖိုင်ကို ရွေးပေးပါ။Tile Image အတွက်တော့အသင့်ပြုလုပ်ပြီးသား Metro Icons  တွေကို PNG ဖိုင်အနေနဲ့ ဒေါင်းပြီး ရွေးချယ်ပေးပါ။Background Color မှာလည်း သင်နှစ်သက်ရာ ရွေးနိုင်ပါတယ်။VLC အတွက်တော့ မူလကာလာဖြစ်တဲ့ လိမ္မော်ရောင်ကိုရွေးထားပါတယ်။magnifying glass icon ကနေ Preview ကြည့်နိုင်ပါသေးတယ်။ပြီးရင် Create Tile ကိုနှိပ်ပါ။

1

ဒါဆိုရင် Start Screen မှာ VLC Tile ကို Metro Style နဲ့ တွေ့ မြင်နိုင်ပါပြီ။Drag and Drop လုပ်ပြီးနှစ်သက်ရာနေရာပြောင်းနိုင်ပါတယ်။

ashampoo 20

Folder , Websites တွေ အတွက် Custom Tile ပြုလုပ်ခြင်း

Folder , Websites တွေ အတွက် Custom Tile ပြုလုပ်ဖို့  Program Path မှာ Folder Path,Website URL ထည့်ပေးပြီးပြုလုပ်နိုင်သလို Choose Folder or WebSite Url options ကိုလည်းရွေးချယ်ပြီးပြုလုပ်နိုင်ပါတယ်။

2

Tile Manager

အပေါ်နားက ဖိုဒါ ပုံကို နှိပ်ပြီး Tile Manager ကိုသုံးနိုင်ပါတယ်။Tile Manager မှာ Oble Tile နဲ့ ပြုလုပ်ထားတဲ့ Tile တွေကို Edit လုပ်နိုင်သလို Start Screen မှာရှိပြီးသား Tile တွေကို လည်း Custom Tile ပြုလုပ်နိုင်ပါတယ်။နောက်ပြီးအသုံးများတဲ့ Shortcuts တွေ ဖြစ်တဲ့ Shutdown, Restart,Task Manager စတာတွေ အတွက်လည်း Custom Tile တွေ ပြုလုပ်နိုင်ပါတယ်။3

သင်ဟာ Metro Start Screen ကိုနှစ်သက်သူဖြစ်ပြီး Start Screen ကို desktop program launcher အဖြစ်အသုံးပြုသူတစ်ယောက်ဆိုရင် Obly Tile က တော်တော် အသုံးဝင်တဲ့ Freeware တစ်ခုပါ။

1 comments: