Tuesday, August 20, 2013

Widgets

သင့် Android Phone မှာ Malware ရှိမရှိဘယ်လို သိနိုင်မလဲ ?

android-malware

Google Play Store မှာ Malware စတင်တွေ့ ရှိပြီးကတည်းက သင့်ဖုန်းမှာလည်း Malware ကူးစက်နိုင်ခြေရှိတယ်ဆိုတာ သတိပြုပါ။နေ့ စဉ်နေ့ တိုင်းများစွာသော Application အသစ်တွေ ရောက်ရှိလာတဲ့အတွက် Google ကလည်း အဲဒီ Application တွေ အားလုံးကို နိုင်နင်းစွာ စစ်ဆေးနိုင်ခြင်းမရှိပါဘူး။နောက်ပြီး Cracked Application တွေဟာ Malware ကူးစက်မှုအများဆုံး ဖြစ်တဲ့အတွက် Cracked Application တွေ အသုံးပြုခြင်းဟာလည်း Malware ကူးစက်နိုင်ပါတယ်။အဲဒီအတွက် သင့်ဖုန်း ဟာ Malware ကိုက်ခံရခြင်းရှိမရှိ သိနိုင်မယ့်နည်းတွေကို မျှဝေပါတယ်။

Phone Call

ဖုန်းပြောနေစဉ်အတွင်းမှာ လိုင်း ပြတ်တောက်သွားရင် နောက်ဖုန်းတစ်လုံးကို ခေါ်ပြီးပြောကြည့်ပါ။ ပြဿာနာက မိမိဖုန်းမှာလား၊ တစ်ခြားဖုန်းမှာလားဆိုတာသိနိုင်ဖို့ ပါ။ Line Phone တွေကိုခေါ်ပြီးပြောကြည့်ပါ။ဒီလို ခေါ်ကြည့်လို့  လိုင်းခနခန ပြတ်တောက်နေရင်တော့ သင့်ဖုန်း မှာ Malware ရှိနိုင်ပါတယ်။Malware တွေ မှာဖုန်းခေါ်ဆိုမှုကို ဟန့် တားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။သင့် ဖုန်း ခေါ်ဆိုမှုတွေကိုပါ Record လုပ်နိုင်တဲ့ စွမ်းရည် လည်းရှိကြပါတယ်။

Phone Card ခနလေးနဲ့ ကုန်ခြင်း  or Phone Bill များအဆမတန်တက်ခြင်း။

Phone Card ခနလေးနဲ့ ကုန်ခြင်း  or Phone Bill များအဆမတန်တက်ခြင်းဟာလည်း Malware ကြောင့်ဖြစ်နိုင်ပါတယ်။အင်တာနက်အသုံးပြုတဲ့ဖုန်းတွေမှာဆိုရင်လည်း Data Usage များအဆမတန်များနေတာဟာလည်း စိုးရိမ်စရာဖြစ်ပါတယ်။Malware တွေ မှာ သင့်ဖုန်းက ဒေတာတွေကို ပေးပို့ နိုင်တဲ့ စွမ်းရည်တွေ၊ SMS တွေ အလိုလို ပို့ ပေးနိုင်တဲ့ စွမ်းရည်တွေ ရှိပါတယ်။အဲလို အခြေအနေမျိုးကြုံတွေ့ နေရရင် ဖုန်း Contact ထဲကသူငယ်ချင်းတွေကို သင့် ထံမှ ထူးဆန်းပြီးမူမမှန်တဲ့ Message မျိုးတွေ ရလားစုံစမ်းကြည့်ပါ။ Malware ကပေးပို့ တဲ့ Message တွေကို Reply လုပ်ထားတဲ့ မူမမှန်တဲ့ Message တွေကိုတွေ့ မြင်ရင်လည်း သိနိုင်ပါတယ်။

သင့်ဖုန်း ရဲ့  Performance အလွန်ကျဆင်းခြင်း။

Windows မှာ Virus ကိုက်လို့  Performance ကျဆင်းသလို ၊ Android မှာလည်း Malware ကိုက်ရင် ဖုန်းရဲ့  Performance ကို အလွန်အမင်းကျဆင်းစေပါတယ်။သင့်ဖုန်းဟာ လေးလံလာလို့  Apps တွေ တော်တော်များများလည်း ဖြုတ်ပြီးပြီ၊ ဒါပေမယ့် Performance က ကျမြဲကျနေရင် သင့်ဖုန်း မှာ Malware ရှိနိုင်ပါတယ်။Malware ဟာ ဖုန်းရဲ့  Processor ကို အလွန်အမင်းအသုံးချနေလို့ ဖြစ်နိုင်ပါတယ်။

သင့်ဖုန်း Malware အကိုက်မခံရအောင်ပြုလုပ်သင့်တဲ့အချက်များ။

Antivirus ကောင်းကောင်းတစ်ခုကို အသုံးပြုပါ။Free Antivirus တွေ တော်တော်များများရှိပါတယ်။ Paid Antivirus တွေ လည်းရှိပြီး Cracked လုပ်ထားတာတွေကို ရှာသုံးနိုင်ပါတယ်။ဒါကတော့ “Do It As Your Own Risk” ပါ။Free Antivirus တွေ ထဲက Avast , AVG , Kaspersky , Bitdefender  စတာတွေကို သုံးနိုင်ပါတယ်။

Google Play Store ကနေသာ Apps  တွေ အင်စတောလုပ်ပါ။ ဘာလို့ လည်းဆိုတော့ Google Play Store က App တစ်ခုကို Malware အဖြစ်သိသွားတာနဲ့  အဲဒီ App ကို အင်စတောလုပ်ထားတဲ့ ဖုန်းတွေ အားလုံးကနေ Uninstall လုပ်ပေးနိုင်တဲ့စွမ်းရည်ရှိ လို့ ပါ။Google Play Store က Apps တွေကိုပဲ   အသုံးပြုချင်တယ်ဆိုရင်  သင့်ဖုန်းမှာ Google Play Store က Apps တွေကို ပဲအင်စတောလုပ်လို့ ရအောင်ပြုလုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့  Settings>Security ကိုသွားပြီး “Unknown Sources” ဆိုတဲ့ Check Box ကအမှန်ခြစ်ကို ဖြုတ်ပေးထားပါ။

Google Play Store ကနေ Apps တွေ အင်စတောမလုပ်ခင် Review တွေ အရင်ဖတ်ပါ။တစ်ချို့ Review တွေ မှာ Malware လို့ ဖော်ပြတတ်ပါတယ်။အဲလို Apps တွေကို အင်စတောမလုပ်သင့်ပါ။

Malware ကူးစက်မှုနှုန်းအများဆုံးက Cracked Application တွေအသုံးပြုခြင်းကြောင့်ဖြစ်ပါတယ်။ Cracked Apps တွေကို အသုံးမပြုဖို့ အကြံပေးပါတယ်။ အရမ်းသုံးချင်တဲ့ App မှသာ Cracked Version ကို သုံးသင့်ပါတယ်။ဒါကလည်း “ Do It As Your Own Risk” ပေါ့။

Google Play Store က Apps တွေကို Download လုပ်ဖို့ နည်းများ။

Google Play Store က မြန်မာပြည်ကို ဖွင့်ပေးလိုက်ပြီဖြစ်ပေမယ့် တစ်ချို့  App Developer တွေက မြန်မာပြည်ကိုပိတ်ထားဆဲဖြစ်တဲ့အတွက် တစ်ချို့  App တွေကို အင်စတောလုပ်လို့ မရဘဲ Incompatible ဆိုပြီးပြတတ်ပါတယ်။ ဒါဟာ သင့်ဖုန်း နဲ့  တကယ် Incompatible ဖြစ်လို့ ဒါမှမဟုတ် Developer တွေက မြန်မာပြည်ကိုပိတ်ထားလို့ ဖြစ်နိုင်ပါတယ်။ Incompatible လို့ ပြတိုင်း သင့် ဖုန်းမှာအင်စတောလုပ်မရတာမဟုတ်ပါဘူး။အင်စတောလုပ်ကြည့်မှသိနိုင်မှာပါ။ဒီလို အခြေအနေမျိုးတွေမှာ Hola Accelerator & Unblocker လို ကျော်ခွတဲ့ App တွေ သုံးပြီးအင်စတောလုပ်နိုင်ပါတယ်။PC ကနေဒေါင်းချင်တဲ့သူတွေ အတွက် Real APK Leecher , APK Downloader လို Tool တွေသုံးနိုင်ပါတယ်။ Incompatible ဖြစ်တဲ့ App တွေကိုသုံးဖို့  နည်းလမ်းများ  ကိုလည်းရေးပေးထားပါတယ်။

 

0 comments:

Post a Comment