Sunday, December 2, 2012

Widgets

Attach 10 GB File To Gmail With Google Drive Integration[Updates]

1

အခုဆိုရင် gmail မှာ google drive integration ပါရှိလာပြီး 10 gb အထိရှိတဲ့ဖိုင်တွေကို gmail attachment နဲ့ ပေးပို့ နိုင်ပါပြီ။Gmail ကနေ ဖိုင်ဆိုက်ကြီးကြီး ပို့ ချင်တဲ့သူတွေအတွက် အဆင်ပြေလာပါပြီ။အဲဒီ feature အသစ်ကို အသုံးပြုနိုင်ဖို့ သင့် google drive ဆီကို သင်ပေးပို့ ချင်တဲ့ဖိုင်ကို upload လုပ်ထားရပါမယ်။Upload ဖိုင်ကို share လုပ်ပြီး sharing setting မှာ public လုပ်ထားဖို့ တော့လိုပါတယ်။ပြီးမှ gmail ရဲ့   new compose experience ဆိုတဲ့ feature အသစ်ကိုသုံးပြီးပေးပို့ ရမှာပါ။Google drive က သင့်ဖိုင်တွေ အားလုံးကို gmail attachment အနေနဲ့ ပေးပို့ နိုင်တယ်ဆိုတဲ့သဘောလည်းသက်ရောက်ပါတယ်။

Gmail ရဲ့  new compose experience ကို သုံးဖို့ အတွက် သင့် gmail ရဲ့  compose ကိုနှိပ်ရင် new compose experience ဆိုတဲ့ လင့် အသစ်ကို တွေ့ ရမှာပါ။အဲဒီလင့်ကို နှိပ်လိုက်ရင် အောက်ပုံမှာလို မြင်တွေ့ ရမှာပါ။Attachment ပုံရဲ့ ညာဘက်ဘေး က + ပုံပေါ်ကို mouse cursor တင်ကြည့်ရင် google drive ပုံကိုတွေ့ ရပြီး အဲဒါကို နှိပ်ပြီး google drive ကဖိုင်တွေကို gmail attachment အနေနဲ့ ပေးပို့ နိုင်ပါပြီ။

2

New compose experience ကနေ အရင် old compose ကိုပြန်ပြောင်းချင်ရင်တော့ အမှိုက်ပုံးညာဘက်ဘေးက drop down arrowကိုနှိပ်ပြီး switch back to old compose ကိုနှိပ်ပြီး အရင် interface ကို ပြန်ပြောင်းနိုင်ပါတယ်။

0 comments:

Post a Comment