Sunday, December 2, 2012

Widgets

Sync Firefox Bookmarks Across Computers

1

Firefox user တွေအနေနဲ့  သင့်ကွန်ပြူတာက bookmarks တွေကို တစ်ခြားကွန်ပြူတာတွေမှာ အသုံးပြုချင်ရင် လွယ်လွယ်ကူကူ ပဲ sync လုပ်နိုင်ပါတယ်။Bookmarks တွေတင်မကဘဲ add on , preference,tabs,passwords,history တွေကိုပါ sync လုပ်နိုင်ပါတယ်။အဲဒီအတွက် သင်ဘယ်နေရာရာရောက်ရောက်သင့်ကွန်ပြူတာက firefox browser ကို တစ်ခြားကွန်ပြူတာမှာအသုံးပြုနိုင်ပါတယ်။ပထမဆုံးသင့်ကွန်ပြူမှာ အရင်ဆုံး sync setup လုပ်ရပါမယ်။

Settingup Firefox Sync

သင့်ကွန်ပြူတာက firefox browser ရဲ့  option ထဲက sync tab မှာ set up firefox sync ကိုနှိပ်ပါ။

2

နောက်တစ်ဆင့်မှာ create a new account လုပ်ပြီးအကောင့်တစ်ခု ပြုလုပ်ရပါမယ်။

3

နောက်တစ်ဆင့်မှာ email , password တွေ ထည့်ပေးပြီး agree လုပ်ပြီး captcha code တွေထည့်ပေးပြီး sync option ကိုနှိပ်ပါ။

4

ဒီအဆင့်မှာသင် ကြိုက်နှစ်သက်ရာ sync လုပ်မယ့် အရာတွေ ရွေးချယ်ပေးပြီး ရင် အကောင့်လုပ်တဲ့ ၀င်းဒိုး ကို ပြန်သွားပြီး next နှိပ်ပါ။

5

နောက်ဆင့်မှာတော့ သင့် bookmarks တွေကို firefox sync server ကိုပို့ ပေးပြီး အနည်းငယ်အကြာ ပြီးဆုံးပါပြီ ဆိုတဲ့ message ရပါမယ်။ပြီးရင် option ရဲ့  sync tab ကိုပြန်သွားပြီး manage account ကိုနှိပ်ပြီး my recovery key ကိုနှိပ်ပါ။

vlcsnap-00001

Recovery key ကို save လုပ်ပါ။Html ဖိုင်အနေနဲ့ သိမ်းပေးမှာဖြစ်ပြီးအဲဒီဖိုင်ကို သင့် online storage site တစ်ခုမှာသိမ်းထားပါ။သင်တစ်ခြား ကွန်ပြူတာတွေနဲ့ သင့်ကွန်ပြူတာ က firefox browser ကို sync လုပ်ရင် အဲဒီ key လိုပါမယ်။ဒါဆိုရင်တော့ သင့်ကွန်ပြူတာမှာ sync setup လုပ်တာပြီးဆုံးပါပြီ။

vlcsnap-00002

Sync Firefox Across Other Computers

သင် တစ်ခြားကွန်ပြူတာ  မှာ သင့် ကွန်ပြူတာက firefox browser နဲ့  sync လုပ်ဖို့ အတွက် option ထဲက sync tab အောက်မှာ set up firefox sync ကိုနှိပ်ပါ။နောက်တစ်ဆင့်မှာတော့ I have an account ကိုနှိပ်ပါ။နောက်ဝင်းဒိုး တစ်ခုပေါ်လာပြီး sync option မှာ ရွေးချယ်နိုင်ပါသေးတယ်။ပြီးရင်တော့ I don’t have the device with me ကိုနှိပ်ပါ။

6

အကောင့် email,password,recovery key ထည့် ပေးပြီး next နှိပ်ပါ။

7

Account and recovery key တွေကို verify လုပ်ပြီးရင်တော့ setup လုပ်တာပြီးဆုံးပါပြီ။Sync လုပ်ဖို့ အတွက် firefox drop down menu ကိုနှိပ်ပြီး sync now ကိုနှိပ်ပါ။

vlcsnap-00003

Google Chrome User တွေအတွက် Sync Your Google Chrome Bookmarks With Computers And Android Devices ဆိုတဲ့ ဆောင်းပါးကို ဖတ်ပါ။

0 comments:

Post a Comment