Monday, May 27, 2013

Widgets

Multiple Bootable Operating Systems တွေကို USB Stick တစ်ခုထဲမှာ အင်စတောလုပ်မယ်

1

USB Stick ကနေ windows အင်စတောလုပ်နည်း  ကို ရေးပေးဖူးပါတယ်။အဲဒီလို လုပ်ဖို့ အတွက် microsoft ရဲ့ windows 7 usb/dvd download  tool ကို အသုံးပြုပါတယ်။Windows 7 usb/dvd download tool က operating system တစ်ခု တည်းကို ပဲ usb stick မှာ အင်စတောလုပ်ပေးနိုင်ပါတယ်။Operating systems အများအပြားကို usb stick မှာ အင်စတောလုပ်ချင်ရင်တော့ အောက် မှာ ဆက်ဖတ်ပါ။USB stick ကနေ windows os ဒါမှမဟုတ်တစ်ခြား os တွေကို အင်စတောလုပ်ဖို့  iso ဖိုင်ကို အသုံးပြုရပါတယ်။ISO ဖိုင်ဆို တာ disk image file အမျိုးအစားတစ်ခု ဖြစ်ပါတယ်။အင်တာနက်ကနေ windows os တွေ ဒေါင်းလုပ်ရရှိရင် iso ဖိုင်အနေနဲ့ ရရှိပါတယ်။တကယ်လို့ သင်ဟာ ဆိုင်က windows os အခွေကို ၀ယ်ယူထားတယ်ဆိုရင် PowerISO လို မျိုး ဆော့ဝဲသုံးပြီး ၀င်းဒိုး အခွေကနေ iso ဖိုင် ပြုလုပ်နိုင်ပါတယ်။

Windows os တစ်ခု ကို usb stick မှာ အင်စတောလုပ်ဖို့  usb ရဲ့  storage ဟာ 4 gb လောက်နေရာရှိရပါမယ်။Windows os အများအပြားကို  usb stick မှာ အင်စတောလုပ်ဖို့  usb stick ရဲ့  storage က လုံလောက်တဲ့ အနေအထားမှာ ရှိရပါမယ်။ကျွန်တော့်မှာ 4gb ပဲဆန့် တဲ့ usb stick ပဲရှိတဲ့အတွက်   ဒီဆောင်းပါးမှာတော့ windows os တွေကို အင်စတောမလုပ်ဘဲ kaspersky rescue disk iso, bitdefender rescue cd iso စတာတွေကို သုံးပြီးစမ်းသပ်ပါတယ်။ဆိုလို ချင်တာက windows os iso တွေ တစ်ခြား os iso တွေကို သုံးနိုင်ပါတယ်။

MultiBootUSB

Portable freeware တစ်ခု ဖြစ်ပါတယ်။Application ကို run ပြီးရင် Step 1 မှာ usb stick ကို ရွေးပေးပါ။Step 2 မှာတော့ iso ဖိုင်ကို ရွေးပေးပါ။ပြီးရင် Create ကို နှိပ်ပါ။

ashampoo 03

ပြီးရင်တော့ အချိန်အနည်းငယ်စောင့်ပါ။

ashampoo 04

ပြီးသွားရင် တော့ အပေါ်ကအဆင့်အတိုင်းပဲနောက်ထပ် os တစ်ခု usb stick မှာ အင်စတောလုပ်ပါ။USB stick နဲ့ ဆန့် သလောက် os တွေ အင်စတောလုပ်နိုင်ပါတယ်။အားလုံးပြီးသွားရင် QEMU ကို နှိပ်ပါ။QEMU က machine emulator and virtualizer ဖြစ်ပြီး သင့် usb stick မှာ အင်စတာလုပ်ထားတဲ့ os တွေ တကယ်အလုပ် လုပ်မလုပ်စမ်းသပ်နိုင်ပါတယ်။Usb stick ကို စမ်းသပ်ဖို့  အတွက် Boot USB ကို နှိပ်ပါ။ကျွန်တော့်စမ်းသပ်ချက်မှာတော့ ဒီ feature ကကောင်းကောင်းအလုပ်မလုပ်ပါဘူး။အဲဒီအတွက် windows ကို restart ချပြီး boot menu မှာ usb stick ကနေ boot တက်ပြီးစမ်းသပ်ကြည့်တော့အဆင်ပြေတာတွေ့ ရပါတယ်။

ashampoo 01

YUMI – Multiboot USB Creator

နောက် tool တစ်ခု ကတော့ YUMI – Multiboot USB Creator ဆို တဲ့ freeware ပါ။Step 1 မှာ usb stick ကို ရွေးပေးပါ။Step 2 မှာ windows ကို အင်စတောလုပ်ရင် Windows Vista/7/8 Installer ဒါမှမဟုတ် Windows XP ကို အင်စတောလုပ်ရင် Windows XP Installer ကို ရွေးပါ။ပြီးရင် iso ဖိုင်ကို ရွေးပေးပြီး Create ကိုနှိပ်ပါ။

ashampoo 05

အချိန်အနည်းငယ်စောင့်ပါ။

ashampoo 07

OS တစ်ခု အင်စတောလုပ်ပြီးရင် နောက် os တစ်ခု အင်စတောလုပ်ဖို့ အပေါ်ကနည်းအတိုင်းလုပ်ပါ။YUMI မှာတော့ QEMU (machine emulator and virtualizer ) မပါရှိတဲ့အတွက် ၀င်းဒိုးကို restart ချပြီး usb ကနေ boot တက်ပြီး အလုပ် လုပ်မလုပ်စမ်းသပ်နိုင်ပါတယ်။အိုကေတယ်ဆိုရင်တော့ သင့် USB stick ကနေ windows os အများအပြားကို အင်စတောလုပ်နိုင်ပါပြီ။

8 comments:

  1. how i got it in openSUSE, plz mail me

    ReplyDelete
    Replies
    1. ဒီလင့်မှာလေ့လာကြည့်ပါ။ http://www.pendrivelinux.com/usb-suse-flash-drive-install/

      Delete
  2. ကိုသူရ....
    ကျနော့် မှာ Mac OS 10.7.3 ISO file နှင့် 7GB ကျော်ကျော်ရှိပါတယ်... ၄င်းကို ကျနော့် PC မှာ USB နှင့်တင်ချင်ပါတယ်...ဘယ်လိုလုပ်ရမလဲ...လမ်းညွှန်ပေးပါခင်ဗျား...

    ReplyDelete
    Replies
    1. ကျွန်တော့် ညီငယ် အောင်ကျော် ဆိုက်မှာရေးပြီးသားရှိပါတယ်။ဒါပေမယ့် cd/dvd နဲ့ တင်နည်းပါ။ http://www.aungkyaw.net/2013/07/apple-mac-os-pc.html

      Delete
  3. ကျေးဇူး..အကိုရာ...ဒါပေမယ့် ကျနော် ကိုအာကာဖြိုးဆိုဒ်ကနေ ဖော်ပြထားတဲ့အတိုင်း လုပ်ကြည့်တာ အဆင်မပြေလို့ပါ....ကိုအောင်ကျော်ဆိုဒ်ကဟာနှင့် အတူတူပဲဗျာ...

    ReplyDelete
  4. External Hard Disk ထဲ သွင်းလို့ ရတာလေး လိုချင်တယ်....:)

    ReplyDelete
    Replies
    1. portable ဖြစ်တာကိုပြောတာဆိုရင်တော့ ဒီ ၂ မျိုးလုံးက portable ပါ။

      Delete
  5. USB 2.0 ကနေ 3.0 ပြောင်းရရင်ကောင်းမယ်နော် အကို

    ReplyDelete