Friday, July 5, 2013

Widgets

Safe Mode ကို အသုံးပြုပြီးသင့်ကွန်ပြူတာပြဿနာ ကို ဖြေရှင်းခြင်း

ashampoo 03

Windows’ safe mode က ၀င်းဒိုး ရဲ့  essential tool တစ်ခု ပါ။ software problems , malware, drivers , blue screen တွေကြောင့်ဖြစ်စေ သင့်ကွန်ပြူတာ ကောင်းကောင်းအလုပ်မလုပ်တော့ရင် safe mode ကနေ ဖြေရှင်းနိုင်ပါတယ်။Safe mode ကို ၀င်ရောက်ရင် သင့်ကွန်ပြူတာကို limited state အနေအထားနဲ့ run ပေးမှာဖြစ်ပြီး လိုအပ်တဲ့ driver , files တွေကို ပဲ run ပေးမှာပါ။ third-party startup programs ကို disable လုပ်ထားပေးမှာဖြစ်ပါတယ်။အဲဒီအတွက် သင့်ကွန်ပြူတာပြဿနာ ကို troubleshoot လုပ်နိုင်မှာပါ။

Booting Into Safe Mode

သင့်ကွန်ပြူတာ က boot တက်လို့ မရတော့ရင် ၀င်းဒိုး ကအလို လို  safe mode ကနေ boot တက်ဖို့ ကြိုးစားပါလိမ့်မယ်။ Safe mode ကို အလို လို boot မတက်ရင် manual လုပ်နိုင်ပါတယ်။

Windows 7 and earlier

Windows 7 နဲ့  သူ့ အရင်က ၀င်းဒိုးတွေ မှာ  F8 ကီးကို နှိပ်ပြီး safe mode ကို ၀င်ရောက်နိုင်ပါတယ်။

Windows 8

Windows 8 မှာတော့ Shift + F8 ကီး ကို နှိပ်ရမှာပါ။အဲလို မှမရရင် advanced startup options ကနေ၀င်ရမှာပါ။

Fixing Your PC in Safe Mode

Safe mode ကနေ အောက်ပါ maintenance tasks တွေကို ပြုလုပ်နိုင်ပါတယ်။

See Whether a Crash Occurs

Safe mode ကို ၀င်ပြီးလို့  သင့်ကွန်ပြူတာပြဿနာ မဖြစ်တော့ဘူးဆိုရင် မကြာခင်ကအင်စတောလုပ်ထားတဲ့ softwares, drivers တွေကြောင့်ဖြစ်နိုင်ပါတယ်။ Safe Mode ကို ၀င်ပြီးလို့  သင့်ကွန်ပြူတာပြဿနာဖြစ်နေသေးတယ်ဆိုရင်တော့ hardware problem ကြောင့်ဖြစ်နိုင်ပါတယ် လို့ အကြမ်းဖျဉ်းသတ်မှတ်လို့ ရပါတယ်။

Uninstall Recently Installed Softwares & Drivers

မကြာသေးခင်ကသွင်းထားတဲ့ softwares , hardware drivers  or softwares သွင်းရင်းနဲ့ တစ်ပါတည်းသွင်းရတဲ့   driver တွေ ကို uninstall လုပ်ပါ။ Hardware drivers တွေကို device manager ကနေ uninstall လုပ်ပါ။ပြီးရင် normal mode ကနေ သင့်ကွန်ပြူတာကို ပြန်စမ်းကြည့်ပါ။

Run System Restore

သင့်ကွန်ပြူတာ အလုပ်ကောင်းကောင်းလုပ်နေတဲ့ အခြေအနေက system restore point တစ်ခု ကို အသုံးပြုပြီး System Restore ပြုလုပ်ပါ။ (တစ်ခါတစ်လေ Normal mode ကနေ system restore လုပ်မရတဲ့ အခြေအနေမျိုးမှာလည်း safe mode ကနေ ပြုလုပ်လို့ ရပါတယ်။)

Scan for Malware

Antivirus တွေသုံးပြီး သင့်ကွန်ပြူတာက malware, virus တွေကို သတ်ပါ။

 

1 comments:

  1. ကျနော်လည်း အဲဒီပြသနာဖြစ်နေတာ ..ဆရာရေးထားတဲပအတိုင်း စမ်းလုပ်ကြည့်မယ် ဗျာ.. ကျေးဇူးတင်ပါတယ်.. ကိုသူရ

    ReplyDelete