Video တွေက သင်နှစ်သက်တဲ့ ဇာတ်ဝင်ခန်း ကို GIF ဖိုင်ပြောင်းပေးနိုင်တဲ့ open source application တစ်ခု ဖြစ်တဲ့ QGifer ပါ။ QGifer က video to gif ပြောင်းပေးနိုင်ရုံတင်မက image , text တွေကို ပါထည့်သွင်းပေးနိုင်ပါတယ်။Color ကိုလည်းချိန်ညှိနိုင်ပါတယ်။ QGifer ကို Windows XP, Windows Vista, Windows 7 and Windows 8 မှာသုံးနိုင်ပါတယ်။
ဒီဆောင်းပါးမှာတော့ ဟာသ ကာားတစ်ကား ထဲက ဇာတ်ဝင်ခန်းတစ်ခု ကို GIF image ပြုလုပ်ထားပါတယ်။QGifer ကို အင်စတောလုပ်ပြီးရင် video ကို ဖွင့်ပါ။ slider ကို သုံးပြီး start point , end point ကို သတ်မှတ်နိုင်သလို အောက်က start point, end point သတ်မှတ်ပေးတဲ့ slider ကို လည်းသုံးနိုင်ပါတယ်။Output properties မှာ width, height တွေ ချိန်ညှိလို့ ရပါတယ်။
Preview properties မှာ zoom ကို ချိန်ညှိနိုင်ပြီး Margins တွေ ထည့် သွင်းဖို့ ပြုလုပ်နိုင်သလို Filters မှာလည်း hue, saturation and brightness တွေကို ချိန်ညှိနိုင်ပါတယ်။
Toolbar မှာ image, text တွေ ထည့်သွင်းဖို့  tool တွေ လည်းပါရှိပါတယ်။
ပြီးရင်တော့ Extract GIF ကို နှိပ်ပါ။ rendering frames လုပ်ပြီးရင် save button ကိုနှိပ်ပြီး သိမ်းနိုင်ပါတယ်။
QGifer လို မျိုး application တစ်ခု ဖြစ်တဲ့ movie to animated gif converter အကြောင်းရေးပေးဖူးပါတယ်။QGifer က အသုံးပြုရတာပိုလွယ်ကူသလို image,text တွေ ထည့်သွင်းနိုင်တဲ့အပြင် color တွေကိုပါချိန်ညှိနိုင်လို့  ပို ကြိုက်ပါတယ်။Webcam ကနေ gif image တွေ ပြုလုပ်ဖို့ အတွက်တော့ PsykoGIF ဆိုတဲ့ web application ကို သုံးပါ။
Download QGifer @ sourceforge.net/projects/qgifer/?source=dlp
0 comments:
Post a Comment