Windows 8 မှာ recovery drive (usb) or recovery disc ပြုလုပ်နည်းပါ။Recovery disc ကတော့ windows 7 မှာတည်းကပြုလုပ်နိုင်ပါတယ်။Recovery drive ကတော့ windows 8 မှာမှစပါရှိလာတာပါ။recovery drive or recovery disc က သင့် ၀င်းဒိုး boot မတက်တော့ တဲ့ အချိန်မှာ refresh and reset , system restore , safe mode ,system image recovery စတဲ့ troubleshoot လုပ်နိုင်တဲ့ tools တွေကို အသုံးပြုနိုင်မှာပါ။သင့်မှာ windows 8 cd/dvd မရှိရင်တော့ recovery drive or recovery disc တစ်ခု ပြုလုပ်ထားသင့်ပါတယ်။Windows 8 cd/dvd ရှိရင်တော့ recovery drive or recovery disc ပြုလုပ်စရာမလို ပါဘူး။
Creating a Recovery Drive (USB)
Windows setting က search box မှာ recovery drive လို့ ရိုက်ပါ။ Create a recovery drive ကိုနှိပ်ပါ။
Windows 8 အင်စတောလုပ်ပြီးသား ကွန်ပြူတာကို ၀ယ်ထားတာဆိုရင် သင့် ကွန်ပြူတာမှာ recovery partition ပါရှိတတ်ပါတယ်။ အဲဒီ partition ကို ပါ recovery drive ကို ကူးနိုင်ပါတယ်။
Usb drive ကိုရွေးပေးပါ။
Creating a System Repair Disc (CD/DVD)
Recovery disc ပြုလုပ်ဖို့  search box မှာ recdisc လို့ ရိုက်ပြီး recdisc.exe ကို run ပါ။
နောက်အဆင့်မှာ cd/dvd drive ကို ရွေးပေးပြီး Create disc ကိုနှိပ်ပါ။
Using a Recovery Drive or System Repair Disc
Windows boot မတက်တော့တဲ့အချိန် မှာ windows 8 က အလို လို advanced startup options ကို ၀င်ဖို့ ကြိုးစားပါလိမ့်မယ်။Advanced startup options ကနေ အပေါ်မှာပြောခဲ့တဲ့ refresh and reset , system restore , safe mode ,system image recovery စတဲ့ troubleshoot လုပ်နိုင်တဲ့ tools တွေကို အသုံးပြုနိုင်မှာပါ။ တကယ်လို့  ၀င်းဒိုးက advanced startup options ကို မ၀င်နိုင်တော့မှသာ အပေါ်မှာပြုလုပ်ထားတဲ့ recovery drive or recovery disc ကို သုံးရမှာပါ။ Recovery drive or recovery disc ကနေ boot တက်ပါ။အဲဒီမှာ refresh and reset လုပ်နိုင်ပါတယ်။
Advanced options ထဲဝင်ပြီး system restore , command prompt,system image recovery , automatic repair စတဲ့ tools တွေကို သုံးနိုင်ပါတယ်။
0 comments:
Post a Comment