Thursday, July 4, 2013

Widgets

MouseController : Mouseေ၇ွ့ လျားမှုကို Record & Repeat လုပ်ပေးနိုင်ပါတယ်။

ashampoo 01

Mouse ကို click နှိပ်ရတဲ့ repetitive အလုပ်တွေ ပြုလုပ်ရတဲ့ အခါမှာ MouseController က အသုံးဝင်ပါတယ်။Online မှာ အကြိမ်အကန့် အသတ်မရှိ Vote ပေးနိုင်တဲ့ ပြိုင်ပွဲတွေ မှာဆိုလည်း ဒီ freeware ကအသုံးဝင်ပါတယ်။ဒါ့အပြင် MouseController က portable ဖြစ်ပြီး အင်စတောလုပ်စရာမလို ဘဲ သုံးနိုင်ပါတယ်။Windows XP, Windows Vista, Windows 7 and Windows 8 မှာသုံးနိုင်ပါတယ်။

MouseController ကို run ပြီးရင် record လုပ်ဖို့ ကီး နဲ့  start playback လုပ်ဖို့ ကီးကို သတ်မှတ်နိုင်ပါတယ်။Repeat every မှာ အချိန်သတ်မှတ်ပေးပြီး playback ကို loop လုပ်ခိုင်းနိုင်ပါတယ်။Delay မှာ အချိန်သတ်မှတ်ပေးပြီး playback ကို start မလုပ်ခင်မှာ အချိန် စောင့်ခိုင်းထားနိုင်ပါသေးတယ်။MouseController ကို အသုံးပြုဖို့ အရင်ဆုံး record လုပ်ရပါမယ်။record လုပ်ဖို့ သတ်မှတ်ထားတဲ့ကီးကို နှိပ်ပါ။ပြီးရင် mouse ကို ရွေ့ လျား ပြီး သင်အလို အလျောက်ပြုလုပ်စေချင်တဲ့ action ကို လုပ်ဆောင်ပါ။record လုပ်တာကို ရပ်ဖို့  record လုပ်တဲ့ ကီးကို ပဲပြန်နှိပ်ပါ။ record လုပ်ထားတဲ့  Mouse action ကို အလို အလျောက်ခိုင်းစေဖို့ အတွက် start playback ကီးကို နှိပ်ပါ။Repeat မှာ အချိန်သတ်မှတ်ထားရင် သတ်မှတ်ထားတဲ့ အချိန်အတိုင်း mouse action တွေကို အလို လို လုပ်ဆောင်ပေးနေမှာပါ။

ashampoo 02

Time strretch ကို နှိပ်ပြီး mouse cursor ရဲ့  speed ကို သတ်မှတ်နိုင်ပါတယ်။

ashampoo 03

Record လုပ်ထားတာကိုလည်း save လုပ်ပြီးသိမ်းနိုင်ပါတယ်။

ashampoo 04

Download MouseController @ sourceforge.net/projects/mousecontroller/?source=dlp

0 comments:

Post a Comment