Wednesday, November 11, 2015

Android Phone များတွင် Pattern Lock ဖတ်နည်း




ဒီသင်ခန်းစာမှာ Android Phone များရဲ့ Pattern Lock ဘယ်လိုထည့်ထားလဲဆိုတာ ဖတ်တဲ့နည်းကိုပြပေးမှာဖြစ်ပါတယ်။ ဖုန်းတစ်လုံးရဲ့ Pattern Lock ကိုဖျက်တာမဟုတ်ဘဲ 
ဘယ်လိုဆွဲထားတာလဲဆိုတာ ဖတ်တဲ့နည်းကို ပြောတာပါ။ လက်တွေ့စမလုပ်သေးခင် ကျွန်တော်တို့ အခုလုပ်မယ့် လုပ်ငန်းစဉ်လေးကို အကြမ်းဖျင်း ရှင်းပြပါ့မယ်။ Android 
ဖုန်းတစ်လုံးမှာ အသုံးပြုသူက Pattern Lock ခတ်လိုက်ပြီဆိုတာနဲ့ ဖုန်းရဲ့ data ထဲက system အောက်မှာ gesture.key ဆိုပြီး key file တစ်ခုတည်ဆောက်ပြီး သိမ်းပါတယ်။ 
အသုံးပြုသူက Pattern Lock ဖွင့်ပြီဆိုတာနဲ့ gesture.key ထဲက Code နဲ့တိုက်စစ်ပါတယ်။ မှန်ရင်ပွင့်ပါတယ် ။ တကယ်လို့ ကျွန်တော်တို့က ၄င်း gesture.key 
ကိုဖျက်လိုက်တယ်ဆိုရင် တိုက်စစ်စရာမရှိတော့တဲ့အတွက် ဘယ်လိုဆွဲဆွဲ ပွင့်ပါတယ်။ ဒါက Pattern Lock ကိုဖျက်တာပါ။ ကျွန်တော်တို့က Pattern Lock ကိုဖျက်မှာမဟုတ်ဘဲ 
Pattern ဘယ်လိုခတ်ထားလဲဆိုတာကို သိအောင်လုပ်မှာဖြစ်တဲ့အတွက် gesture.key ကိုဖျက်ပစ်လို့မရပါဘူး။ gesture.key ဖိုင်ကိုဖတ်ရမှာပါ။ ဒီတော့ ပထမဆုံး gesture.key ကို 
ဖုန်းထဲကနေ Computer ထဲသို့ Copy ကူးယူရပါမယ်။ ပြီးမှ gesture.key ကိုဖတ်ရပါမယ်။ gesture.key ထဲမှာက Hexadecimal Code တွေဖြစ်လို့ Hexadecimal Code တွေကို Edit 
လုပ်လို့ရတဲ့ Editor တစ်ခုလိုပါတယ်။ ၄င်း Editor နဲ့ Hexadecimal Code တွေကိုဖတ်ပြီး ရလာတဲ့ Hexadecimal Code တွေကို ဘယ်လိုထည့်ထားလဲဆိုတာသိဖို့ Library နဲ့ 
တိုက်စစ်ရပါတယ်။ဒီတော့မှ Pattern lock ဘယ်လိုဆွဲထားတယ်ဆိုတာကိုသိမှာဖြစ်ပါတယ်။ဒါဆိုရင်စလုပ်ကြရအောင် -
ဒီသင်ခန်းစာကိုလိုက်လုပ်ဖို့ လိုအပ်တဲ့ Software တွေနဲ့ Download လင့်တွေကိုအောက်မှာပေးထားပါတယ်။ မရှိသေးပါက Download ဆွဲပါ။ HxD Editor နဲ့ SqliteBrowser ကို 
install လုပ်ပါ။
1. ADB Folder
2. HxD Editor
http://d-h.st/3Q8
3. GestureRainbowTable.db
GestureRainbowTable.db 126.56 MB 
http://d-h.st/Vz9q
4. SqliteBrowser
http://sqlitebrowser.org/
ပထမဆုံး ဖုန်းထဲက gesture.key file ကိုဆွဲထုတ်ပါမယ်။ ဖုန်းကို Computer နှင့်ချိတ်ပါ။ ဖုန်းမှာ Root Access ရှိရပါမယ်။ USB Debugging ကို On ထားရပါမယ်။ ADB Folder ထဲမှာ 
CMD Box ခေါ်ပါ။ CMD Box ထဲတွင် -

adb devices

လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Device ချိတ်ဆက်မှူ အောင်မြင်ပါက serail no တစ်ခုနဲ့ device လို့ ပေါ်လာပါလိမ့်မယ်။ပြီးနောက် အောက်က Command တွေဆက်ရိုက်သွားပါ။

adb shell

Android device ထဲကို ပြောင်းလိုက်တာပါ။ shell command ပေးလို့ရရန်ဖြစ်ပါတယ်။

su

Root ပြုလုပ်ထားတယ်ဆိုရင် Root User အဖြစ်ပြောင်းသွားမှာပါ။

dd if=/data/system/gesture.key of=/data/local/tmp/gesture.key

gesture.key file ကို data/local/tmp ထဲကို ကူးလိုက်တာပါ။

chmod 777 /data/local/tmp/gesture.key

data/local/tmp ထဲက gesture.key ကို permission change လိုက်တာဖြစ်ပါတယ်။

exit

Root User ကနေထွက်လိုက်တာပါ။

exit

Android Device ထဲကပြန်ထွက်လိုက်တာပါ။

adb pull /data/local/tmp/gesture.key

data/local/tmp ထဲက gesture.key ကို ADB Folder ထဲဆွဲထုတ်လိုက်တာပါ။
ဒါတွေအားလုံးပြီးသွားပြီဆိုရင်တော့ သင့်ဖုန်းထဲက gesture.key file က ADB Folder ထဲရောက်နေပြီဖြစ်ပါတယ်။

gesture.key ကိုရပြီဆိုရင်တော့ HxD Editor ကိုဖွင့်ပါ။ File > Open ကိုနှိပ်၊ gesture.key ကိုရှာပြီးဖွင့်ပေးပါ။
အောက်မှာပြထားတဲ့ပုံအတိုင်းပေါ်လာရင်တော့ Hexadecimal Code တွေကို Copy ကူးပြီး Notepad ထဲမှာသိမ်းပေးပါ။ space မခြားထားပါနဲ့။
ပြီးရင်တော့ SqliteBrowser ကိုဖွင့်ပါ။ Open Database ကိုနှိပ်ပြီး GestureRainbowTable.db ကိုရွေးပြီးဖွင့်ပေးပါ။ပြီးနောက် BrowseData Tab ကိုတချက်နှိပ်ပါ။ filter ထဲတွင် ခုန 
gesture.key ထဲက Hexadecimal code ကိုထည့်ပေးပါ။ ဒါဆိုရင်တော့ pattern အောက်က box ထဲမှာ ဆွဲရမယ့် pattern ကိုနံပါတ်နဲ့ပြပေးမှာဖြစ်ပါတယ်။ နံပါတ်ကိုကြည့်ပြီး Pattern 
ဘယ်လိုဆွဲရလဲဆိုတာအောက်ကပုံမှာပြထားပေးပါတယ်။

Credit to - Sir.Sithu Paing
https://www.facebook.com/MobileTechnologyCity/posts/800617543380114
အဆင်ပြေပါစေ..

COC myanmar fount UI changer version2.1 for andriod


တစ်ချို့ Error လေးတွေနဲ့ ဘာသာပြန် ထပ်တိုးတာလေးတွေ ပြင်ပေးထားပါတယ်
Download link

အဆင်ပြေပါစေ..

Tuesday, November 10, 2015

iCloud Account အား Password မလိုပဲ Delete လုပ်နည်း။ ( Only for Jailbroken Device) ( Tested on iOS 9- 9.0.2 )






ကဲ iDevice Users တွေအတွက် Jailbreak ပြု လုပ်ထားသူတွေအတွက်နှစ်သက်စေမယ်ထင်ပါ တယ်။ Apple မှာ iCloud Account ကြောင့်စိတ် ညစ်ရနေသူတွေရှိကြမှာပါ။ ဆိုင်တွေမှာ Jailbreak လုပ်ပြီး iCloud မှာအခြားသူအ ကောင့်ဖြစ်နေတာတွေ။ မိမိအကောင့် password မေ့နေလို့ Delete လုပ်လို့
မရတာတွေအတွက် အဆင်ပြေကြမယ်ထင်မိပါတယ်။ ၁)မိမိ iDevice သည် Jailbroken ဖြစ်ရပါမည်။ ၂)Cydia မှ iFile Tweak ကိုအင်စတောလိုက်ပါ။ ၃)iFile ထဲဝင်ပြီးအောက်ပါလမ်းကြောင်းထဲသွား
 ပြီး Delete လုပ်ပါမည်။ iFile > var > mobile > Library > account ဖိုဒါထဲတွင်ရှိသောဖိုင် ၃ ခုကို Delete လုပ်ပါ။ ၄)iFile ထဲမှနောက်လမ်းကြောင်းတခုသို့ဝင်းပြီး delete ထပ်မံပြုလုပ်ပေးရန်လိုအပ်ပါ
သည်။ iFile > var > mobile > Library > configurationProfiles > ClirntTruth.plist ဆိုတာကို configurationProfile ဖိုဒါထဲဝင် ပါကတွေ့ရပြီး သူ့ကို delete လုပ်ပြီး iDevice ကို
reboot or power off / on ချပေးလိုက်ပါ။ iDevice ပြန်ပွင့်လာပါက setting > iCloud တွင်
 User Account မရှိတာကိုမြင်တွေ့ရမှာဖြစ် ပါတယ်။ Jailbroken Devices တွေအဆင်ပြေ ကြပါစေ။
 ( Non-Jailbroken Devices တွေ တော့မသိပါ) မှတ်ချက်။ ။ iCloud Account delete မလုပ်ခင်
 က setting > mail, calendar, contact ထဲတွင် ထည့်ထားသော mail များကို icloud account delete လုပ်ပြီးချိန်တွင် ပြန်ထည့်ပေးပြီးမိမိ mail account ထဲမှ contact, note အစရှိတာတွေကို ပြန်ဖွင့်ပေးရန်
လိုအပ်ပါသည်။
ref:iOS Knowledge Bank.MM
အဆင်ပြေပါစေ..

Monday, November 9, 2015

လီကွမ်းယု (နားဝင်မချိုတဲ့ အမှန်တရားများ) ဘာသာပြန်စာအုပ်ဖြစ်ပါတယ်...



Download - Download 1
Download - Download 2
Credit: စာအုပ်စာပေ လူ့မိတ်ဆွေ

အဆင်ပြေပါစေ..

"MMNearBy App (Beta Version) ကို အခမဲ့ ရယူနိုင်"



မိမိတည်နေရာပေါ်မူတည်၍ အနီးအနားရှိ အေတီအမ်စက်၊ ဆေးခန်း၊ ကဖေး၊ ရဲစခန်း၊ ဈေးဝယ်စင်တာစသည်တို့၏ နေရာကို မြေပုံပေါ်တွင် ရှာဖွေသကဲ့သို့ မိုဘိုင်းဖုန်းမှ ရှာဖွေနိုင်မည့် MMNearBy (မြန်မာ့အနီးအနား) မိုဘိုင်းဖုန်း လမ်းညွှန် Application ကို အခမဲ့ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။

"App ကတော့ မိုဘိုင်းဖုန်း လမ်းညွှန်ပုံစံ ပြည်တွင်းက Developer တွေနဲ့ ရေးထားတာပါ။ ဖုန်းကနေပဲ ကိုယ်သွားချင်တဲ့ နေရာတော်တော် များများကို မြေပုံပေါ်မှာ ကြည့်သလိုမျိုး ရှာဖွေနိုင်မှာပါ။ ဖုန်းရဲ့ Location-Based ကို အခြေခံ ဖန်တီးထားသည့် Appဖြစ်လို့ သုံးတဲ့အချိန်မှာ ဖုန်းမှာ အင်တာနက် ဖွင့်ထားမှရမှာပါ။ GPS စနစ်ထောက်ပံ့ ပါဝင်တဲ့ ဘယ်ဖုန်းမှာမဆို အသုံး ပြုနိုင်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ ကိုယ်ရှာချင်တဲ့နေရာတွေ မြန်မာလို ရှာဖွေနိုင်မှာဖြစ်ပါတယ်" ဟု Myanmar Digital မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

App ၏ ဖိုင်အရွယ်အစား 10.8MB ရှိမည်ဖြစ်ပြီး Android OS v4.0 နှင့်အထက် စမတ်ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုသည့်သုံးစွဲသူ ပမာဏပေါ် မူတည်၍ iOS version ၊ Windows Phone version ၊ Blackberry Version များကိုလည်း ထပ်မံ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ App အား အသုံးပြုလိုသူများ အနေဖြင့် http://www.mmnearby.com/app.apk တွင် ရယူနိုင်မည်ဖြစ်သည်။

http://www.internetjournal.media/news/4719
အဆင်ပြေပါစေ..

Sunday, November 1, 2015

အိမ်တွင်း ထိန်းသိမ်းရေး နည်းအသွယ်သွယ်


အိမ်တွေကို သေချာ ရှာဝယ်ရတာ ခက်သလို ထိန်းသိမ်းရန်လည်း ခက်ပါတယ်။ အထူးသဖြင့် ရန်ကုန်လို စည်ကားတဲ့ မြို့ကြီးမှာ အိမ် ကောင်းကောင်း ထိန်းသိမ်းနိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒီတော့ နည်းလမ်းလေးများ မျှဝေ ပါရစေ။ wikihow မှာလည်း ဖတ်နိုင်ပါတယ်။ 

၁။ ကြမ်းပြင်ပေါ်ကို စွန်းထင်းစေတက်တဲ့ အရည်တွေဖိတ်ကျသွားရင်
သတင်းစာနဲ့ အရင်အုပ်ထားပါ ပြီးမှာ ရေမြုပ်နဲ့ ဖြည်းဖြည်းစီ သုတ်ပေးပါ။