Thursday, February 13, 2014

Android Device များအတွက် Shwebook Japanese Dictionary

Android Device များအတွက် Shwebook Japanese Dictionary ဆိုသော

English To Japan

English To Myanmar

Japan To English

Japan To Myanmar

Myanmar To Japan

Myanmar To English ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်..။

ဂျပန်စာကိုလေ့လာနေတဲ့ သူတစ်ယောက်အတွက် အဆင်ပြေတဲ့ Dictionary တစ်ခုပါ ..။

လိုအပ်သူများ ဒေါင်းလော့ဆွဲပါရန် >>>Download

Go To Google Play >>> https://play.google.com/store/apps/details?id=com.shwebook.jp 

Myanmar Update News and Knowledge.apk

မြန်မာ့သတင်းနှင့် ဗဟုသုတ များ အချိန်နှင့်တပြေးညီ Online / Offline ဖတ်နိုင်မယ့် Apk

Android 2.2 အထက် ဖုန်းအားလုံးအသုံးပြုနိုင်ပါတယ် ၂.၈mb

Wednesday, February 12, 2014

မြန်မာ နိုင် ငံ ထွက် သမျှ ဂျာနယ် များ Download ရန် website

မြန်မာ နိုင် ငံ ထွက် သမျှ ဂျာနယ် များ Download ရန် website

>မိမိဖုန်းရဲ့တည်နေရာကိုပြန်ရှာဖွေပေးမဲ့ Avast Anti-Theft v3.0.6897 ( for Android )

မိမိဖုန်းရဲ့တည်နေရာကိုပြန်ရှာဖွေပေးမဲ့ Avast Anti-Theft v3.0.6897 ( for Android )

  
ကိုယ့်ဖုန်းခိုးသွားတဲ့ သူခိုးကို GPS ကနေတစ်ဆင့်
 ခြေရာခံတဲ့ apk ဖြစ်ပါတယ်.. အဝေးကနေ လှမ်းပြီး
ကိုယ့်ရဲ့ လျှို့ဝှက် အမိန့်ပေးစနစ်ကို SMS နဲ့ ပို့ပြီး
ခိုင်းနိုင်တယ်.. ဖုန်းကို Data Wipe လုပ်မရအောင်လည်း
အဝေးကလှမ်းပြီး SMS Message နဲ့ ပိတ်လို့ရတယ်ဆိုပဲ..
ကိုယ်တိုင်သာ ကလိကြည့်ကြပေတော့ဗျို့..
ကျွန်တော်တော့ မစမ်းရသေးပါဘူးနော်..
ဘာပဲဖြစ်ဖြစ်စမ်းကြည့်တာတော့မရှုံးမရှိဘူး
လို့ထင်ပါတယ်နော်. GPS စနစ်သုံးပြီး
 ပြန်ရှာရမှာဆိုတော့ အင်တာနက်လိုမှာပေါ့..
ဘာပဲဖြစ်ဖြစ် သူခိုး ကိုယ့်ဖုန်းကို သုံးမရအောင် Message နဲ့ပို့ပြီး
ပိတ်လို့ရတယ်ဆိုကတည်းက သုံးသင့်နေပြီ...




DOWNLOAD


LINK (2)
MMITHELPER

Monday, February 10, 2014

Shwe-Book English to Chinese / Malaysia / Thailand / Korean / Japanese Dictionaries


Shwe-Book Dictionary များ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီတစ်ခါ English to Myanmar အပြင် Dictionary အသစ်တွေထွက်လာပါပြီ။

အသစ်တွေကတော့ ဘာတွေလဲဆိုတော့

* English to Chinese

* English to Malaysia

* English to Thailand

* English to Korean

* English to Japanese

ဆိုတဲ့ Dictionary အသစ်တွေထက်ထွက်လာပါတယ်။

အသံပါထွက်ပေးတဲ့ အပြင် မြန်မာလိုပါ 

တစ်ခါတည်းတွဲပြီး ဖော်ပြပေးထားတာဆိုတော့ တော်တော်လေး အဆင်ပြေ

သွားတာပေါ့ ခင်ဗျာ။ :D


                






ကဲဗျာ ... လိုအပ်မယ်ဆိုရင်တော့ ယူလိုက်ပါ။


         

                          













..........::::: အဆင်ပြေပါစေ :::::..........
ref:http://24sevennn.blogspot.com/

Love ကီးဘုတ် Apk


V . Day အမှတ်တရ LOVE ကီးဘုတ်ဆိုတဲ့ အသဲဒီဇိုင်းလေးပါ ။ 

ကီးဘုတ်ဒီဇိုင်းကို Android အတွက် လူပြိုကြီး Han Zaw Oo မှ လုပ်ပေးလိုက်တာ ဖြစ်ပါတယ် :D 

ဒီကီးဘုတ်လေး ချစ်သူကိုပေးပြီး မျက်နှာမလုပ်ရဘူးနော်...... ငရဲကြီးမှာဆိုးလို့ :P

LOVE ကီးဘုတ်လေးကို လိုချင်သူများ အောက်မှာဒေါင်းယူပါ ဒေါင်းလော့လင့်အစုံနဲ့ တင်ပေးထားပါတယ် ။



LOVE Keyboard V1.1.3 ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 500 KB လေးပဲရှိပါတယ် ။

LOVE Keyboard V1.1.3 ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 500 KB လေးပဲရှိပါတယ် ။

LOVE Keyboard V1.1.3 ကို pCloud လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 500 KB လေးပဲရှိပါတယ် ။

LOVE Keyboard V1.1.3 ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 500 KB လေးပဲရှိပါတယ် ။

LOVE Keyboard V1.1.3 ကို Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 500 KB လေးပဲရှိပါတယ် ။

မှတ်ချက် ။  ။ Frozen keyboard အဟောင်းကို ဖြုတ်ထားပြီးမှ ဒါထည့်လို့ရပါမယ် :)

အဆင်မပြေမှုများ ရှိပါက မေးမြန်းလိုပါက ( သို့ ) ဒေါင်းလော့လင့်များ ဒေါင်းမရတော့ပဲ သေသွားခဲ့ပါက ။ MyanmarMobileForum(MMF) ဂရုမှာ လာရောက်မေးမြန်း တောင်းဆိုနိုင်ပါတယ် ။ မန်ဘာဝင်ထားကြဖို့လဲ ဖိတ်ခေါ်ပါတယ် :)
https://www.facebook.com/groups/mmmobileforum/

Design By : Han Zaw Oo 

Post By : DjjoeMan(MMF) 

ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်

ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်
+++++++++++++++++++++++++++++++++++++++

ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။
Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။
တရုတ်ပြည်က လာတဲ့ ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ သေချာ ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ ဈေးနှုန်းနိမ့် ဖုန်းများ၊ ကလုန်းများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါ သီသီ ရှိတော့ Apple က iPhone 6 စတင်မိတ် ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။
SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယို လှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာ ပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထား အိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။
SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲ အား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက မော်ဒယ်နိမ့် ကီးပတ်ပါ စမတ်ဖုန်းများလောက် အများ အားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါ တယ်။
ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါ တယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံ ကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။
ဒီတော့ ဖုန်းဝယ်ရင် ယုံကြည်စိတ်ချရတဲ့ ကမ္ဘာသုံး Brand များကို သာ ရွေးချယ်လို့ ဝယ်သင့်ပါတယ်။ ဈေးမသက် သာရင်တောင် ဈေးမကြီးတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ နိုကီယာ၊ ZTE အပြင် အခြားသော Brand အချို့လည်း ဈေးနည်းဖုန်း ဈေးကွက် အတွက် ဖုန်းများထုတ်ပါသေး တယ်။
ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင်မယ် လို့ မျှော်လင့်ပါတယ်။
MMAS

Sunday, February 9, 2014

သင့် သူငယ်ချင်း Facebook Timeline ကို Crashing လုပ်ပြီး စနောက်မယ်

ဒီနည်းလေးကတော့ Facebook မှာ Timeline ဖွင့်ထားသူတွေကို စနောက်ဖို့ နည်းလမ်းလေးပါ။ ဒီနည်းက Facebook Timeline ဖွင့်ထားသူတွေကို လုပ်လိုက်ရင် ဖေ့ဘွတ် တခြမ်းကို အပြာရောင် ဖြင့် ဖုံးလွှမ်း ပေးထားမှာဖြစ်ပါတယ်။ အဲဒီပို့စ်ကို မိမိ ပြန်ဖျက်ပေးရင်ပေး (သို့) အကောင့်ပိုင်ရှင် ကိုယ်တိုင်က ဖျက်နိုင်ရင်လည်း အဲဒါက ပျက်မှာဖြစ်ပါတယ်။ အပျော်သက်သက် စနောက်ချင်သူတွေ အတွက်ပါ။ တယောက်နဲ့တယောက် တိုက်ခိုက် ဖို့အတွက် မရည်ရွယ်စေချင်ပါဘူး။ Timeline မှာ Post တင်ခွင့် ပိတ်ထားတဲ့သူတွေကို ပြုလုပ်လို့ ရမှာမဟုတ်ပါဘူး။
1.အရင်ဆုံး ဒီလင့် ကိုသွားလိုက်ပါ။
2.Friend Name ဆိုတဲ့နေရာမှာ မိမိစနောက်ချင်သူရဲ့ Account ကိုထည့်ပါ။ 
(Facebook Timeline မှာ Post တင်ခွင့်ပိတ်ထားသူကိုတော့ လုပ်လို့ မရပါဘူး)
3.ပြီးတာနဲ့ အောက်ကပုံအတိုင်း Share Photo ကိုနှိပ်လိုက်ပါ။

4.ပြီးရင်တော့ သင့်ပြုလုပ်ထားတဲ့ အကောင့်ပိုင်ရှင်ရဲ့ Wall ကို ၀င်ကြည့်လိုက်ပါ။ အောက်ကပုံ အတိုင်း အပြာရောင်များဖြင့် ဖေ့ဘွတ်တခြမ်းလုံးကို ဖုံးလွှမ်းပေးထားမှာဖြစ်ပါတယ်။
5. ဒါလေးကို မိမိပြုလုပ်ထားသူကို ပြန်ဖျက်ပေးချင်တယ်ဆိုရင်တော့ ဒီလင့် ကိုသွားလိုက်ပါ။
အောက်ကပုံအတိုင်း မိမိ ပြုလုပ်ထားသူတွေရဲ့ အကောင့်တွေကို တွေ့ရမှာဖြစ်ပါတယ်။ ညာဘက်ဒေါင့် မျှားပြထားတဲ့နေရာမှ Delete ကို နှိပ်ပြီး ဖျက်ပေးလိုက်လျှင် အပေါ်က အပြာရောင် ဖုံးလွှမ်းထားတာလေး ပျောက်ကွယ်သွားမာဖြစ်ပါတယ်။


အားလုံး နည်းပညာ ဗဟုသုတ ရရှိစေရန်ဘဲ ရည်ရွယ်ပါတယ်။

အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)