Thursday, October 31, 2013
The wolverine 2013 ရုပ်ရှင်အကြည်
twitter မှာအကောင့် ဖွင့် ပြီး tweets ကျမယ်
--------------------------------------
Wednesday, October 30, 2013
Android Phone က Incoming & Outgoing Network Connections တွေကို စောင့်ကြည့်စစ်ဆေးမယ်
သင့် Android Phone မှာ ကွန်နက်ရှင်ကိုအသုံးပြုနေတဲ့ Apps တွေရှိမှာပါ။ အဲဒီ Apps တွေအများကြီးရှိနေခြင်း ဟာ သင့် ကွန်နက်ရှင် ကို နှေးကွေးစေတဲ့ အကြောင်းတစ်ချက်ဖြစ်ပါတယ်။ သင် အသုံးမပြုဘဲနဲ့ Background မှာ ကွန်နက်ရှင်ကို အသုံးပြုနေတဲ့ Services, Apps တွေကို သိရှိနိုင်ဖို့ အတွက် Network Connections ဆိုတဲ့ App ကိုသုံးနိုင်ပါတယ်။ သင့်ဖုန်းကသတင်းအချက်အလက်တွေကို သင်မသိဘဲနဲ့ ပေးပို့ နေတဲ့ Malware App တွေကို ရှာဖွေရာမှာလည်း အသုံးဝင်ပါတယ်။ဒီ App က ကွန်နက်ရှင် တစ်ခုချင်းစီနဲ့ ပတ်သက်တဲ့ IP Address, AS Number , Abuse RBL Data, PTR စတာတွေကို စောင့်ကြည့်ပေးမှာပါ။
Network Connections ကို ဖွင့်ပြီးရင် အပေါ်မှာ Current Connections, Connections Log, App Network Log , Settings စတဲ့ Tab တွေကို တွေ့ မြင်ရမှာပါ။ Current Connections မှာ Incoming & Outgoing Connections တွေအားလုံးနဲ့ ပတ်သက်တဲ့ IP Address တွေကို တွေ့ မြင်နိုင်ပါတယ်။ Apps, Services တွေရဲ့ ဒေတာတွေပေးပို့ ရယူတဲ့ ပမာဏ တွေကိုလည်းသိနိုင်ပါတယ်။ သင့်ဖုန်း က သတင်းအချက်အလက်တွေကို ခိုးပြီးပေးပို့ နေတဲ့ Malware တွေကို ရှာရာမှာလည်း အသုံးဝင်ပါတယ်။
Connections Log မှာတော့ Live Capture လို့ ခေါ်တဲ့ ကွန်နက်ရှင်ကို လက်ရှိအသုံးပြုနေတဲ့ Apps, Services တွေကို တွေ့ နိုင်ပါတယ်။ Live Capture Mode ကို On/ Off လုပ်လို့ ရပါတယ်။ Most Active, Last Seen, Package Name စသဖြင့် လည်း စီ ပြီးကြည့်နိုင်ပါတယ်။
Item တစ်ခုကို နှိပ်ကြည့်ရင် IP Geolocation ကို Google Maps မှာဖော်ပြပေးပါမယ်။ ကွန်နက်ရှင်ရဲ့ Port Number , IP Administrative Data စတဲ့ သတင်းအချက်အလက်တွေကိုလည်းသိနိုင်ပါတယ်။
App Network Log မှာ App တွေရဲ့ Network အသုံးပြုမှုတွေကို သိနိုင်ပါတယ်။ App တစ်ခုကိုနှိပ်ကြည့်ရင် App ကအသုံးပြုတဲ့ IP Address, Permission တွေကို အသေးစိတ်သိနိုင်ပါတယ်။ သင့်ခွင့်ပြုချက်မရဘဲ သတင်းအချက်အလက်တွေကို ခိုးပြီးပေးပို့ နေတဲ့ Malware တွေကို ရှာဖွေရာမှာအသုံးဝင်ပါတယ်။
Settings မှာ Hidden Apps တွေက ကွန်နက်ရှင် ကို အသုံးပြုရင် သင့်ကို သတိပေးဖို့ ပြုလုပ်နိုင်ပါတယ်။
Download Network Connections from Dropbox or Google Play Store
Facebookမှာ တိုင်မယ်တောမယ် (ေိေိ ) Report လုပ်မယ်
Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေအချာပါပဲ။facebook ကအများလက်မခံတဲ့ ကိစ္စမျိုးတွေကို ခွင့် မပြုပါဘူး ။ကျွန်တော်အနေနဲ့ တစ်ဦးချင်း လုပ်ပိုင်ခွင် နှင့်  facebook ကို report တင်ပုံလေးကိုရှင်းပြပေးပါမယ်ခင်ဗျာ။
တစ်ဦးချင်းပြန်လည်ချေပခြင်း ( remove tag )လုပ်ခြင်း
-----------------------------------------------------------------
remove tag လုပ်တာအနေနဲ့ ကတော့ ရှင်းပါတယ် ဘာမှ ထွေထွေထူးထူး မရှိပါဘူး မိမိဖျက်ချင်တဲ့ photo ကိုယ့် ကို tag လုပ်ထားတဲ့ ပုံနေရာမှာStatus ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ်ခလုတ်လေးကိုနှိပ်ပြီး Report/remove tag ဆိုတာလေးကိုနိုပ်ပြီးဖျက်ပေးရုံပါပဲ။
report တင်ခြင်း
--------------------------------------------
report လုပ်တာကတော့  မိမိတစ်ယောက်တည်းလုပ်လို့ ရသလို သူငယ်ချင်းတွေဆီကိုပေးပို့ ပြီးအများနှင့် report တင်လို့ လည်းရပါတယ်။
အောက်ကပုံလေးအတိုင်း report abuse ကိုနိုပ်လိုက်ပါ။(ဒီကောင်လေးက group ) တွေမှာဆိုရင် လုပ်လို့ ရပါတယ်။
အောက်ကပုံလေးလိုပေါ်လာရင် report ဆိုတာကိုဆက်နိုပ်ပါ။
- I don't like this post (ဒီပို့စ်ကို ကျွန်တော်မကြိုက်ပါ)
- It's harassing me (ဒီပို့စ်ဟာ ကျွန်တော့်ကို ထိခိုက်စေပါတယ်)
- It's harassing a friend (ဒီပို့စ်ဟာ ကျွန်တော့် သူငယ်ချင်းကို ထိခိုက်စေပါတယ်)
- Spam or scam (ဒီပို့စ်ဟာ အကျိုးမရှိတဲ့ ပိုစ်တစ်ခု spam ပါ )
( 1 )Hate Speech (ရိုင်းစိုင်းကြမ်းတမ်းတဲ့အကြောင်းအရာဖြစ်ပါတယ်)
သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
* Target a Race or Ethnicity (လူမျိုးရေး)
* Target a religious group (ဘာသာရေး)
* Targets based on gender or orientation (ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုကို တိုက်ခိုက်မှု)
* Targets people with disability or disease (မသန်မစွမ်းသူများကို တိုက်ခိုက်မှု)
( 2 ) Violence or harmful behavior (ချိုးဖောက်မှု သို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်) သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
* Credible threat of violence (ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှု)
* Self-Harm
* Suicidal Content (ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနှင့် ဆက်နွယ်သောအကြောင်းအရာ)
* Graphic Violence (ပုံရိပ်ပိုင်း ချိုးဖောက်မှု - အခြားသူပုံများကို အခွင့်မရှိပဲ တင်ခြင်း)
* Theft or vandalism (ခိုးယူမှု သို့ ရမ်းကားဖျက်ဆီးမှု)
* Illegal drug use (မူးယစ်ဆေးဝါးသုံးစွဲမှု)
(လိင်ပိုင်းဆိုင်ရာ မသင့်တော်သော အချက်အလက်များပါဝင်နေမှု)
အထက်ပါရွေးစရာတွေထဲကမှ သင့်တော်တာကို ရွေးပြီး Continue ကို နှိပ်ပါ။ အဲဒီအခါ ပုံ ၄ မှာ ပြထားသလိုမျိုး Window တစ်ခု ထပ်ပေါ်လာပါလိမ့်ဦးမယ်။
credit to - ကိုလင်းသလ္လာဝတီ
facebook မှာမိမိအကောင့် ကို ပြန် hack ကျမယ် (လော့ ကျသူများ ) အတွက်
ပြီးရင် forgot your password ကိုနိုပ်ပါ။
www.saithu102.blogspot.com
Tuesday, October 29, 2013
Android Phone ကို Remote Control အဖြစ်အသုံးချနည်းများ။
သင့် Android Phone ဟာ ဖုန်းပြောဖို့ တစ်ခုတည်း အတွက်ပဲသုံးလို့ ရတာမဟုတ်ပါဘူး။ Apps တွေကို အသုံးပြုပြီး သင့် ကွန်ပြူတာ က Video Playback တွေ ၊ Smart TV တွေကိုထိန်းချုပ်လို့ ရပါတယ်။ သင့် ကွန်ပြူတာက Download Manager App ကို Download လုပ်ဖို့ ခိုင်းစေနိုင်ပါတယ်။ YouTube က Video တွေကို ထိန်းချုပ်နိုင်ပါတယ်။သင့် ကွန်ပြူတာ တစ်ခုလုံး ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ Wireless Devices တွေနဲ့ မော်တော်ကားတွေကို ပါ ထိန်းချုပ်နိုင်ပါသေးတယ်။
သင့် ကွန်ပြူတာကနေပဲဖြစ်ဖြစ်၊ Smart TV ကနေပဲဖြစ်ဖြစ် YouTube ကြည့်တဲ့ အခါမှာ Android Phone ကနေ ထိန်းချုပ်နိုင်အောင် Google ကပြုလုပ်ပေးထားပါတယ်။ Google ရဲ့  YouTube Remote app ကိုသုံးနိုင်ပါတယ်။အဲဒီ App သုံးစရာမလိုဘဲလည်း YouTube app ကနေလည်း ထိန်းချုပ်လို့ ရပါတယ်။
ဒီလိုလုပ်ဖို့  youtube.com/leanback ကို ကွန်ပြူတာ ရဲ့ Browser ကနေ ဖွင့်ပါ။ Gear Icon ကိုနှိပ်ပြီး Pair Device ကိုနှိပ်ပြီး Code ရယူပါ။
Android Phone က YouTube app ကိုဖွင့်ပြီး Menu Button ကိုနှိပ်ပါ။ Settings ကိုနှိပ်ပြီး Connected TVs ကိုဖွင့်ပါ။ Add a TV ကိုနှိပ်ပါ။ ရယူထားတဲ့ Code ကိုထည့်ပါ။ ဒါဆိုရင် သင့် Android Phone ကနေ ကွန်ပြူတာ၊ Smart TV က YouTube Video တွေကို ရွေးချယ်ကြည့်နိုင်ပါပြီ။ Playback တွေကို Pause , Resume စတာတွေလုပ်နိုင်ပါတယ်။
Android Tablet က YouTube Video တွေကို Android Phone ကနေ Control လုပ်ချင်ရင် CheapCast app ကိုသုံးနိုင်ပါတယ်။
Torrent ဖိုင်တွေကို ဒေါင်းလုပ်လုပ်ပေးတဲ့ Torrent Downloader or Torrent Client App ဖြစ်တဲ့ uTorrent ကို Android ဖုန်းကနေထိန်းချုပ်ဖို့  uTorrent Remote ဆိုတဲ့ Android App ကိုသုံးနိုင်ပါတယ်။ uTorrent Remote ကနေ သင့်ကွန်ပြူတာက uTorrent ကို ဒေါင်းလုပ် လုပ်ခိုင်းလို့ ရပါတယ်။
သင့် ကွန်ပြူတာမှာ ဒေါင်းလုပ် လုပ်ပြီးတဲ့ဖိုင်ကိုလည်း uTorrent Remote ကနေ ပြန်ပြီး ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
ဒီလိုလုပ်ဖို့ အတွက် သင့် ကွန်ပြူတာက uTorrent ကိုဖွင့်ပါ။ Preference ကိုဖွင့်ပြီး Remote ကိုနှိပ်ပါ။ Remote Access ကို Enable လုပ်ပြီး ကွန်ပြူတာရဲ့ Username , Password ထည့်ပေးပါ။ uTorrent Remote မှာလည်း အဲဒီ Username , Password ဖြည့်ပေးပါ။
Media Player တွေကို Control လုပ်ပါ။
နာမည်ကြီး Free Media Player တွေဖြစ်တဲ့ GOM, VLC တို့ က သူတို့ ရဲ့  Player တွေကို Android Phone ကနေ ထိန်းချုပ်ဖို့ အတွက် App တွေပြုလုပ်ပေးထားပါတယ်။ GOM Remote App အကြောင်းကို ရေးပေးထားပြီး အဲဒီ လင့်ကနေလေ့လာပါ။ VLC Media Player Remote ဆိုတဲ့ Android App က VLC ရဲ့  Playback တွေကို Play,Pause, Volume Control စတာတွေကို ပြုလုပ်နိုင်ပါတယ်။
သင့်ကွန်ပြူတာက VLC မှာ VLC's HTTP Interface ကို Enable လုပ်ထားဖို့ လိုပါတယ်။
သင့် Android Phone မှာ Unified Remote ကို အင်စတောလုပ်ထားရင်တော့ Windows Computer ကို သင့်ဖုန်းကနေ ထိန်းချုပ်နိုင်ပါပြီ။ Phone ရဲ့ Touch Screen ကို Mouse , Keyboard အနေနဲ့ သုံးလို့ ရပါတယ်။ Media Playback တွေကိုထိန်းဖို့ ပြုလုပ်နိုင်သလို ဖိုင်တွေကိုလည်း Manage လုပ်နိုင်ပါတယ်။
သင့် ကွန်ပြူတာမှာလည်း Unified Remote Server App ကို အင်စတောလုပ်ထားဖို့ လိုပါတယ်။ သင့်ကွန်ပြူတာ နဲ့ ဖုန်း နှစ်မျိုးစလုံးက Local Network တစ်ခုထဲမှာရှိရမှာဖြစ်ပြီး အလွယ်တကူချိတ်ဆက်နိုင်ပါတယ်။
Windows 8 PC တွေကို ထိန်းချုပ်ဖို့ အတွက်သီးသန့် ပြုလုပ်ထားတဲ့ Windows 8 Controller ဆိုတဲ့ Android App အကြောင်းကိုလည်း အသေးစိတ်ရေးပေးထားပြီးလေ့လာနိုင်ပါတယ်။
Unified Remote, Windows 8 Conroller တို့ က သင့်ကွန်ပြူတာ ရဲ့  အနီးအနားကနေပဲထိန်းချုပ်ပေးနိုင်တာပါ။ သင့်ကွန်ပြူတာကို အဝေးတစ်နေရာကနေထိန်းချုပ်ဖို့ အတွက်တော့ နာမည်ကြီး TeamViewer ကိုသုံးနိုင်ပါတယ်။
TeamViewer for Windows ကို အင်စတောလုပ်ပြီးရင် ကုတ် တစ်ခု ရပါမယ်။အဲဒီကုတ် ကို Android ဖုန်း က TeamViewer App မှာထည့်ပေးရမှာပါ။ ဒါဆိုရင် သင့်ကွန်ပြူတာကို ဖုန်းကနေ Control လုပ်လို့ ရပါပြီ။
အပေါ်မှာဖော်ပြခဲ့တာတွေက အနည်းအကျဉ်းပဲရှိသေးပြီး DSLR Camera, BMW ကားတွေကို ထိန်းချုပ်လို့ ရတဲ့ Android App တွေလည်းရှိပါသေးတယ်။ သင့် ရဲ့ Wireless Device တွေကို Android Phone ကနေ ထိန်းချုပ်ဖို့ အတွက် Google Play Store ကနေ Apps တွေရှာဖွေနိုင်ပါတယ်။
Huawei ဖုန်းတွေမှာOfficial Firmware ပြန်တင်ရင် ဖြစ်တတ်တဲ့  error
Samsung galaxy s4 GT-I9500,.ကို root လုပ်နည်း
ဖုန်းနှင့် ကွန်ပျူတာကို Micro-USB/USB cord လေးနှင့် ချိတ်ဆက်လိုက်ပါ။