Sunday, October 27, 2013

Widgets

MMYOS ရေဒီယိုထည့်ထားပေးသော ၀က်ဆိုဒ်များအား ဆာဗာပြောင်းလဲခြင်း အသိပေးစာ


မင်္ဂလာပါ ကျွန်တော်တို့ အဝေးရောက်မြန်မာလူငယ်များ ပရဟိတ အဖွဲ့လေးမှ ပြုလုပ်ထားသော အွန်လိုင်းရေဒီယိုလေးကို ဘလော့ဆိုဒ်အတော်များများမှာ တွေ့ရလို့ ၀မ်းသာပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရေဒီယိုလေးကလည်း ၂၄နာရီ အချိန်ပြည့် သီချင်းများကို ထုတ်လွှင့်ပေးနေပါတယ် သီချင်းတောင်းလိုသူများအတွက်လည်း dj@mmyos.com ကို အပ်ကာ မိမိတောင်းဆိုလိုသည့် သီချင်းအမည်နဲ့ တောင်းဆိုသည့်အကြောင်းအရာလေး ပြောကာ တောင်းဆိုနိုင်ပါသည် ။ အခု အရေးတကြီး ပြောချင်တာလေးက မိတ်ဆွေတို့ ၀က်ဆိုဒ်မှာ ထည့်ထားသော ရေဒီယို ကုဒ်လေးအား ပြုပြင်ပြောင်းလဲပေးပါရန် မေတ္တာရပ်ခံချင်တာပါခင်ဗျာ ။ မပြောင်းမဖြစ်လို့ ပြောင်းလဲလိုက်ရတာပါ မခဲယဉ်းပါဘူး အခု ပေးလိုက်မယ့် ကုဒ်လေးကို အရင်ကုဒ်လေးမှာ အစားထိုး လိုက်ရုံပါပဲ ခင်ဗျာ ... မိမိတို့ဝက်ဆိုဒ်မှာထည့်ပေးသော ၀က်ဆိုဒ်ပိုင်ရှင်များနှင့် သီချင်းများကို နားဆင်ကြသော မိတ်ဆွေများ အားလုံးကို ကျွန်တော်တို့ MMYOS ရေဒီယိုအဖွဲ့သားများမှ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ရေဒီယိုကုဒ် အသစ်ကို ဒီနေရာ တွင် ရယူနိုင်ပါသည်။

ရေဒီယိုကုဒ် ရယူရန်->>http://goo.gl/1MkZkM

0 comments:

Post a Comment