Saturday, October 12, 2013
Widgets
Android Phone မှာ Touch Events တွေကို Record & Repeat လုပ်ပေးမယ့် RepetiTouch
clip_image001
Windows မှာ Mouse Movement , Clicks တွေကို Record & Repeat လုပ်ပေးနိုင်တဲ့ MouseController ဆိုတဲ့ Freeware အကြောင်းရေးပေးဖူးပါတယ်။MouseController လို ပြုလုပ်ပေးနိုင်တဲ့ Android App ကတော့ RepetiTouch ပဲဖြစ်ပါတယ်။RepetiTouch က Taps,Swipes တွေကို Record လုပ်ပေးနိုင်ပြီး Repeat လုပ်ပေးနိုင်ပါတယ်။ ဒီ App ကိုသုံးရင် အကြိမ်ကြိမ်ပြုလုပ်ရတဲ့ အလုပ်တွေ ကို သင်ပြုလုပ်စရာမလို တော့ဘဲ အလိုလို ပြုလုပ်ပေးပါလိမ့်မယ်။Android Keyboard မှာလည်း စာတွေ အလိုလို ရေးအောင်ပြုလုပ်လို့ ရပါတယ်။ဒီ App ကိုသုံးဖို့  သင့်ဖုန်း ဟာ Root လုပ်ထားဖို့ လို ပါတယ်။
App ကို Run ရင် Superuser Access တောင်းပါလိမ့်မယ်။ အဲဒီကနေ Taps, Swipes တွေကို Record လုပ်လို့ ရသလို Record လုပ်ထားတာတွေကို Load လုပ်လို့ ရပါတယ်။ Setting ထဲမှာတော့ Control Panel ရဲ့ Icon Size ကိုပြင်နိုင်ပါတယ်။ Control Panel က သင့် ဖုန်း  ရဲ့ Screen မှာပေါ်နေမှာဖြစ်ပြီး အဲဒီကနေလည်း  Record , Repeat လုပ်လို့ ရပါတယ်။ Apps တွေသုံးရင်လည်း အဲဒီ Control Panel ပေါ်နေမှာဖြစ်ပြီး Record,Repeat လုပ်နိုင်ပါတယ်။
clip_image002
RepetiTouch က Background မှာ Run နေမှာဖြစ်ပြီး Screen မှာ Control Panel ပေါ်နေမှာဖြစ်ပါတယ်။Record လုပ်ဖို့  အနီရောင် Record Button ကိုနှိပ်ပါ။ ပြီးရင် Stop ကိုနှိပ်ပါ။ Record လုပ်ထားတာကို အသုံးပြုချင်ရင် Play Button ကိုနှိပ်ပါ။
clip_image003
Download  RepetiTouch Free from Play Store  or  Dropbox
0 comments:
Post a Comment