Wednesday, December 4, 2013

Widgets

မိမိFacebook Account Hackခံခြင်းမှကင်းဝေးစေရန် 2Stepနဲ့ကာကွယ်မယ်

2-step verificationအကြောင်းကို သိရှိပြီးသားသူတွေကတော့ ဒီပို့စ်ကိုမဖတ်လို့ရပါတယ်ခင်ဗျာ....။ ကျွန်တော်အနေနဲ့ 2-step verification အကြောင်းကို အလွယ်အကူဆုံးနဲ့ အရိုးရှင်းဆုံး ရှင်းပြချင်ပါတယ်။ 
2-Step Verificationအကြောင်း
**********************
2 stepနဲ့ကာကွယ်ထားတဲ့ အကောင့်တွေက Securityအရမ်းမြှင့်မားပါတယ်။ မိမိရဲ့ပက်စ်ဝက်သိရင်တောင်မှအဲဒီလူက မိမိရဲ့အကောင့်ကို တခြားနေရာမှာဖွင့်လို့မရပါဘူး။အဓိကကတော့ သူဟာမိမိရဲ့Mobileဖုန်းနံပါတ်နဲ့ ကာကွယ်ထားတာ ဖြစ်ပါတယ်။  ဒီတော့ မိမိဖုန်းက မိမိလက်ဝက်ထဲမှာရှိနေရင် တခြားသူက မိမိအကောင့်Password သိစေအုံးတော့ တခြားDeviceတွေမှာဖွင့်ရင် မိမိPhoneကိုဘဲ Security Codeပြန်ပို့နေတော့အဲဒီCodeမထည့်ပေးချင်း အဲဒီအကောင့်ဟာလုံးဝ မပွင့်ပါဘူး။ 2-Step စတင်လုပ်တဲ့ သင့်ရဲ့Deviceကိုဘဲမှတ်သားထားတာပါ။ သင်ရဲ့Security စတင်လုပ်ဆောင်တဲ့ Deviceမဟုတ်ဘဲ အခြားDeviceမှာ ဖွင့်တာနဲ့Security Codeသင့်ထည့်ထားတဲ့ ဖုန်းနံပါတ်ကို တန်းပို့တာပါဘဲ။2-step Verification ပြုလုပ်ပြီး Securityလုပ်နိုင်တဲ့ Web Services များကတော့Google,Facebook,Lastpass,Dropbox&SpiderOak,Microsoft, Yahoo,Amazon Web Services(AWS),Battle.net&MMORPGS, အစရှိတာတွေကတော့
ကျွန်တော်သိတဲ့ Web Servicesတွေပါ။

ကဲ.........အပေါ်မှာကတော့ အားလုံးနားလည်အောင် 2-Stepအကြောင်းကို အားလုံးနားလည်အောင် အရိုးရှင်းဆုံးနဲ့ အကြမ်းဖျမ်းရှင်းပြခဲ့တာပါ။



ဒီနေ့မှာတော့ ကျွန်တော့်အနေနဲ့ ကမ္ဘာ့Social Networkဖြစ်တဲ့ Facebook ကိုလုံခြုံမူရှိစေရန် 2-stepနဲ့ကာကွယ်နည်းကိုတင်ပြလိုပါတယ်။ ဒီနေရာမှာ ဦးစွာကျွန်တော်ပြောကြားလိုတာကတော့ မြန်မာနိုင်ငံမှ ညီအစ်ကိုမောင်နှစ်မများအတွက်ကတော့ ကျွန်တော့်အနေနဲ့ ဒီနည်းကိုအသုံးပြုပြီး ကာကွယ်နိုင်မယ်လို့တော့ အာမမခံပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံးအသိဘဲ ဖေ့ဘွတ်အကောင့် Phone Number lockကျနေရင်တောင်မှ မြန်မာနိုင်ငံမှ ဖုန်းနံပါတ်ထည့်ရင် Comfirm Code ပြန်မပို့လို့ ကျွန်တော်တို့နည်းမျိုးစုံနဲ့အဆင်ပြေအောင် နည်းပညာသမားများကလည်း ရှာဖွေတင်ပြနေတာ အားလုံးအသိပါ။ Comfirm Codeအခက်အခဲ အများစုကြုံတွေ့နေရတာကြောင့်ပါ။ အဆင်ပြေတဲ့ ဖုန်းနံပါတ်တွေလည်း ပြန်ပို့တယ်လို့လည်း ကြားမိပါတယ်။ ယခုအချိန်မှာတော့ ကျွန်တော့်အနေနဲ့ အခြားနိုင်ငံကိုရောက်ရှိနေတဲ့အတွက် ဒီနည်းလမ်းလေးကို အဆင်မပြေခဲ့ရင်တောင်မှ ဗဟုသုတရရှိစေဖို့တင်ပြပေးလိုက်တာပါ။ မြန်မာနိုင်ငံမှ ညီအစ်ကိုမောင်နှစ်မများလည်း ဒီနည်းကိုစမ်းသပ်ကြည့်ပါ။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာအများစုက ဖုန်းတွေနဲ့ အင်တာနက်သုံးနေကြတာများပါတယ်။ ဒီနည်းလမ်းသာ အဆင်ပြေခဲ့မယ်ဆိုရင် ညီအစ်ကို မောင်နှစ်မများအနေဖြင့် မသမာသူလက်ထဲကို မိမိအကောင့်မပါဖို့အပြည့်အ၀ကာကွယ်ပေးနိုင်မှာပါ။

မိမိအကောင့်ကို 2-Step နဲ့ကာကွယ်ထားချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်း လိုက်ပါလုပ်ဆောင်နိုင်ပါတယ်။

မိမိအကောင့်ကို 2-Step Verification ပြုလုပ်နည်း
***********************************
ပထမဆုံးအနေနဲ့ မိမိFacebookအကောင့်ရဲ့ Setting>>Pravicy Setting ကိုသွားပါ။
 ပြီးရင်ကျွန်တော်အောက်ကပုံမှာ ပြထားတဲ့အတိုင်း Security>>Login Approvals>>>Edit  ကနေ ပြထားတဲ့နေရာမှာအမှန်ခြစ်လေးပေးလိုက်ပါ။
အောက်ကပုံလေးအတိုင်းပေါ်လာပါမယ်။ Get Started ကိုနှိပ်ပါ။

Continue ကိုနှိပ်ပါ။

မိမိအကောင့် Password ဖြည့်ပါ။ ပြီးရင် Submit နှိပ်ပါ။
ဒီအဆင့်ကိုရောက်ရှိရင် နိုင်ငံCode ရွေးပါ။ မိမိဖုန်းနံပါတ်ထည့်ပါ။ Continue ပေးပါ။
 မိမိဖုန်းကို SMSဖြင့်ပေးပို့လာသော Comfirm Code ကိုထည့်ပေးပါ
အောက်ကပုံအတိုင်းအမှန်ခြစ်ပေးပြီး Close ပေးလိုက်ပါ။

အပေါ်ကအပိုင်းကတော့ မိမိဖုန်းကို 2-step verification နဲ့ ကာကွယ်တဲ့အပိုင်းပြီးသွားပါပြီ။အောက်မှာ Code Generator အသုံးပြုံပုံ Code ထည့်နည်းကို ဆက်လက်ရှင်းပြပါမယ်။

ပြီးရင် Login Approvals ရဲ့အောက်မှာဘဲ Code Generator ဆိုတာရှိပါတယ်။ Edit ကနေပြီးတော့Enable ပေးလိုက်ပါ။ပြီးရင်း Close နဲ့ထွက်လိုက်ပါ။

Mobile Phone ရဲ့ Facebook Code Generatorသို့သွားနည်း
******************************************
ပြီးရင် မိမိဖုန်းနံပါတ်ထည့်ထားတဲ့ဖုန်းမှာ Facebook Account ဖွင့်ပြီး Settingကနေ အောက်ကပုံအတိုင်းCode Generator ဆိုတဲ့နေရာကိုသွားပါ။
Code Generator ကိုနှိပ်လိုက်ပါ။အောက်ကပုံအတိုင်းတွေ့ရပါမယ်။ မိမိဖုန်းနံပါတ်ထည့်ထားတဲ့ Deviceမဟုတ်ဘဲ အခြားကွန်ပျူတာ(သို့) အင်တာနက်ဆိုင်တွေမှာ ဖွင့်မယ်ဆိုရင် ဒီနေရာကိုသွားပြီး Comfirm Code အတွက် ဒီ Code ကိုယူပြီးထည့်ပေးရမှာပါ။ Code Generator က စက္ကန့် 30ကိုနံပါတ်တခုနှုန်းနဲ့ပြောင်းလဲပေးနေပါတယ်။ ဒါကြောင့် မိမိ Deviceမဟုတ်ဘဲမည်သည့်DeviceကိုမဆိုFacebook ဖွင့်ချင်ရင် Comfirm Code တောင်းပါလိမ့်မယ်။ အဲဒီ Comfirm Code အတွက် 
ဒီနေရာမှာလာရောက်ယူပြီး ထည့်ပေးရမှာပါ။
Login Approvalsထဲမှာ Get Codes ရယူနည်း
*********************************
ကဲ..........ဟုတ်ပြီ။ မိမိကလည်း အင်တာနက်ဆိုင်(သို့) ရုံးကွန်ပျူတာမှာ Facebook ဖွင့်ချင်တယ် ဖုန်းကလည်း အိမ်မှာအကြောင်းကြောင်းအမျိုးမျိုးကြောင့် မေ့ကျန်ခဲ့တယ်။ ကိုယ့်ရူးကိုယ်ပတ်နေတယ်ဆိုရင်
ဒီနည်းနဲ့လည်းလုပ်ဆောင်နိုင်ပါသေးတယ်။ ကြိုတင်လုပ်ဆောင်ထားဖို့တော့ လိုအပ်တာပေါ့။

အပေါ်မှာကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့နေရာ Loin Approvals ဆိုတဲ့နေရာကို ပြန်သွားပြီး                                                        Edit ကိုနှိပ်ပါ။
Get Code ဆိုတာကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း Code 10 ခုရရှိမှာဖြစ်ပါတယ်။ ဒီ Code တွေကPrint ထုတ်ပြီးတော့ဘဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ပြီး သိမ်းထားပြီး Phone နဲ့အလှမ်းဝေးတဲ့နေရာတွေမှာ Phoneထဲမှ Code ကိုမယူဘဲ အောက်ပါ Code   တွေကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။
အပေါ်က Code တွေကို အခြားသူတို့သိရှိသွားတာဘဲဖြစ်ဖြစ် မိမိသိမ်းထားတဲ့ Codeစာရွက် ပျောက်ပျက်သွားတာဘဲဖြစ်ဖြစ် Get New Codes ဆိုတဲ့နေရာသွားပြီး Codeအသစ်တွေယူလို့ရပါတယ်ခင်ဗျာ........
Facebook Account Login ၀င်တဲ့နေရာမှာ 2-Step သုံးထားသူများမှာ အရင်တုန်းက 
E mail များထည့်သွင်းအသုံးပြုတဲ့နေရာမှာ E mail(သို့) Phone Number ထည့်ပြီးတော့လည်း (၂)မျိုးလုံးနဲ့လည်း ထည့်နိုင်ပါသေးတယ်။

2-stepပြုလုပ်ထားသော Browserနှင့် Deviceများမှလွဲပြီး အခြားBrowserများသို့ဝင်နည်း
*************************************************************
မိမိ 2-Step ပြုလုပ်ထားသော Browser မှလွဲပြီး(ဥပမာ-မိမိက Chrome Browser မှာ လုပ်ထားတယ်။ အဲဒီစက်မှာဘဲ Firefox Browser မှာပြောင်းဖွင့်ခြင်တယ်)
အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။ အဒီ Enter Codeဆိုတဲ့ နေရာမှာ Code Generator မှ Codeတခုကိုထည့်ပေးလိုက်ရင် ဖွင့်လို့ရပါတယ်။
အလားတူ Windows Store မှာပါဝင်တဲ့ Metro Social,Mine For Facebook,အခြား Applicationများဖြစ်တဲ့ Facebook Messanger,IMO,Difsby  အစရှိတာတွေမှာ F acebook loginကိုဝင်ရင်အပေါ်က ပုံအတိုင်းပေါ်လာမှာဖြစ်ပြီး Enter Code ဆိုတဲ့နေရာမှာ
Code Generator(သို့) Get Code မှရရှိထားတဲ့ Code 10လုံးထဲမှတခုကို ထည့်လိုက်ရင်
အဆင်ပြေပြေနဲ့ဖွင့်လို့ရသွားပါပြီ

2-Step veriicationနဲ့ မိမိအကောင့်ကိုကာကွယ်ခြင်း နည်းလမ်းများကို ကျွန်တော် တင်ပြခဲ့တာ အားလုံးနားလည်ကြမယ်လို့လည်းထင်ပါတယ်။ မြန်မာနိုင်ငံမှ ညီအစ်ကိုမောင်နှစ်များအနေဖြင့် ဒီနည်းလမ်း
အဆင်ပြေသည် မပြေသည်ကို ဆော့ဝဲမြို့တော်Fan Page တွင် Commentများပေးသွားပါ။ အဆင်ပြေသူများရင် ကျွန်တော်အနေဖြင့် PDFထုတ်ပြီး ပြန်လည်တင်ပေးပါမယ်။ အဲဒီPDFထဲမှာ Phone နံပါတ်ရောင်းမည့်သူများ(သို့)2-step verificationအတွက် Phone numberလဲချင်သူများ,2-step ဖြုတ်နည်းများကို ထည့်သွင့်ရေးပေးသွားပါမယ်။နိုင်ငံခြားမှ ညီအစ်ကိုမောင်နှစ်မများကတော့ ဒီနည်းလမ်းလုံးဝအဆင်ပြေပါတယ်လို့ အာမခံပါတယ်ခင်ဗျာ........
အားလုံးဘဲအဆင်ပြေပြီး မိမိအကောင့် ခိုးယူခံရခြင်းမှ ကင်းဝေးကြပါစေ

အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)




0 comments:

Post a Comment