Wednesday, December 25, 2013

Widgets

Viber For PCမှာမိမိစိတ်ကြိုက် Ringtoneပြောင်းနည်း

အားလုံးဘဲ ဒီနေ့တင်ပြပေးချင်တာကတော့ PCအတွက် Viberမှာ Ringtoneပြောင်းနည်းလေးပါ။ ကျွန်တော်လည်း နည်းပညာဆိုဒ်တခုမှာ ဖတ်မိတာကြာပါပြီ။ ဒါပေမဲ့ SEA Gameကို အားပေးမူတွေနှင့် စာမေးပွဲတွေရှိလို့ အခုမှတင်ပေးဖြစ်တာပါ။ သိတဲ့သူတွေလည်း ရှိမှာပါ။ ကျွန်တော်တင်တဲ့ Postများသည် မသိသေးသောသူများအတွက်ဘဲရည်ရွယ်ပါတယ်။ မိမိရဲ့ PCမှာ Viberရဲ့ Ringtoneကို Default Ringtoneအစား မိမိကြိုက်နှစ်သက်တဲ့ Ringtoneလေးပြောင်းလဲချင်ရင်တော့ အောက်ပါအတိုင်းလုပ်ဆောင်နိုင်ပါတယ်။

တဆက်တည်း Phoneက Viber မှာ Default Ringtone အစား မိမိဖုန်းရဲ့ Ringtone အစားထိုးထည့်နည်းလေးလည်းတင်ပြလိုက်ပါတယ်။ အားလုံးလည်း သိပြီးဖြစ်သလို မသိသေးသူများလည်း သိသွားအောင်လို့ပါ။ လွယ်ပါတယ်။ အောက်ကပုံနေရာလေးမှာ အမှန်ခြစ်ပေးလိုက်တာနဲ့ မိမိ Phoneမှာထည့်ထားတဲ့ Ringtoneလေးက Viberမှာလည်း ကြားနေရမှာပါ။မိမိဖုန်းရဲ့ Viber Settingကိုသွားလိုက်ပါ။ အောက်ကနေရာမှာ အမှန်ခြစ်ပေးလိုက်ရင်အဆင်ပြေပါပြီ။

ယခု PCက Viber မှာ Ringtone ပြောင်းနည်းလေးကို ဆက်လက်တင်ပြပေးပါမယ်။
မိမိပြောင်းချင်တဲ့ Ringtoneကိုတော့ အရင်ဆုံး .wav file Extenion ဖြစ်အောင် Format Factory Software (သို့) မိမိကြိုက်နှစ်သက်ရာနဲ့  .wav Format ဖြစ်အောင်ပြောင်းလိုက်ပါ။ Format Factory မရှိရင် ဒီမှာ ယူလိုက်ပါ။ပြီးရင် အောက်ကအဆင့်အတိုင်းသွားလိုက်ပါ။
Partition C:>>Users>>Computer Name>>AppData>>Local>>Viber
ကိုအဆင့်ဆင့်သွားလိုက်ရင် အောက်ကပုံအတိုင်းတွေ့မှာပါ။ အပေါ်ဆုံးက 
Folderကိုဖွင့်လိုက်ပါ။

အပေါ်က Folderကိုဖွင့်လိုက်ရင် အောက်က ပုံအတိုင်းတွေ့မှာပါ။Sound ဆိုတဲ့ Folderကို ဖွင့်လိုက်ပါ။

အဲဒီFolderတွေထဲမှာ မိမိပြောင်းလဲချင်တဲ့ Ringtoneအားလုံးကို wav. file ပြောင်းပြီး အစားသွင်း ထည့်နိုင်ပါတယ်။ အပေါ်ဆုံးက DTMF Folderမှာတော့ Phone Kypad Soundကိုပြောင်းလဲနိုင်ပါတယ်။
ဒုတိယ Messagesဆိုတဲ့Folderမှာတော့ မိမိရဲ့ Incoming/outgoing SMS Ringtoneတွေရဲ့ Sound ကိုမိမိကြိုက်နှစ်သက်သလိုပြောင်းလဲနိုင်ပါတယ်။
 အောက်က Ringtone ဆိုတဲ့Folderမှာတော့ ကျွန်တော်အပေါ်က တင်ပြခဲ့တဲ့အတိုင်း Viber Incoming/Outgoing Call Ringtone ကိုပြောင်းလဲမှာပါ။
အပေါ်က တင်ပြခဲ့တာတွေကို မိမိဘာသာ ဆက်လက် ကလိပြီး ပြောင်းလဲနိုင်ပါတယ်။ 
ကျွန်တော်ပြောတဲ့ Ringtoneဆိုတဲ့ Folderကိုဖွင့်လိုက်ပါ။ အထဲက Ringtoneဆိုတဲ့ နေရာ မိမိရဲ့ Format ပြောင်းထားတဲ့ .wav file Ringtoneလေးကိုထည့်လိုက်ရင် အဆင်ပြေသွားပါပြီ။ 



ပြီးရင် မိမိ
Ringtoneလေး အဆင်ပြေမပြေ တယောက်ယောက်ကို ဖုန်းစမ်းခေါ်ကြည့်ခိုင်းလိုက်ပါ။
အားလုံးဘဲအဆင်ပြေကြပါစေ......

အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)

0 comments:

Post a Comment