Monday, February 16, 2015

Widgets

ပြောင်းလဲလာပြီ ဖြစ်တဲ့ လူတို့ရဲ့ ရှာဖွေမှု အလေ့အထ



Marketing နဲ့ ပက်သက်လို့ ပြောဆိုတဲ့အခါ သီအိုရီတွေ ပြောင်းလဲလာမှုကို မြင်တွေ့ရပါတယ်။ ယင်းကတော့ လူတို့ရဲ့ ရှာဖွေမှု အလေ့အထ ပဲ ဖြစ်ပါတယ်။ လူတွေဟာ တစ်ခုခုကို သိချင်တဲ့အခါ ဘယ်ကနေ ဘယ်လို ရှာဖွေသလဲပေါ့။ အမေရိကန်မှာ ဆိုရင် ၁၉၉၀ ဝန်းကျင်လောက်ကတည်းက သတင်းအချက်အလက်ကို ရှာဖွေဖို့အတွက် အင်တာနက် ဆိုတာကို အသုံးပြုနေပါပြီ။ မြန်မာပြည် ကတော့ ယင်းသို့ အသုံးပြုမှုကို ၂၀၀၅ ခုနှစ်နောက်ပိုင်းမှ တစ်စပြီး တစ်စ အသုံးပြုလာပါတယ်။ 


ဒါပေမယ့် ရှာဖွေရန် အသုံးပြုမှုကတော့ ကျဉ်းမြောင်းနေဆဲ ဖြစ်ဖြစ်ပါတယ်။ ဒီအချိန်ထိလည်း လိုချင်တဲ့ အချက်အလက်ကို သေချာ မရှာနိုင်သေးပါဘူး။ ကုန်ပစ္စည်းတစ်ခုခုကို ဝယ်ယူဖို့ စဉ်းစားတဲ့အခါ သူနဲ့ ပက်သက်ပြီး လူတွေ ဘယ်လို ပြောကြတယ် ဆိုတဲ့ စကားသံကို နားထောင်ဖို့ အတွက် အင်တာနက်ကို အသုံးပြုကြပါတယ်။ နိုင်ငံခြားမှာပါ။ ဒါ့အပြင် ရုပ်ရှင်ရုံ၊ စားသောက်ဆိုင် အစရှိသဖြင့်တို့ကို ရှာဖွေရန် အတွက်လည်း အသုံးပြုပါတယ်။ ယေဘုယျအားဖြင့် သိချင်တာ အားလုံးကို အင်တာနက် Search Engine ထဲကနေ ရှာဖွေနေကြခြင်း ဖြစ်ပါတယ်။

အကယ်၍ မြန်မာပြည်မှာ အင်တာနက် မြန်ဆန်လာရင် ဒါတွေဟာ ဖြစ်လာမှာပါ။ အရင်တုန်းက ခရီးသွားလာရေး လုပ်ငန်းများအတွက်သာ ရှာဖွေကြ ပြုလုပ်ကြရာကနေ Google ရဲ့ မြေပုံ၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံများ အပြင် အိမ်များ ရှာဖွေတဲ့အထိ လုပ်လာကြ ပါပြီ။ ဒါကြောင့်မို့ စီးပွားရေး လုပ်ငန်းများ အနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းကို အွန်လိုင်းပေါ် ရောက်အောင် တင်ဖို့ လိုအပ်လာနေပြီ ဖြစ်ပါတယ်။ 


တင်ရုံတင် မကပဲ မိမိရဲ့ ဝဘ်ဆိုဒ်ကို ရှာဖွေတဲ့အခါ ထိပ်ဆုံး နေရာများတွင် ပေါ်အောင် ကြိုးစားရမှာက နောက်ထပ် ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူတို့ရဲ့ ပြောင်းလဲလာတဲ့ အလေ့အထကို လိုက်လံ ကြည့်ရှု့ပြီး မိမိရဲ့ မာကဲတင်း ဗျူဟာ အလေ့အထကိုလည်း တိုးတက် ပြောင်းလဲနိုင်မှသာ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်မှာ ဖြစပါတယ်။

0 comments:

Post a Comment