Tuesday, July 28, 2015

Widgets

အိမ်ခြံမြေ ဈေးကွက်ကို လေ့လာနိုင်မယ့် Application



အိမ်ခြံမြေ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ အပြင် မြန်မာပြည် မြို့ကြီးများမှာ ရရှိနိုင်တဲ့ အိမ် ၊ ခြံ ၊ မြေ ၊ တိုက်ခန်း များကို စုစည်းဖော်ပြထားတဲ့ Application ဖြစ်ပါတယ်။


အိမ်ခြံမြေနဲ့ ပက်သက်လို့ ပွဲတွေရှိရင် သင်တန်းတွေ ရှိရင်လည်း App ကနေ သတင်းတွေ ရောက်ရှိ ပါတယ်။ အိမ်ပွဲစားလုပ်သူများ အပြင် အိမ်၊ ခြံ ၊ မြေ ရှာဖွေ နေသူ တစ်ဦးချင်းများ၊ သတင်းအချက်အလက် စိတ်ဝင်စားသူများ အတွက် အသုံးတည့် ပါတယ်။ iMyanmarHouse ကနေ ဒေါင်းလုပ်ဆွဲနိုင် ပါတယ်။

လက်ရှိ မြန်မာပြည်မှာ အိမ်ခြံမြေ ဈေးကွက်အခြေအနေဟာဆိုရင် အကျဘက်မှာ ရှိနေပြီး ရောင်းချင်သူများပေမယ့် အဝယ်အေးနေ ပါတယ်။ ဝယ်ယူမယ့် သူများ အနေနဲ့ကလည်း ဈေးကျမယ်ဆိုတဲ့ အချက်ကို သေချာ ယုံကြည်ပြီးတော့ စောင့်ဆိုင်းနေမှုများ များပါတယ်။ အထူးသဖြင့် ကြိုပွိုင့်ဖြင့် ရောင်းချတဲ့ ဈေးကွက်များ အေးနေပါတယ်။

ထူးခြားချက် အနေနဲ့ တစ်လကို ၈ သိန်း၊ ၆ သိန်း၊ ၁၀ သိန်းတို့ ပေးရုံနဲ့ တိုက်ခန်းကောင်း၊ ကွန်ဒိုကောင်း ပိုင်ဆိုင်နိုင်မယ့် ဝယ်ယူမှု စနစ်ပုံစံကို ကုမ္ဗဏီတစ်ခုက ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ Facebook တစ်ခွင်မှာလည်း ယင်း သတင်းပြန့်နှံ့ပြီး ဝေဖန်သူ များရဲ့ စကားသံ အမျိုးမျိုးကြောင့် သတင်းရိုက်ခက်ခဲ့ပါ သေးတယ်။ ယင်းကဲ့သို့ သတင်းများကို iMyanmarHouse မိုဘိုင်း App ထဲမှာ ဖတ်ရှု နိုင်ပါတယ်။ 

0 comments:

Post a Comment