Tuesday, August 6, 2013
iExplorer V. 3.2.3.3
IE-icon
iPhone,iPad,iPod စတဲ့ ios devices တွေကို manage လုပ်ပေးနိုင်တဲ့ windows software ပါ။ios devices တွေနဲ့  iTunes ကြားမှာ သီချင်းတွေအပြန်အလှန်ပေးပို့ နိုင်ပါတယ်။SMS,Voicemails, Address Book Contacts, Calendar Events, Reminders, Notes စတာတွေကို ကွန်ပြူတာကို export လုပ်ပြီးသိမ်းထားနိုင်ပါတယ်။ဖိုင်တွေ၊ပုံတွေကို iExplorer ကနေအသုံးပြုလို့ ရပါတယ်။အသေးစိတ်ကို official page မှာလေ့လာနိုင်ပါတယ်။
Download iExplorer (9) mb from Dropbox  or Mirrorcreator
Microsoft Word ဖြင့် Image ပုံတစ်ပုံရဲ့  Background ကို ဖျောက်ခြင်း။
ပုံတစ်ပုံ ရဲ့ Background ကို ဖျောက်ပစ် ချင်ရင် Photoshop လို Photo Editor တွေသုံးပြီးဖျောက်နိုင်သလို Clipping Magic လို Web Applicaton ကိုသုံးပြီးလည်းဖျောက်နိုင်ပါတယ်။ သင့်မှာ Microsoft Word,Excel,PowerPoint တစ်ခုခု ရှိရင်လည်း ပုံတစ်ပုံရဲ့  Background ကိုအလွယ်တကူဖျောက်နိုင်ပါတယ်။Office 2010 နဲ့  Office 2013 မှာတော့ သေချာပေါက်အသုံးပြုလို့ ရပါတယ်။Office 2007 မှာတော့ သေချာမသိပါ။ဒီဆောင်းပါးမှာတော့ Word ကိုအသုံးပြုပါတယ်။
အောက်ကပုံကို ဥပမာအနေနဲ့ အသုံးပြုပါမယ်။
remove-background-from-picture1
ပုံကို Word မှာ Paste လုပ်ပါ။ပြီးရင် ပုံကို Click တစ်ချက်နှိပ်ပြီး FORMAT ကိုနှိပ်ပြီး Remove Background ကိုနှိပ်ပါ။
ashampoo 05
သင်လိုချင်တဲ့အပိုင်းကို ဘောင်ခတ်ရင် ဖျောက်ပေးမယ့် Background ကို ကာလာနဲ့ ပြပေးပါလိမ့်မယ်။
ashampoo 06
အပေါ်ကပုံမှာမြင်တဲ့အတိုင်းပဲ မလို တဲ့အပိုင်းတွေပုံမှာပါနေပါသေးတယ်။နောက်ပြီးလို အပ်တဲ့အပိုင်းတွေကို ဖျက်ပစ်ထားတာတွေ့ ရပါတယ်။အဲဒီအတွက် မလို တဲ့အပိုင်းတွေကိုဖျက်ပစ်ဖို့ နဲ့  လို အပ်တဲ့အပိုင်းတွေကို ရွေးချယ်ဖို့  Mark Areas to Keep ,   Mark Areas to Remove ကို အသုံးပြုပြီး Mark လုပ်ပေးပါ။ပြီးရင် Keep Changes ကိုနှိပ်ပါ။
ashampoo 07
ဒါဆိုရင်အောက်ကပုံမှလို သေသပ်ပြီး Background ဖျောက်ပြီးသားပုံတစ်ပုံရရှိပါမယ်။မကြိုက်သေးရင် Undo Changes လုပ်လို့ ရပါသေးတယ်။
ashampoo 08
Sunday, August 4, 2013
YouTube Video တွေကို Floating PopUp Player အနေနဲ့ ကြည့်နိုင်မယ့် YouTube Floating PopUp Player
ashampoo 05
Download YouTube PopUp Player from Play Store  or  xda-developer forum
ashampoo 06ashampoo 07
ဖိုင်တွေကို ပုံမှာဖွက်ထားပေးနိုင်တဲ့ Steganography
ဖိုင်တွေကို ပုံမှာဖွက်ပေးနိုင်တဲ့ Software တွေ အများကြီးရှိပေမယ့် Steganography ရဲ့ ထူးခြားချက်က zip,rar ဖိုင်တွေကို ဖွက်ပေးနိုင်တာပါ။ Steganography က freeware ဖြစ်ပြီး Windows XP, Vista, 7 and 8 မှာသုံးနိုင်ပါတယ်။
Steganography ကိုအင်စတောလုပ်ပြီးရင် Image ဖိုင်ကို ရွေး၊ဖွက်မယ့်ဖိုင်ကိုရွေး၊ Output Name ကို နာမည်ပေး၊ Output Location ကို သတ်မှတ်ပေးပြီးရင် Create ကိုနှိပ်ပါ။jpg အမျိုးအစားပုံကိုပဲအသုံးပြုလို့ ရပါတယ်။
ashampoo 03
ဒါဆိုရင် ပုံတစ်ပုံထွက်လာပြီး အဲဒီပုံကို image viewer တစ်ခုခုနဲ့ ဖွင့်ရင် ပုံကိုပဲမြင်ရမှာဖြစ်ပြီး သင်ဖွက်ထားတဲ့ဖိုင်တွေကို မြင်ရမှာမဟုတ်ပါ။သင်ဖွက်ထားတဲ့ဖိုင်တွေကို အသုံးပြုချင်ရင် အဲဒီ image ဖိုင် ရဲ့ file extension type ကို သင် ဖွက်ထားတဲ့ ဖိုင်ရဲ့ extension type ဖြစ်တဲ့  zip or rar ကိုပြောင်းပေးရမှာပါ။
ashampoo 04
Alert : Image ဖိုင်ကို Edit လုပ်မိရင်တော့ သင်ဖွက်ထားတဲ့ဖိုင်တွေပေါ်လာမှာကို တော့ သတိပေးထားပါတယ်။
Download Steganography @ sourceforge.net/projects/steganography/
သင့် Gmail က Images,Attachments တွေကိုလွယ်လွယ်ကူကူရှာပေးနိုင်တဲ့ Mikey for Gmail
သင့် Gmail မှာ ပုံတွေ ၊ Attachment Files တွေကိုလိုချင်တဲ့အချိန်မှာပြန်ပြီးလိုက်ရှာရတာမလွယ်ကူပါဘူး။Mikey for Gmail ဆိုတဲ့ Chrome Extension က အဲဒီအခက်အခဲကို ဖြေရှင်းပေးနိုင်ပါတယ်။Mikey က သင့် Gmail ကနေပေးပို့ ရယူထားတဲ့ Attachment ဖိုင်တွေ ၊ ပုံတွေ ၊ လင့်တွေ ကို  Category အလိုက်ခွဲခြားပြပေးနိုင်ပါတယ်။ Mikey for Gmail ကို Chrome မှာအင်စတောလုပ်ပြီးရင် အောက်ကပုံမှာလို တွေ့ မြင်နိုင်ပါတယ်။
ashampoo 01
Download Mikey for Gmail @ Chrome Web Store
Friday, August 2, 2013
ဓါတ်ပုံရိုက်ရင်း အသံပါသွင်းနိုင်တဲ့ CamVoice
Samsung S4 တွေမှာပါတဲ့ ဓါတ်ပုံရိုက်ရင်း အသံကိုပါ Record လုပ်နိုင်သလိုမျိုး အသုံးပြုနိုင်ပါတယ်။ Voice Recorder နဲ့ Camera နှစ်ခုပေါင်းပြီး ဖန်တီးထားပါတယ်။ဓါတ်ပုံတွေရိုက်တဲ့အခါ ဘယ်နေရာမှာ၊ ဘယ်သူနဲ့ .. စသဖြင့် အမှတ်တရတွေကို အသံနဲ့ပါတစ်ခါတည်း တွဲပြီး မှတ်သားနိုင်ပါတယ်။ ဓါတ်ပုံရိုက်ပြီးတာနဲ့ အသံကို Record တစ်ခါတည်းလုပ်နိုင်ပါတယ်။ ရိုက်ကူးပြီးသား ဓါတ်ပုံများကို CamVoice ရဲ့ Gallery ထဲမှာ အသံနဲ့တကွ ..
ပြန်လည်ကြည့်ရှု နားဆင်နိုင်မှာဖြစ်ပါတယ်။ မော်ဒယ်မြင့်ဖုန်းတွေမှာသာပါဝင်တဲ့ function အလန်းစားလေးကို မိမိဖုန်းမှာ သုံးနိုင်သွားပါပြီ။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
Download Link 1  or Link 2 
https://www.facebook.com/happyandroidworld မှကူးယူဖော်ပြပါသည်။
Moborobo20130802181005Moborobo20130802181040
www.kothuya.com
Facebook Page ကို Like ပြီးအားပေးပါအုံး
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
Thursday, August 1, 2013
Contacts + : Social Contacts တွေကိုပါမှတ်ထားမယ်။
ashampoo 02
သင့် Android Phone က Contacts App မှာ Social Networks က Contacts တွေကို ပါ Sync လုပ်လို့ ရပေမယ့် ဖုန်း က Contacts တွေနဲ့ ရောထွေးသွားတဲ့အတွက် အဆင်မပြေပါဘူး။ အဲဒီအတွက် Social Contacts တွေကိုမှတ်နိုင်ဖို့  Contacts + ဆိုတဲ့ App ကို သုံးပါ။Facebook.Twitter,Google က Contacts တွေကို Sync လုပ်ပြီးသိမ်းပေးထားနိုင်ပါတယ်။Duplicate Contacts တွေကို ရှာဖျက်ပေးနိုင်ပါတယ်။Social Contacts တွေရဲ့  Profile Page ကို အလွယ်တကူဝင်ကြည့်နိုင်ပြီး Post တင်လို့ လည်းရပါသေးတယ်။ Birthday Reminder လည်းပါရှိပါတယ်။Contact တွေကို Group ခွဲပြီးမှတ်နိုင်သလို Whatsapp, Facebook, Twitter, Linkedin & Foursquare စတဲ့ Services တွေနဲ့ Integration ပါရှိပါတယ်။
Download Contacts + from Google Play Store or  Dropbox  (8) mb
ashampoo 03ashampoo 04
Download Windows 8.1 Enterprise Preview
ashampoo 01
Download
Product Key :   YNB3T-VHW8P-72P6K-BQHCB-DM92V