Thursday, February 19, 2015
Facebook မှာ Schedule လုပ်ပြီး ပို့စ်တင်နည်း
Facebook က Page များမှာ Schedule လုပ်ပြီး ပို့စ်တင်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် Facebook အကောင့်မှာတော့ အဲဒီစွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားခြင်း မရှိပါဘူး။ တစ်ခါတစ်လေမှာ Facebook အကောင့်မှာ Schedule လုပ်ပြီး ပို့စ်တင်ရမယ့် အခြေအနေတွေ ရှိပါတယ်။ ဥပမာ အားဖြင့် သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့အတွက် ည ၁၂ နာရီတိတိမှာ ဆုတောင်းပေးတဲ့ အခါမျိုးတွေမှာ ၁၂ နာရီထိုးတဲ့ အထိ စောင့်ဆိုင်းနေစရာမလိုတော့
Postfity ၀က်ဆိုက်ကို အောက်ပါ လင့်ကနေ သွားပါ။
https://app.postfity.com/
1. L og In with Facebook ကိုနှိပ်ပါ။ Postfity ကို သင့်ရဲ့ Facebook အကောင့်ကို အသုံးပြုခွင့်ပေးဖို့ Okay နှိပ်ပေးပါ။
2.နောက်အဆင့်မှာတော့ Not Now သို့မဟုတ် Okay ကိုနှိပ်ပါ။
3.Postfity ၀က်ဆိုက်ကို ပြန်ရောက်သွားရင် Connect account ကိုနှိပ်ပါ။
4. သင့်ရဲ့ Profile Picture ကို တစ်ချက်နှိပ်ပြီး ချိတ်ဆက်ပါ။
5. ဒါဆိုရင် Profile Picture က အရောင်မှိန်နေရာကနေ လင်းလက်သွားပြီး Postfity နဲ့ သင့်ရဲ့ Facebook အကောင့် ချိတ်ဆက်မိသွားပါပြီ။ Create posts အောက်မှ Box မှာ စာရေးနိုင်ပြီး Attach photo ကိုနှိပ်ရင် ဓါတ်ပုံတွေ တင်နိုင်ပါတယ်။ Schedule ခလုတ်ရဲ့ ညာဘက်ဘေးမှ Drop-Down Arrow ကိုနှိပ်ပြီး Schedule ကို နှိပ်ပါ။
6. အချိန်နဲ့ နေ့ရက် သတ်မှတ်ပေးပြီး Timezone ကိုရွေးပေးပါ။ Timezone မှာ Myanmar မပါပေမယ့် Singapore, Bangkok စတဲ့ နီးစပ်ရာနိုင်ငံများရဲ့ အချိန်နဲ့ မြန်မာနိုင်ငံရဲ့ အချိန်နဲ့ ကွာခြားချက်ကို တွက်ချက်ပြီး သတ်မှတ်နိုင်ပါတယ်။ ပြီးရင် Save schedule ခလုတ်ကို နှိပ်ပါ။
7. ပြီးရင်တော့ Create posts ကဏ္ဍရဲ့ အောက်ခြေမှ Browse or edit scheduled posts ကဏ္ဍမှာ ပို့စ်ကို တွေ့နိုင်ပါတယ်။ Schedule လုပ်ထားတဲ့ ပို့စ်ကို Delete လုပ်နိုင်သလို Edit လုပ်နိုင်ပါတယ်။
Postfity မှာ Facebook သာမကဘဲ Twitter, LinkedIn တို့နဲ့ ချိတ်ဆက်နိုင်ပါတယ်။
Credit: Myanmar Digital Life Journal
Social Duplicator Tweak

Tool 3 English Version Download
iTool 3 English Version လေးပါ.... iTune Version 12.1.xx ကို Support လုပ်ပါတယ်...Download ဆွဲကျပါကုန်!!!!
Password - applyxeon
or
Monday, February 16, 2015
ပြောင်းလဲလာပြီ ဖြစ်တဲ့ လူတို့ရဲ့ ရှာဖွေမှု အလေ့အထ
Marketing နဲ့ ပက်သက်လို့ ပြောဆိုတဲ့အခါ သီအိုရီတွေ ပြောင်းလဲလာမှုကို မြင်တွေ့ရပါတယ်။ ယင်းကတော့ လူတို့ရဲ့ ရှာဖွေမှု အလေ့အထ ပဲ ဖြစ်ပါတယ်။ လူတွေဟာ တစ်ခုခုကို သိချင်တဲ့အခါ ဘယ်ကနေ ဘယ်လို ရှာဖွေသလဲပေါ့။ အမေရိကန်မှာ ဆိုရင် ၁၉၉၀ ဝန်းကျင်လောက်ကတည်းက သတင်းအချက်အလက်ကို ရှာဖွေဖို့အတွက် အင်တာနက် ဆိုတာကို အသုံးပြုနေပါပြီ။ မြန်မာပြည် ကတော့ ယင်းသို့ အသုံးပြုမှုကို ၂၀၀၅ ခုနှစ်နောက်ပိုင်းမှ တစ်စပြီး တစ်စ အသုံးပြုလာပါတယ်။
Thursday, February 12, 2015
Emergency (အရေးပေါ်ခေါ်ဆိုရန်) အတွက် တောင်ဒဂုံသူ၊သားများ အားလုံး ကိုစားပြု Application
SDG Call Application ကို Taurus Mobile Service & Training Center မှ ကိုမြတ်ကို မှ စုစည်း ရေးသားထားခြင်း ဖြစ်ပါတယ်။
Application ထဲတွင် အောက်ပါ လမ်းညွှန်များနှင့် အရေးပေါ် တယ်လီဖုန်းနာပတ်များ ပါဝင် မှာပဲ ဖြစ်ပါတယ်။
(၁) အရေးပေါ်သွေး လှူ ဒါန်း သည့်အဖွဲ့
(၂) အရေးပေါ် မီးသတ်
(၃) အရေးပေါ် ဆေးရုံ/ဆေးခန်း (သို့) 24 နာရီ ဆေးခန်း
စသည့် အရေးပေါ် နှင့် သက်ဆိုင်သည့် ဖုန်းနာပတ် များ ပါဝင်မှာ ဖြစ်ပြီး
ဒဂုံမြို့ သစ်တောင်ပိုင်း မြို့နယ် အတွင်းရှိ
(၁) ဆေးခန်း များ
(၂) ဖုန်း ဆိုင်များ
(၃) လျှပ်စစ် ပစ္စည်း အရောင်းဆိုင်များ
(၄) အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ
(၅) ကျူရှင်များ ၊ ကိုယ်ပိုင် အထက်တန်းကျောင်း များ
(၆) ရွှေဆိုင်များ
(၇) ကွန်ပျူတာ မိတ္တူ ဆိုင်များ
(၈) မင်္ဂလာခန်းမများ
(၉) ဆံပင်မိတ်ကပ် အလှပြုပြင်သည့်ဆိုင်များ
(၁၀) ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေးများ
(၁၁) စားသောက်ဆိုင်များ
(၁၂) ကား၊ ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင်များ
(၁၃) အထွေထွေ အရောင်းဆိုင်များ ပါမကျန် ထည့်သွင်း ထားပါတယ်။
စီးပွါးရေး လုပ်ငန်းများအား (အခမဲ့ ) ထည့်သွင်း ပေးထားခြင်းဖြစ်ပြီး ကြေညာ အဖြစ်ထည့်သွင်းလိုသူများအနေဖြင့် ဆက်သွယ် နိုင်ပါသည်။
ဆော့ဝဲလ် အား ရယူရန် >>> Download
Facebook Link
Facebook (South Dagon Group)
ကျေးဇူးတင်စွာဖြင့်
09254201504
09250366080
09261739462
Taurus
Mobile Service & Training
Tuesday, December 30, 2014
Android 2.2 မှာ 4.4.2 ထိ ဖုန်းတော်တော်များများကိုဖုန်းထဲမှာတင် Root ပြုလုပ်နိုင်တဲ့ KingRoot apk
Android 2.2 မှာ 4.4.2 ထိ ဖုန်းတော်တော်များများကိုဖုန်းထဲမှာတင် Root ပြုလုပ်နိုင်တဲ့ Kingroot PC root tool နဲ့ဖုန်းအတွက် KingRoot ကိုတင်ပေးလိုက်ပါတယ် လိုအပ်ပါက အောက်ကလင့်များမှာ Download ပြုလုပ်နိုင်ပါတယ်ခင်ဗျာ
++++++++++++++++++++++++++++++++++++++++++++++++++++
++++++++++++++++++++++++++++++++++++++++++++++++++++
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
Saturday, September 13, 2014
How to Cancel PayPal Billing Agreement or Automatic Renewal

ကျွန်တော်တို့ Paypal အသုံးပြုတဲ့အခါမှာ ကိုဝယ်ပေးလိုက်တဲ့သူ ဥပမာ အဲဒီလူက Skype သုံးတယ်ဆိုရင် PayPal Billing Agreement ထဲဝင်သွားပြီး နောက်တခါဝယ်မယ်ဆိုရင် Paypal အကောင့်ကနေ သူဝယ်ဖို့နှိပ်လိုက်တာနဲ့အော်တို Paypal account ၀င်စရာမလိုဘဲ ၀ယ်လို့ရနေမှာဖြစ်ပါတယ် အဲဒီအချက်ကိုပိတ်မယ့်နည်းကိုကျွန်တော်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်
- ပထမဆုံး Paypal.com ကိုသွားပြီးကိုယ့်အကောင့်ကို Login ၀င်လိုက်ပါ
- ပုံမှာပြထားတဲ့အတိုင်း Profile ကိုနှိပ်လိုက်ပါ.
- နောက်တမျက်မှာ, y “My money > My pre-approved payment”. Update အဆင့်ဆင့်နှိပ်ပါ
- Update ကိုနှိပ်ပြီးတာနဲ့ကိုယ်သဘောတူထားတဲ့ Payment တွေပေါ်လာမှာပဲဖြစ်ပါတယ် အဲဒီထဲကမှကို Billing Agreement ပိတ်ချင်တဲ့ Godaddy ပိတ်ချင်တယ်ဆို Godaddy Skype ပိတ်ချင်တယ်ဆို Skype ကိုနှိပ်ပါ

-
- Godaddy နှိပ်ပီးတာနဲ့ ပုံမှာပြထားတဲ့အတိုင်းActive ဘေးက Cancel ကိုနှိပ်လိုက်ပါ

- Cancel, ကိုနှိပ်ပြီးတာနဲ့ Yes ကိုနှိပ်ပါ
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
Subscribe to:
Posts (Atom)
















