သင့် ရဲ့  favourite applications တွေနဲ့  websites တွေကို windows ရဲ့  context menu ကနေ လျှင်လျှင်မြန်မြန် အသုံးပြုချင်ရင်တော့ context menu editor ဆိုတဲ့ application ကိုသုံးကြည့်ပါ။
Context Menu Editor ကို administrator အနေနဲ့  run ပြီးရင် Add a link to an Application/Command အောက်မှာ သင် context menu မှာ ထည့်ချင်တဲ့ application ရဲ့  exe file ကို ရွေးပေးလိုက်ပြီး Set ကိုနှိပ်လိုက်ပါ။ပြီးရင် desktop ကလွတ်တဲ့နေရာမှာ right click နှိပ်ကြည့်ရင် context menu entry မှာ သင့် application ပေါ်လာပါပြီ။အဲဒီကနေပြီးသင့်ရဲ့  favourite applications တွေကိုလျှင်လျှင်မြန်မြန်အသုံးပြုနိုင်ပါပြီ။
သင့် favourite sites တွေကို context menu ကနေအသုံးပြုနိုင်ဖို့ Add a link to a Website အောက်မှာ ဆိုက်ရဲ့  URL ကိုထည့်ပေးပြီး Set ကိုနှိပ်လိုက်ပါ။Desktop ရဲ့ လွတ်နေတဲ့နေရာမှာ right click နှိပ်ကြည့်ရင် သင့်ဆိုက်ရဲ့ လင့်ကို တွေ့ နေရပါပြီ။အဲဒီကနေ သင့် favourite sites တွေကို လျှင်လျှင်မြန်မြန် အသုံးပြုနိုင်ပါပြီ။
Download latest version of context menu editor from official page
0 comments:
Post a Comment