Thursday, March 28, 2013

Widgets

Ad-Aware Pro Security 10.5 [Giveaway][လိုင်စင်အမှန်တစ်ခုအလကားပေးမည်။]

adawaregiveaway

Lavasoft ရဲ့  Ad-Aware Pro Security  One PC For One Year လိုင်စင် အမှန်တစ်ခု တစ်ယောက် သောသူ ကို အလကားကံစမ်းမဲဖေါက်ပေးပါမည်။ ဒီဆော့ဝဲရဲ  လိုင်စင်က (36 $) တန်ဖိုးရှိပါတယ်။ ကျွန်တော် တို့ နိုင်ငံမှာ များသောအားဖြင့်ဆော့ဝဲတွေ Antivirus တွေ ကိုဝယ်သုံးနေကြတာမဟုတ်ပါဘူး။Cracker,Keygen,Patch  စတာတွေ နဲ့ full version ဖြစ်အောင်လုပ်ပြီးသုံးနေကြတာပါ။Antivirus တွေ ဆိုရင် လည်း လိုင်စင် တွေကို share လုပ်ပြီးသုံးနေကြတာပါ။အခုနောက်ပိုင်း Antivirus တွေ ဟာ virus definition ကို update လုပ်တဲ့ အချိန်မှာ လိုင်စင် တွေကို စစ်ဆေးပြီး block လုပ်တတ်ကြပါတယ်။အဲဒီအတွက် Antivirus တွေ ကို လိုင်စင် share လုပ်ပြီးသုံးရတာ အဆင်မပြေပါဘူး။ကျွန်တော် ကိုယ်တိုင်လည်း Antivirus လိုင်စင်တွေ block လုပ်ခံရတာကြောင့်စိတ်ညစ်ပြီး အွန်လိုင်းမှာ လိုင်စင် အမှန်တွေ အလကားပေးတဲ့ ဆိုက်တွေ ကို လိုက် ရှာ ပြီးသုံးနေတာ တော် တော် အဆင်ပြေနေပြီးစိတ်ချမ်းသာပါတယ်။ Antivirus လိုင်စင် အမှန် သုံးချင်သူတွေ အတွက် ကျွန်တော် ကံစမ်းမဲ ပေါက်ထားတဲ့ Ad-Aware Pro Security ကွန်ပြူတာတစ်လုံးအတွက် တစ်နှစ်စာအသုံးပြုခွင့်လိုင်စင် တစ်ခု ကို တစ်ယောက်သောသူကို အလကားပေးပါမယ်။

Features

*သင့်ကွန်ပြူတာကို  Real-Time Protecton ဖြင့် အချိန်ပြည့်ကာကွယ်ပေးနိုင်ပြီး စက်မလေးစေဘဲအလွန်လျှင်မြန်စွာ နဲ့ scan လုပ်ပေးနိုင်ပါတယ်။Real-Time Process Protection ပါရှိပြီး malicious process တွေကိုကာကွယ်ပေးပါတယ်။Real-Time Registry Protection ဖြင့် malware program  တွေက registry ကို ပြင်ခြင်း ကို alert လုပ်ပေးနိုင်ပြီးတားဆီးပေးနိုင်ပါတယ်။

*Download လုပ် ပြီး တဲ့ ဖိုင်တွေက virus,malware တွေကို scan လုပ်ပေးနိုင်ပြီး သင့်စက်ကို ကာကွယ်ပေးနိုင်ပါတယ်။

*Email Protection ပါရှိပြီး အီးမေး အ၀င်အထွက် တွေကို စောင့်ကြည့် စစ်ဆေးပေးနိုင်ပြီး သင့်စက်ကို ကာကွယ်ပေးနိုင်ပါတယ်။Email Client တွေ ဖြစ်တဲ့ Outlook 2000+, Outlook Express 5.0+, Windows Mail (for Vista and 7), SMTP/POP3 (Thunderbird, IncrediMail, Eudora, etc.) တွေကို စောင့်ကြည့် စစ်ဆေးပေးနိုင်ပါတယ်။

*Online Banking ,shopping လုပ်တဲ့သူတွေ အတွက် credit card ,back account တွေကို phishing attack အပါအ၀င် နည်းအမျိုးမျိုး ဖြင့် ခိုးယူခြင်းမှကာကွယ်ပေးနိုင်ပါတယ်။

*Network activity တွေကို အချိန်ပြည့်စောင့်ကြည့်ပေးနိုင်ပြီးသင့်ကွန်ပြူတာနဲ့ network အကြေားက malicious activity တွေကို တားဆီးပေးနိုင်ပါတယ်။

*Latest Virus တွေကို ကာကွယ်ပေးနိုင်ဖို့  latest virus defination တွေကို အလိုလို လျှင်မြန်စွာ update လုပ်ပေးနိုင်ပါတယ်။

*Game mode ပါရှိပြီး game ဆော့နေတဲ့ အချိန် တွေ ရုပ်ရှင်ကြည့်နေတဲ့ အချိန်တွေမှာ scan လုပ်တာတွေ alert လုပ်တာတွေကို မပြုလုပ်စေဘဲ တစ်နည်းအားဖြင့် system resources တွေကို အနည်းဆုံး လျှော့ချအသုံးပြုပေးပြီး game ဆော့တာ ရုပ်ရှင်ကြည့်တာတွေကို ကောင်းကောင်းမွန်မွန်နဲ့  အနှောင့်အယှက် မဖြစ်စေဘဲ ဆော့ကစားနိုင် အပန်းဖြေနိုင်ပါတယ်။

*Safe Browsing ဖြင့် virus , malware ကူးစက်စေနိုင်တဲ့ဆိုက်တွေ ၊လင့်တွေ  ကို အမြဲ ရှာဖွေ update လုပ်ပေးနိုင်ပြီး အဲဒီဆိုက်တွေ ၊လင့်တွေ ရဲ့ ဘေးမှာ status ကို ဖော်ပြပေးနိုင်ပြီး အသုံးပြုသူကို သိရှိစေပါတယ်။

*Facebook,Twitter,Google Plus စတဲ့ social network တွေမှာအသုံးပြုတဲ့ chat ,message တွေ ကလင့်တွေကို  စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး ကာကွယ်ပေးနိုင်ပါတယ်။

*Two-Way Firewall ပါရှိပြီး သင့်ကွန်ပြူတာက program တွေနဲ့ network အကြားမှာ ပေးပို့ ရယူနေတဲ့ ဒေတာတွေကို အ၀င်ရော အထွက်ပါ  စောင့်ကြည့်စစ်ဆေးပေးနိုင်ပါတယ်။Keylogger တွေက သင့်စက်က သတင်းအချက်အလက်တွေကို ခိုးယူပေးပို့ ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။

*External Storage Device တွေကို စစ်ဆေးပေးနိုင်ပါတယ်။Custom Scan ဖြင့်သီးခြားဖိုင်တွေ ဖိုဒါတွေကို လည်းရွေးချယ်စစ်ဆေးနိုင်ပါတယ်။

*Malware Sandbox Emulator ဖြင့် အန္တရာယ် ရှိနိုင်တဲ့ ဆော့ဝဲတွေကို သင့်ကွန်ပြူတာကို မထိခိုက်စေဘဲ စစ်ဆေးအသုံးပြုနိုင်ပါတယ်။

System Requirements

Processor

P733 MHz or better

RAM

512 MB (1GB recommended)

Hard Disk

300 MB free space recommended

Supported Languages

English, French, German, Italian, Spanish, Simplified Chinese

Supported Operating Systems

Windows 8 (32- & 64-bit), Windows 7, Windows Vista (32 and 64-bit), Windows XP (SP2+,32-bit)

အခုဆိုရင် Ad-Aware Pro Security ရဲ့ features တွေကို သိရှိနိုင်ပါပြီ။အပြည့်အစုံသိချင်ရင် http://www.lavasoft.com/products/ad_aware_pro.php  မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

Interface

ad-aware-main

2

 

3

4

How Can I Win Ad-Aware Pro Security?

ကျွန်တော် ရရှိထားတဲ့ Ad-Aware Pro Security ကွန်ပြူတာ တစ်လုံးအတွက် တစ်နှစ်စာအသုံးပြုခွင့်လိုင်စင်ကို တစ်ယောက်တည်းကို သာ အလကားပေးပါမည်။သင်လည်းလို ချင်ရင် ပါဝင်ကံစမ်းနိုင်ပါတယ်။အဲဒီအတွက် သင်လုပ်ရမယ့်အရာတွေက

(၁) ဒီ Giveaway ကို twitter မှာ tweet လုပ်ပေးပါ။

(၂) ကျွန်တော့်  ရဲ့ Facebook Page ကို Like လုပ်ပေးပါ။

(၃) Antivirus တွေထဲမှာ ဘယ်တစ်ခု ကို အကြိုက်ဆုံးလဲ ဆိုတာ ကွန်းမန့် ရေးပေးပါ။

(၄) Twitter မှာ ကျွန်တော့်ကို follow လုပ်ပေးပါ။

အထက်ပါ အချက်တစ်ခု ကို လုပ်ရင် entry တစ်ခု ရမှာဖြစ်ပြီး လေး ခု လုံး လုပ်ရင်တော့ entry လေးခု ရမှာပါ။ June 30 ရက်နေ့ အထိပါဝင်ကံစမ်းနိုင်ပါတယ်။ July 1 ရက်နေ့ မှာ ပါဝင်ကံစမ်းသူတွေ ထဲက တစ်ယောက်ကို random ရွေးချယ်ပြီးကံထူးသူကို  အီးမေးပို့ ပြီးဆက်သွယ်ပေးပါမည်။ကျွန်တော့် ဘလော့ မှာလည်း ကံထူးသူကို ဖော်ပြပေးပါမည်။

Good Luck !!!

a Rafflecopter giveaway

0 comments:

Post a Comment