Windows 8 နဲ့ Windows 7 မှာ password ရိုက်ထည့်စရာမလိုဘဲ logon လုပ်လို့ ရတဲ့နည်းကို ရေးပေးဖူးပါတယ်။နောက်ပြီး windows built-in password reset feature ကို အသုံးပြုပြီး Password Reset Disk ပြုလုပ်နည်းအကြောင်းကိုလည်းရေးပေးဖူးပါတယ်။Password Reset Disk မပြုလုပ်မိတဲ့ အခြေအနေမှာ သင့်ဝင်းဒိုး ရဲ့  password မေ့ သွားခဲ့ရင်တော့ freeware တစ်ခု ဖြစ်တဲ့ Lazesoft Recover My Password ကို သုံးပါ။Windows XP,Vista,7 စတဲ့ os တွေ မှာ အင်စတောလုပ်နိုင်ပါတယ်။Password မေ့ နေတဲ့ Windows XP,Vista,7 and 8 သုံးတဲ့ ကွန်ပြူတာတွေက Password တွေကို reset လုပ်ပေးနိုင်ပါတယ်။
Recover My Password ကို အင်စတောလုပ်ပြီးရင် run ပါ။Burn Bootable CD/USB Disk Now! ကိုနှိပ်ပါ။
နောက်အဆင့်မှာ password reset ပြုလုပ်ဖို့  media အနေနဲ့  CD/DVD or USB Flash or ISO Image စတာတွေထဲက သင်အဆင်ပြေတဲ့  တစ်ခု ရွေးပေးပြီး Commit နှိပ်ပါ။ဒီ ဆောင်းပါးမှာတော့ USB Stick ကို အသုံးပြုမှာ ဖြစ်တဲ့အတွက် USB Flash ကို ရွေးပါတယ်။
တစ်ခု မှတ်ထားရမှာက သင့်ရဲ့  CD/DVD or USB Flash ကို format ချမှာ ဖြစ်တဲ့အတွက် သင့်  ဒေတာတွေကို အရင်သိမ်းထားသင့်ပါတယ်။ပြီးရင်တော့ အောက်ကပုံမှာလို တွေ့ ရမှာဖြစ်ပြီး Finish ကို နှိပ်ပါ။
ဒါဆိုရင် Windows Password Reset Disk ပြုလုပ်ပြီးပါ ပြီ ။CD/DVD or USB Flash ကို ကွန်ပြူတာကနေ ဖြုတ်ပါ။ပြီးတော့ Password မေ့နေတဲ့  ကွန်ပြူတာမှာ CD/DVD or USB Flash Disk ကို ချိတ်ဆက်ပါ။Boot Menu မှာ CD/DVD or USB ကနေ boot တက်ဖို့ ရွေးပေးပါ။Boot တက်လာရင် တော့ Lazesoft Live CD (EMS Enabled) ကို ရွေးပေးပြီး enter နှိပ်ပါ။
Lazesoft application windows ပေါ်လာရင် Reset Windows Password ရွေးပေးပြီး Next နှိပ်ပါ။
နောက်အဆင့်မှာ သင့် os နဲ့  Reset Local Password ကို ရွေးချယ်ပြီးသားဖြစ်နေမှာပါ။မရွေးချယ်ရသေးရင် ရွေးချယ်ပေးပါ။ပြီးရင် Next နှိပ်ပါ။
နောက်အဆင့်မှာ သင့်အကောင့်ကို ရွေးချယ်ပေးပြီး Next နှိပ်ပါ။
နောက်အဆင့်မှာ RESET/UNLOCK button ကိုနှိပ်ပေးပါ။ဒါဆိုရင် သင့် password ကို reset/unlock လုပ်ပေးလိုက်မှာဖြစ်ပြီး သင့် ၀င်းဒိုး အကောင့်ကို password ရိုက်ထည့်စရာမလိုဘဲ သုံးနိုင်ပါပြီ။
Lazesoft Recover My Password( Home Edition) က free ပါ။အောက်ကလင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
အကိုရေ Software က်ုဒေါင်းပီး stick ထဲကိုထည့်ပီးပီ ဒါပေမယ့် desktop လိုမျိုး first boot device ကို laptop မှာ မလုပ်တက်လို့ပါ ကူညီပါအုံးခင်ဗျာ
ReplyDeleteboot စတက်တက်ချင်းမှာ key တစ်ခု ပေါ်ပါမယ်။ များသောအားဖြင့် F2 ပါ။ အဲဒီကီးကိုနှိပ်ပြီး boot menu မှာ usb stick ကို အပေါ်ဆုံးပြောင်းပြီး save လုပ်ပါ။
Deleteအကိုရေ Boot တော့တက်တယ်ဗျ ဒါပေမယ့် bootmgr is missing .... ctrl+alt+del to restart အဲဒါကြီးပဲပေါ်လာတယ် ရဖူး help me bro please
Deleteko aung ရဲ့ ပြဿနာကိုသေချာပြောပြပါ။ ဘာဝင်းဒိုးသုံးတာလဲ။ Password မေ့နေတာလား။Boot တက်ရင် နှိပ်ရမယ့်ကီးကို မပြဘူးလား။ Boot စတက်တက်ချင်းမှာကီးပေါ်ပါမယ်။သေချာကြည့်ပါ။
Delete