Friday, April 11, 2014

Widgets

အပြင်တွင် တကယ် မရှိသော အိမ်ကို ကန်ဒေါ်လာ ၁ သန်းကျော်ဖြင့် ဝယ်နေကြ



Entropia Universe ဟာ ဆွစ်ဇာလန် အခြေဆိုက် ကမ္ဘာ့ အကြီးဆုံး အွန်လိုင်း စီးပွားရေး ဂိမ်း ဝဘ်ဆိုဒ် တစ်ခု ဖြစ်ပြီး ကမ္ဘာ တစ်ဝန်းမှ ဆော့ကစားလျက် ရှိပါတယ်။ အဲ့ဒီထဲကမှာ ဝင်ဆော့ သူများက တစ်ဦးချင်း အလိုက် ရှိသလို၊ ကုမ္မဏီ အလိုက်လည်း ရှိပါတယ်။ ယင်းထဲမှာမှ စင်္ကာပူ အခြေဆိုက် ကုမ္မဏီ တစ်ခုက ဂိမ်းထဲက အိမ်တစ်လုံးကို အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ ရောင်းချ လိုက်ပါတယ်။

ဒါဟာ Virtual World ပေါ်မှာ အိမ် ခြံ မြေ ဈေးကွက် မြင့်မားလာခြင်းကို ပြသခြင်း ဖြစ်ပါတယ်။ ဂိမ်းဝဘ်ဆိုဒ် ကတော့ www.planetarkadia.com မှာ ဖြစ်ပါတယ်။ ယင်း သတင်းကို www.house.com.mm မှာ ဖော်ပြ ထားတာ တွေ့လို့ ပါ။ ဂိမ်းဆိုဒ်ထဲ ဝင်စစ်ကြည့် လိုက်တဲ့ အခါ မှာလည်း တကယ်မှန်နေ ပါတယ်။ ကန်ဒေါ်လာ ၁ သန်းနဲ့ ရောင်းတာတောင် ဝယ်ချင်သူ များနေတာကို အံ့မခန်း လေ့လာ တွေ့ရှိလိုက်ရ ပါတယ်။ ဂိမ်း မှာ သုံးတဲ့ ငွေကြေးနဲ့ အရောင်း အဝယ် ဖြစ်တာပါ။ အမေရိကန်ဒေါ်လာနဲ့ ပြန်တွက်တော့ ၁ သန်းနဲ့ ညီမျှနေခြင်း ဖြစ်ပါတယ်။

အွန်လိုင်း စီးပွားရေး ဂိမ်း ဖြစ်ပြီး ကမ္ဘာ တစ်လွှားကနေ အရူးအမူး ဆော့ကစား နေသူတွေ အင်မတန် များပြား ပါတယ်။ သူ့လိုပဲ အပြင်မှာ တကယ်မရှိပဲ ရောင်းထွက်တဲ့ အိမ်ခြံ မြေ အပြင် အခြားသော ဂိမ်း Item အများအပြား မိနစ်တိုင်း ကမ္ဘာတစ်လွှား စီးဆင်းလျက် ရှိကြောင်း သိရ ပါတယ်။
.

0 comments:

Post a Comment