Sunday, April 21, 2013

Widgets

GOM Remote : Control GOM Player From IPhone & Android

1

GOM Player ဟာ free media player တစ်ခု ဖြစ်ပြီး အကောင်းဆုံး media player တွေ ထဲက တစ်ခု ပါ။GOM Lab ကမကြာသေးမီက သင့် ကွန်ပြူတာ က GOM Player ကို သင့် IPhone , Android Phone တွေ ကနေ control လုပ်ပေးနိုင်မယ့် GOM Remote ဆို တဲ့ applications တွေကို အခမဲ့ ဖြန့် ဝေခဲ့ပါတယ်။ဒီလို ထိန်းချုပ်နိုင်ဖို့ အတွက် သင့်ကွန်ပြူတာနဲ့  IPhone , Android Phone တွေ ဟာ တူညီတဲ့  network  တစ်ခု တည်းမှာ ရှိရပါမယ်။သင့်ကွန်ပြူတာကနေ wifi လွှင့်ဖို့ အတွက် Connectify Hotspot Pro ကို သုံးပါ။

GOM Remote application ကို သုံးပြီး ထိန်း ချုပ်ခိုင်းစေနိုင်မယ့် အရာတွေ ကတော့

  • Run and close GOM Player

  • Open new files

  • Take snapshot of running video

  • Mute the audio

  • Quickly play/pause running video

  • Change volume

  • Minimize screen

  • Switch to full screen

  • Change aspect ratio

  • Turn on/off subtitles

  • Open and configure subtitle

  • Control GOM Audio

  • Control PowerPoint presentations

  • ပထမဆုံး သင့်ကွန်ပြူမှာ GOM Tray ဆို တဲ့ application ကို ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ရပါမယ်။အင်စတောလုပ်ပြီးရင် သင့်ကွန်ပြူတာနဲ့ သင့် ရဲ့ IPhone,Android Phone နဲ့ ချိန်ဆက်ဖို့  Pairing Key ကို ရရှိပါမယ်။အဲဒီ ကီး ကို သင်မှတ်ထားစရာမလို ပါဘူး။System tray က GOM tray အိုင်ကွန်ကို mouse cursor ထောက်ကြည့်ရင် IP နဲ့  pairing key ကို တွေ့ မြင်နိုင်ပါတယ်။

    2

    3

    GOM Remote ကို သင့် IPhone , Android Phone မှာ အင်စတောလုပ်ဖို့  သက်ဆိုင်ရာ Application Store တွေ ကနေ ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ပါ။New Connection ကိုနှိပ်ပါ။

    4

    နောက်အဆင့်မှာ သင့်ကွန်ပြူတာရဲ့ IP ကို ထည့် ပြီး connect လုပ်နိုင်သလို Pairing Key ကို ထည့် ပြီးလည်း connect လုပ်နိုင်ပါတယ်။System Tray က GOM Tray အိုင်ကွန်ကို mouse cursor ထောက်ကြည့်ရင် IP , Pairing Key တွေ ကို တွေ့ မြင်နိုင်ပါတယ်။

    5

    GOM Player နဲ့ GOM Remote ချိတ်ဆက်မိသွားရင်တော့ GOM Player ကို သင့် IPhone , Android Phone တွေကနေ သင်ထိန်းချုပ်နိုင်ပါပြီ။GOM Remote ကို အသုံးပြုတိုင်း IP , Pairing Key တွေကို သင်ထည့်ပေးစရာမလို ဘဲ Recent Connections ကနေ အသုံးပြုနိုင်ပါတယ်။

    Moborobo20130421183515Moborobo20130421183529

    GOM Remote က GOM Media Player သာမက GOM Audio Player , PowerPoint Presentation စတာတွေကို ပါ ထိန်းချုပ်နိုင်ပါသေးတယ်။

    0 comments:

    Post a Comment