Monday, April 8, 2013
Widgets
Google Alerts : Monitor Anything On The Web
1
Google ရဲ့ Service တစ်ခု ဖြစ်တဲ့ Google Alerts ကို Google Account တစ်ခု ရှိရင် အခမဲ့  သင်အသုံးပြုနိုင်ပါတယ်။Web Pages,Blogs,News paper articles တွေစတဲ့ Web ပေါ်က သင်စောင့်ကြည့်ချင်တဲ့ အကြောင်းအရာအသစ်တွေကို စောင့်ကြည့်ပေးနေမှာပါ။သင်စောင့်ကြည့် ခိုင်းထားတဲ့ အကြောင်းအရာ Web ပေါ်ကို ရောက်လာတာနဲ့ သင့် ဆီအီးမေးပို့ ပေးပြီး မှာဖြစ်ပြီးဦးဦးဖျားဖျား သင်သိရှိနိုင်ပါတယ်။Google Alerts ရဲ့ အသုံးဝင်ပုံတွေ ကတော့
*သင့် company , products တွေ အကြောင်း web ပေါ်မှာ ပြောဆိုရေးသားတာတွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။
*Developing news story တွေကို စောင့်ကြည့်လေ့လာနိုင်ပါတယ်။ဥပမာ  စမ်း သပ်ဆဲကာလ products တွေ ရောင်းတန်း ၀င် အဆင့်ရောက်ရှိတဲ့ အချိန်ကို စောင့်ကြည့်နိုင်ပါတယ်။
*Celebrity , အားကစား အသင့်အဖွဲ့ တွေ နဲ့ ပတ်သတ်တဲ့ နောက်ဆုံးရသတင်းတွေကို သိရှိနိုင်ပါတယ်။
*သင့်အကြောင်း web ပေါ်မှာ ဘယ်သူတွေ ပြောဆို ရေးသားနေကြလဲ ဆိုတာ စောင့် ကြည့်သိရှိနိုင်ပါတယ်။
Google Alerts Home Page  ကို သွားပြီး သင့် Google အကောင့်နဲ့  ၀င်ပြီးရင် သင် စောင့်ကြည့်သိရှိချင်တဲ့ အကြောင်းအရာကို  Search query မှာ ရေးပါ။ဥပမာ အားဖြင့် အင်တာနက်မှာ Windows 8 Tablet , Windows 8 License တွေကို အခမဲ့ လက်ဆောင်ပေးတဲ့ ဆိုက်တွေ ရှိပါတယ်။ အောက်မှာ တော့ ကျွန်တော် Windows 8 tablet giveaway လို့ ရိုက်ထားပါတယ်။အဲဒီအတွက် Web Sites,blogs, news စတာတွေကနေ Windows 8 tablet ကို ကံစမ်းမဲဖေါက်ပေးတဲ့ အကြောင်းအရာ တွေ အင်တာနက်မှာ အသစ်ရေးသားပြောဆို ကြတိုင်း Google Alerts က ကျွန်တော့် ဆီ ဦးဦးဖျားဖျား အီးမေးပို ပေးနိုင်ပြီး သိရှိနိုင်ပါတယ်။အခု ဆောင်းပါးရေးနေတဲ့ အချိန်မှာတော့ Windows 8 tablet ကို ကံစမ်းမဲဖေါက်ပေးတဲ့ အကြောင်းအရာနဲ့ ပတ်သတ်တဲ့ results မရှိသေးပါဘူး ဆိုပြီး ညာဘက်ဘေး မှာ ပေါ်လာပါတယ်။မကြာသေးခင်က Windows 8 tablet ကို ကံစမ်းမဲဖေါက်ပေးတဲ့ ၀က်ဆိုက်နဲ့ သတင်းကို တော့ ဖော်ပြပေးထားတာတွေ့ ရပါတယ်။ Result type မှာတော့ Everything,News,Blogs,Video,Discussion,Books စတာတွေကို သင်ရွေးချယ်နိုင်ပါတယ်။How often မှာ တော့ As-it-happens, Once a day,Once a week စတာတွေကို ရွေးချယ်နိုင်ပါတယ်။As-it-happens ကို ရွေးချယ်ရင်တော့ သင်စောင့်ကြည့်ခိုင်းထားတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီးအသစ်တွေ့ တိုင်း သင့်ဆီအီးမေး ပို့ ပေးနေမှာပါ။Once a day,Once a week ကို ရွေးချယ်ရင်တော့ တစ်နေ့ တခါ ဒါမှမဟုတ် တစ်ပတ်တစ်ခါ မှသာ အကြောင်းအရာတွေ စုစည်းပြီးအီးမေးပို့ ပေးမှာပါ။How many မှာတော့ Only the best results , All results စတာကို ရွေးချယ်နိုင်ပါတယ်။Deliver to မှာ သင့်အီးမေး ကို ထည့် ပေးရင် သင့်ဆီအီးမေးပို့ ပေးမှာပါ။Feed ကို ရွေးရင် တော့ Google Reader ကနေ alert တွေကို ဖတ်ရှုနိုင်ပါတယ်။Google Reader ကတော့ မကြာခင် Google ကအဲဒီ service ကို ပိတ်တော့မှာ ကို တော့ သတိပြုပါ။ပြီးရင်  CREATE ALERT ကို နှိပ်ပါ။သင့် google account နဲ့  ၀င်ထားရင်တော့ verify လုပ်စရာမလို ပါဘူး။ သင့် google account နဲ့  ၀င်မထားရင်တော့ သင့် ဆီ verification email တစ်စောင်ပို့ ပေးမှာ ဖြစ်ပြီးအဲဒီအီးမေးက verify link ကို နှိပ်ပြီး confirm လုပ်ပေးရမှာပါ။
ashampoo 01
Manage your alerts ကို နှိပ်ပြီးတော့ သင်ပြုလုပ်ထားတဲ့ alerts တွေကို manage လုပ်နိုင်ပါတယ်။
ashampoo 01
Tips
Search query မှာ operator တွေသုံးပြီးတော့လည်း သင်စောင့်ကြည့်ချင်တဲ့ အကြောင်းအရာကို သင့်စိတ်ကြိုက်အနေအထားနဲ့  စောင့်ကြည့်ခိုင်းထားနိုင်ပါတယ်။
* ”Windows 8 tablet giveaway” လို့  quotes ခံပြီးရေးရင် ဒီစကားစုအတွဲလို က်ပါတဲ့ အကြောင်းအရာ ကို တိတိကျကျ စောင့်ကြည့်ပေးမှာဖြစ်ပါတယ်။အဲဒီအတွက် Windows 8 စကားစုသာပါတဲ့ မလိုအပ်တဲ့ အကြောင်းအရာတွေ သင့်ဆီ alert လုပ်ပေးမှာမဟုတ်ပါဘူး။
* Site operator ကို သုံးပြီးတော့ လည်း သီးသန့် ဆိုက် ဒါမှမဟုတ် သီးသန့်  ဒိုမိန်း ကနေပဲ သင်ရှာချင်တဲ့ အကြောင်းအရာကို စောင့်ကြည့်ခိုင်းထားနိုင်ပါတယ်။
-physics site:.edu
-congress site:nytimes.com
*သင့်အကြောင်း ၀က်ပေါ်မှာ ပြောဆို ရေးသားနေတာကို စောင့်ကြည့်သိရှိချင်ရင် သင့်နာမည်ကို quotes ခံပြီးရေးပါ။ဥပမာ “thuya”
Google Alert နဲ့ ပတ်သတ်ပြီးပြည့်ပြည့်စုံစုံ လေ့လာချင်သေးရင်တော့ Google ရဲ့ Support Page မှာ ကြည့်ပါ။
0 comments:
Post a Comment