Friday, November 9, 2012

Widgets

Add Scheduling,Tracking & Reminders To Gmail With RightInbox

3

သင့် အလုပ်က customer တွေကို schedule လုပ်ပြီး အီးမေး ပို့ ရမယ့်အချိန်မျိုး ၊ အရေးကြီး အီးမေး တွေ သင့် customer/recipient တွေဆီ ရောက်မရောက် သိချင်တဲ့အခါ၊အရေးကြီးတဲ့ အီးမေး reply ကို စောင့်နေရတဲ့အခါ ဒီ gmail add on/extension ကများစွာအကုအညီပေးပါလိမ့်မယ်။Firefox,chrome,safari browsers သုံးမျိုး အတွက်သုံးလို့ ရပါတယ်။

RightInbox ကို သင့် browser မှာသွင်းပြီး ရင် grant access လုပ်ပြီးရင် သင့် gmail ထဲဝင်ပြီး compose ကိုနှိပ်ကြည့်ရင် အောက်ကပုံမှာလို တွေ့ ရမှာပါ။

2

Scheduling Emails

Recipient ကိုပေးဖို့ စာရိုက်ပြီးသွားရင် Send Later ကိုနှိပ်ပါ။နာရီအနည်းငယ်အတွင်းပေးပို့ နိုင်သလို နောက်နေ့ မှလည်းပေးပို့ နိုင်တဲ့အပြင် အချိန်၊နေ့ ရက် ၊time zone သတ်မှတ်ပြီး ပေးပို့ နိုင်ပါတယ်။ရွေးချယ်ပြီးရင် အဲဒီ အီးမေးက draft folder ထဲရောက်သွားမှာဖြစ်ပြီးသတ်မှတ်ပေးထားတဲ့ အချိန်ရောက်ရင်သူ့ အလိုလို ပေးပို့ မှာဖြစ်ပါတယ်။သင်စိတ်ပြောင်းသွားပြီး ချက်ချင်းပေးပို့ ချင်ရင်လည်းပေးပို့ နိုင်ပါတယ်။

4

Getting Reminders

အရေးကြီးအီးမေးပေးပို့ ပြီး reply စောင့်နေရမယ့်အချိန်ဆိုရင် remind me ကိုအသုံးပြုပြီးပေးပို့ နိုင်ပါတယ်။သင့်အီးမေးကို အချိန်အပိုင်းအခြားအတွင်း reply မလုပ်ခဲ့ရင် သင့်ပေးပို့ လိုက်တဲ့အီးမေးကို inbox ထိပ်ဆုံးမှာပြန်ထားပေးဖို့ ၊star,mark as unread လုပ်ဖို့ ၊reminder label ထဲထည့်ပေးဖို့  options တွေရွေးချယ်နိုင်ပါတယ်။

5

Tracking Emails

သင်ပေးပို့  လိုက် တဲ့ အီး   မေးကို တစ်ဖက်လူက ဖွင့်ဖတ်လိုက်ရင်သိနိုင်ဖို့  Track ကိုအမှန်ခြစ်ပေးပါ။တစ်ဖက်လူက အီးမေးဖွင့်ဖတ်လိုက်တာနဲ့ သင့် ဆီအီးမေး ၀င်လာမှာဖြစ်ပါတယ်။

1

Free user အနေနဲ့ feature တစ်ခုကို တစ်လကို 10 ကြိမ်အသုံးပြုနိုင်ပါတယ်။Facebook,twitter တို့ မှာ ကြော်ညာလုပ်ပေးရင် အသုံးပြုနိုင်တဲ့အကြိမ်အရေအတွက် ပိုမိုရရှိနိုင်တဲ့ အစီအစဉ်တွေလည်းရှိပါတယ်။

Checkout RightInbox @ www.rightinbox.com

0 comments:

Post a Comment