Thursday, November 29, 2012

Widgets

Windows 8 Upgrade Assistant

သင့်ကွန်ပြူတာမှာ windows 8 ကို install မလုပ်ခင်မှာသင့်ကွန်ပြူတာရဲ့  hardware,applications အပြင် ကွန်ပြူတာနဲ့ တွဲဖက်အသုံးပြုနေတဲ့ printers,scanners,peripheral devices တွေဟာ windows 8 နဲ့  compatible ဖြစ်မဖြစ် သိရှိနိုင်အောင်ပြုလုပ်ပေးမယ့် microsoft ရဲ့ windows 8 upgrade assistant ပါ။ဒီ application ကို မ run ခင်မှာသင့် ရဲ့  printer,scanner စတဲ့ peripheral devices တွေကို ချိတ်ဆက်ထားဖို့ လိုပါတယ်။

Windows 8 upgrade assistant ကို run ရင် scan လုပ်ပါလိမ့်မယ်။အချိန်အနည်းငယ်ကြာပြီးရင် တော့ compatibility report ကို ရရှိပါလိမ့်မယ်။

1

See compatibility details ကိုနှိပ်ကြည့်ရင် compatible ဖြစ်တဲ့ applications တွေ compatible မဖြစ်တဲ့ applications,items တွေကို မြင်တွေ့ နိုင်ပါတယ်။

2

Windows 8 အတွက် လိုအပ်တဲ့ system requirements တွေကို microsoft website ကထုတ်ပြန်ထားတာကတော့

Processor: 1 gigahertz (GHz) or faster with support for PAE, NX, and SSE2 (more info)

RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit)

Hard disk space: 16 GB (32-bit) or 20 GB (64-bit)

Graphics card: Microsoft DirectX 9 graphics device with WDDM driver

ဒီထက်ပိုပြီးအသေးစိတ်ဖတ်ရှုကြည့်ချင်ရင်တော့ system requirement page မှာဖတ်ပါ။

Download windows 8 upgrade assistant @ http://windows.microsoft.com/en-US/windows-8/upgrade-to-windows-8#section_5

0 comments:

Post a Comment