Friday, November 16, 2012
Widgets
Tips To Speed Up Your Computer’s Boot Time
ကွန်ပြူတာ boot time ကိုမြန်အောင်လုပ်ဖို့ နည်းလမ်းများကို  အင်တာနက် မှာရှာပြီးတော့ အကောင်းဆုံး အကြိုက်ဆုံးနည်းတွေကို မျှဝေလိုက်ပါတယ်။Windows startup program တွေကို disable လုပ်ခြင်း၊startup မှာ run တဲ့ services တွေကို delay လုပ်ပေးခြင်း၊BIOS setting မှ boot order ကိုပြင်ခြင်း၊အသုံးမပြုတဲ့ drivers တွေကို disable လုပ်ခြင်း၊ကွန်ပြူတာကို လေးလံစေမယ့် malware တွေကို ရှင်းပေးခြင်း၊အသုံးမပြုတဲ့ ဖောင့်တွေကို ရှင်းထုတ်ခြင်း၊PC optimization softwares တွေကို မှန်မှန်ကန်ကန်နဲ့ အမြဲအသုံးပြုပေးခြင်းဖြင့် သင့်ကွန်ပြူတာရဲ့ boot time ကိုလျှင်မြန်စေနိုင်ပါတယ်။
Tweak Your BIOS
8
သင့်ကွန်ပြူတာ boot တက်တဲ့အချိန်မှာ BIOS setting ထဲက boot order priority အရ detect လုပ်ပြီး boot တက်တာဖြစ်ပါတယ်။ှသင့်ကွန်ပြူတာ boot တက်တာဟာ hard disk ကနေဖြစ်တဲ့အတွက် BIOS setting ထဲဝင်ပြီး boot order မှာ hard disk ကိုအပေါ်ဆုံးမှာထားပေးပါ။တစ်ခြား boot device တွေကို အပေါ်ဆုံးမှာထားရင် detect လုပ်နေရတဲ့ အချိန်ကုန်စေတဲ့အတွက် boot speed ကိုနှေးစေပါတယ်။ဒီလို လုပ်ဖို့  ကွန်ပြူတာ boot တက်လာချိန်မှာ setup ထဲဝင်မယ့် key ကိုနှိပ်ပြီး boot order မှာ သင့် hard disk ကိုအပေါ်ဆုံးမှာထားပေးပါ။
Cleanout Programs That Launch At Startup
Startup programs တွေကို disable လုပ်ဖို့ အတွက် start menu ကနေ msconfig လို့ ရိုက်ပြီး msconfig.exe ကိုဖွင့်ပါ။Startup menu ထဲကမလိုအပ်တဲ့ programs တွေကို အမှန်ခြစ်ဖြုတ်ပြီး apply နှိပ်ပါ။
1
Delay Windows Services That Launch At Startup
Windows services တွေ၊ application တွေရဲ့  services တွေကို delay startup လုပ်ပေးခြင်းဖြင့်လည်း boot time ကိုလျှင်မြန်စေပါတယ်။ဒီလိုလုပ်ဖို့  Tools menu ကိုသွားပြီး computer management ကိုရွေးပြီး launch ကိုနှိပ်ပါ။
2
ပြီးရင် services and applications အောက်က services ကို double click နှိပ်ပါ။သင်ဟာ windows services တွေအကြောင်းကောင်းကောင်းမသိရင်တော့ third party application တွေရဲ့  services တွေကို ပဲရွေးချယ်ပြီး delay start လုပ်ပေးသင့်ပါတယ်။သင် delay လုပ်ချင်တဲ့ service ကို double click နှိပ်ပြီး startup type မှာ Automatic (Delayed Start) ကိုရွေးပေးပြီး apply နှိပ်ပါ။
3
Disable Unused Hardware
သင့်ကွန်ပြူတာ boot တက်တဲ့အချိန်မှာ drivers တွေအတော်တော်များများ ကို load လုပ်ပါတယ်။အသုံးမပြုတဲ့ hardware တွေကို disable လုပ်ပေးခြင်းဖြင့် boot speed ကိုမြှင့်တင်နိုင်ပါတယ်။ဒီလိုလုပ်ဖို့ အတွက် start menu ကနေ device manager လို့ ရိုက်ပြီး device manager ကို ဖွင့်ပါ။ သင်ဟာ bluetooth , modem ,floppy disk တွေအသုံးမပြုဘူးဆိုရင် အဲဒီ device အပေါ်မှာ right click နှိပ်ပြီး disable နှိပ်ပါ။
4
Remove Unnecessary Fonts
Windows startup မှာဖောင့်တွေကို လည်း load လုပ်ပါတယ်။သင်အသုံးမပြုတဲ့ ဖောင့်တွေကို hide လုပ်ပေးခြင်းဖြင့် သင့် boot speed ကို ပိုမိုမြန်စေပါတယ်။ကျွန်တော့် စက်ထဲမှာတော့ ဖောင့်အမျိုးအစား (556) မျိုး တွေ့ ရပါတယ်။အသုံးမပြုတဲ့ဖောင့်အတော်များများကို ရွေးပြီး hide လုပ်ပေးပါ။ဒီလို လုပ်ဖို့  start menu ကနေ fonts လို့ ရိုက်ပြီး fonts folder ကိုသွားပါ။ပြီး ရင် အသုံးမပြုတဲ့ဖောင့်တော်တော်များများကို ရွေးပြီး hide  ကိုနှိပ်ပါ။
5
Keep Your Antivirus Running And Up To Date
သင့်စက်ထဲမှာ virus,malware တွေရှိနေရင်လည်းသင့်စက် boot speed ကိုနှေးကွေးစေပါတယ်။အဲဒီအတွက် antivirus and anti malware ကောင်းကောင်းတွေကို အသုံးပြုပြီး virus definition တွေကို အမြဲ update လုပ်ပေးပြီး အမြဲ scan လုပ်ပေးသင့်ပါတယ်။Antivirus and Anti Malware Softwares တွေကိုတင်ပေးထားပါတယ်။ကြိုက်နှစ်သက်ရာရွေးချယ်အသုံးပြုပါ။
PC Optimization Softwares
PC Optimization Softwares  တွေကို  တင်ပေးထားပါတယ်။ အဲဒီဆော့ဝဲတွေကိုသုံးပြီး ကွန်ပြူတာကို နေ့ စဉ် maintenance လုပ်ပေးပါ။အဲဒီထဲကမှ CCleaner နဲ့  Tuneup Utility 2013 ဟာကျွန်တော့် personal favourite ပါ။CCleaner ဟာ ပေါ့ပါးလျှင်မြန်ပြီး registry ,temporary file တွေကိုရှင်းပေးနိုင်လို့ နာမည်ကြီးပါတယ်။Tuneup Utility ရဲ့  features တွေထဲက favourite feature နှစ်ခုအကြောင်းပြောချင်ပါတယ်။Tuneup start center ကိုဖွင့်ပြီးရင် အောက်က window ပေါ်လာမှာပါ။
5
Disable programs
အဲဒီကနေ Disable programs ကိုနှိပ်ပြီးသင် နေ့ စဉ်အသုံးပြုနေကျ နဲ့  မရှိမဖြစ် run နေရမယ့် program တစ်ချို့ ကိုပဲ ချန်ထားပြီး ကျန်တဲ့ program တွေအားလုံးကို disable လုပ်ပေးပါ။Tuneup Program Deactivator ကသင်အသုံးမပြုတဲ့ program တွေ background မှာ မ run နိုင်အောင်သတ်ပေးထားပါလိမ့်မယ်။အဲဒီအတွက်သင့်စက်ကို အလွန်လျှင်မြန်လာစေတာတွေ့ ရပါမယ်။Disable လုပ်ထားတဲ့ program ကို အသုံးပြုချင်ရင် ပုံမှန်အတိုင်းပဲ run ပြီးအသုံးပြုနိုင်ပါတယ်။
6
Disable startup programs
ပြီးရင် tuneup start center main window ကိုပြန်သွားပြီး disable startup programs ကိုနှိပ်ပါ။မရှိမဖြစ် run နေရမယ့် startup program တစ်ချို့ ကိုပဲ ချန်ထားပြီး ကျန်တဲ့ program တွေအားလုံးကို disable လုပ်ပေးပါ။သင့် ကွန်ပြူတာ ရဲ့  boot speed မြန်ဆန်လာတာတွေ့ ရမှာပါ။
7
0 comments:
Post a Comment