Friday, November 16, 2012

Widgets

BootRacer : Test Your Windows Boot Speed

1

သင့် ၀င်းဒိုး ကွန်ပြူတာရဲ့  boot speed ကို တွက်ချက်ပေးနိုင်တဲ့ freeware ပါ။ Boot Speed တွေကို record လုပ်ပေးထားပြီး history ထဲဝင်ပြီး နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။Windows 2000/XP/2003/Vista/2008/Seven/Windows 8(32 or 64 bit)စတဲ့ os တွေကို support ပေးပါတယ်။PC Optimization Softwares တွေကို တင်ပေးထားပါတယ်။အဲဒီဆော့ဝဲတွေကို အသုံးပြုပြီး သင့်ကွန်ပြူတာရဲ့ boot speed ကိုမြန်ဆန်အောင်ပြုလုပ်ပြီး BootRacer ကနေ နှိုင်းယဉ်ကြည့်ရှုနိုင်ပါတယ်။

Program ကိုဖွင့်ပြီး Start ကိုနှိပ်လိုက်ရင် Restart လုပ်ခိုင်းတဲ့ ၀င်းဒိုးပေါ်လာပြီး restart လုပ်ပြီး သင့် boot speed ကိုတွက်ချက်ပေးပါလိမ့်မယ်။Advanced setting ထဲက option ထဲမှာတော့ boot လုပ်တဲ့အခါတိုင်း BootRacer ကို တွက်ချက်ခိုင်းမလား၊တစ်ခါပဲသုံးမလားရွေးချယ်နိုင်ပြီး၊boot တက်တဲ့အချိန်မှာ BootRacer Window ကို ပြခိုင်းမလား ၊ background မှာ run ခိုင်းမလားစတာတွေ ရွေးချယ်နိုင်ပါတယ်။

2

History ကိုနှိပ်ကြည့်ရင် boot speed record ကိုပြပေးထားပြီးနှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။ပုံမှာမြင်ရတာကတော့ ကျွန်တော့် ကွန်ပြူတာရဲ့  startup program ,services တွေကို disable မလုပ်ခင်နဲ့ လုပ်ထားပြီး boot speed ကောင်းလာပုံ ကို နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။

2

Logon user name and password ကိုရိုက်ရတာအချိန်ကြာပါတယ်။ အဲဒီအတွက် make windows 7 & vista logon automatically ဆောင်းပါးမှာဖတ်ပါ။ဒါမှမဟုတ် Auto logon for windows ဆိုတဲ့ freeware ကိုသုံးပါ။ BootRacer ကို official site မှာ အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Official site အကြောင်းအမျိုးမျိုးကြောင့်ပိတ်သွားရင် ဖြစ်ဖြစ် ၊freeware မဟုတ်တော့ဘဲ ပိုက်ဆံပေးဝယ်ရတဲ့ version ဖြစ်သွားရင်ဖြစ်ဖြစ် အသုံးပြုနိုင်အောင် ကျွန်တော့်  file hosting site မှာလည်းတင်ပေးထားပါမယ်။အဆင်ပြေတဲ့နေရာကဒေါင်းပြီး သင့် windows boot speed ကိုစမ်းသပ်ပြီးပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ပါပြီ။Boot speed မြန်မြန်နဲ့ ကွန်ပြူတာအသုံးပြုနိုင်ကြပါစေ။

Download BootRacer Latest Version @ Official Site 

Download BootRacer 4.0 @ Dropbox (or) Directmirror (2.42)  mb

0 comments:

Post a Comment