Monday, November 5, 2012

Widgets

Full Text RSS Feed : Convert Partial RSS Feeds To Full Text Feeds

2

အရင်ဆောင်း ပါး တစ် ခု မှာ သင် အ ကြိုက်ဆုံးဆိုက်တွေက နေ့ စဉ် update သတင်းတွေဆောင်းပါးတွေကို အဲဒီဆိုက်တွေကိုသွားကြည့်စရာမလို ဘဲ သင့် အီးမေး ဆီအရောက်ပို့ ပေး နိုင်အောင် Email Subscribe အကြောင်းရေးဖူးပါတယ်။RSS ( really simple syndication ) ဆိုတာကလည်း email subscribe လုပ်သလို ပါပဲ။သင်အကြိုက်ဆုံးဆိုက်တွေက သတင်းတွေ ဆောင်းပါးတွေကို အဲဒီဆိုက်တွေကိုသွားစရာမလိုဘဲ RSS feed reader တစ်နေရာတည်းကဖတ်လို့ ရနိုင်ပါတယ်။RSS feed reader တွေရဲ့ အကြောင်းတွေ နှိုင်းယှဉ်ချက်  တွေကို Wikipedia  ဆောင်းပါးမှာအပြည့်အစုံဖတ်နိုင်ပါတယ်။ သင့်မှာ google အကောင့်တစ်ခုရှိရင် google reader မှာလည်း rss feed တွေရယူပြီးဖတ်နိုင်ပါတယ်။

ဆိုက်တွေအားလုံးလိုလိုမှာ RSS feed ရယူပြီး ဖတ်နိုင်အောင်ပြုလုပ်ပေးထားကြပါတယ်။ကျွန်တော့်ဘလော့မှာလည်း rss feed ပုံကိုနှိပ်ပြီးရယူနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော့်ဘလော့အပါအ၀င် ဆိုက်တော်တော်များများက rss feed တွေကို rss feed reader မှာဖတ်ကြတဲ့အခါ ဆောင်းပါးတွေကို အပြည့် အ စုံ မ  ဖော်ပြဘဲ  read more ဆိုပြီးအောက်ကပုံမှာလို  သူတို့ ဆိုက်တွေမှာပဲအပြည့်အစုံလာဖတ်အောင်ပြုလုပ်ထားကြပါတယ်။

1

 

အဲဒီအတွက်ဆောင်းပါးအပြည့်အစုံဖတ်ချင်ရင် ဆိုက်တွေကို သွားဖတ်ကြရပြန်ပါတယ်။အဲဒီပြဿနာကိုဖြေရှင်းပေးနိုင်တဲ့  free web service တစ်ခုရှိပါတယ်။သင်ဖတ်ချင်တဲ့ဆိုက်ရဲ့ rss feed url ကိုရယူပြီးရင်  fulltextrssfeed ဆိုက်ကိုသွားပါ။

3

ပြီးရင် rss feed url ကို ထည့်ပေးပြီး Submit လုပ်ပေးရင် full text rss feed url အသစ်တစ်ခုရလာပါပြီ။အဲဒီ rss feed url ကို ရယူပြီးသင်ကြိုက်နှစ်သက်ရာ rss feed reader တွေနဲ့ ဆောင်းပါးအပြည့်အစုံကို ဖတ်ရှုနိုင်ပါတယ်။

Checkout fulltextrssfeed @ http://fulltextrssfeed.com/

0 comments:

Post a Comment