Thursday, November 29, 2012
Free Movie Subtitler : Hard Code An External Subtitle File Into A Video File
သင့် ကွန်ပြူတာမှာ Movie တွေကြည့်တဲ့အခါ subtitle မပါခဲ့ ရင် အွန်လိုင်းကနေ ဒေါင်းလုပ်လုပ်ပြီးကြည့်ရပါတယ်။Video player က သင်ဒေါင်းလုပ်လုပ်ထားတဲ့ subtitle ကို support မလုပ်လို့ ဘဲဖြစ်ဖြစ်၊သင့် movie ဖိုင်မှာ subtitle ကိုအသေထိုးထားချင်လို့ ဘဲဖြစ်ဖြစ် ဒီလို အခြေနေမျိုးမှာ free movie subtitler ဆိုတဲ့ tool လေးက အသုံးဝင်ပါတယ်။Avi,mpeg အပါအ၀င်တစ်ခြား video format တွေကို support ပေးပြီး ၊ subtitle format တွေအနေနဲ့  .sub,  .srt နှစ်မျိုး ကို support ပေးပါတယ်။
Windows 8 Upgrade Assistant
သင့်ကွန်ပြူတာမှာ windows 8 ကို install မလုပ်ခင်မှာသင့်ကွန်ပြူတာရဲ့  hardware,applications အပြင် ကွန်ပြူတာနဲ့ တွဲဖက်အသုံးပြုနေတဲ့ printers,scanners,peripheral devices တွေဟာ windows 8 နဲ့  compatible ဖြစ်မဖြစ် သိရှိနိုင်အောင်ပြုလုပ်ပေးမယ့် microsoft ရဲ့ windows 8 upgrade assistant ပါ။ဒီ application ကို မ run ခင်မှာသင့် ရဲ့  printer,scanner စတဲ့ peripheral devices တွေကို ချိတ်ဆက်ထားဖို့ လိုပါတယ်။
How To Download Torrent Without Torrent Client
အရင်ဆောင်းပါးတစ်ခုမှာ What is torrent file ? and how to download it ဆိုတာရေးပေးခဲ့ပါတယ်။Torrent transfer ကိုတစ်ချို့  ISP တွေက throte(slow down) လုပ်ထားတဲ့အတွက် ဒေါင်းလုပ်လုပ်ရတာကြာတတ်ပါတယ်။နောက်ပြီး ကျွန်တော်တို့ ရဲ့ ကွန်နက်ရှင်နှေးခြင်း၊share ratio(seeder-leecher ratio) တွေအပေါ်မူတည်ပြီး ဒေါင်းလုပ်လုပ်ရတာကြာတတ်ပါတယ်။အခုတော့ torrent ဖိုင်တွေကို ဒေါင်းလုပ်ဆွဲပေးနိုင်တဲ့ online bittorrent client တွေအဖြစ်ပြုလုပ်ပေးနိုင်တဲ့ free web service တွေပေါ်လာပါပြီ။အဲဒီ web service တွေကို torrent ဖိုင်တွေကို အရင်ဒေါင်းလုပ်ဆွဲခိုင်းပြီး မှ ရလာတဲ့ဖိုင်ကို ကျွန်တော်တို့ ကြိုက်နှစ်သက်ရာ Download Managers တွေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါပြီ။
Wednesday, November 28, 2012
What Is Torrent File? And How To Download It
Internet မှာဖိုင်တွေ ကို share လုပ်ဖို့ email, file hosting sites တွေကို အသုံးပြုကြပါတယ်။BitTorrent ဆိုတာကတော့အဲဒီနည်းတွေနဲ့ မတူတဲ့ peer-to-peer file sharing (p2p) နည်းပညာတစ်ခုပါ။ဖိုင်တွေကို အင်တာနက် ပေါ် upload လုပ်ပြီး share လုပ်တာမဟုတ်ဘဲ ကွန်ပြူတာတွေကနေ အခြားကွန်ပြူတာတွေဆီကို  တိုက်ရိုက် share လုပ်ပေးပါတယ်။တစ်ခြားနည်းတွေလို server တစ်ခုတည်းကနေပဲဒေါင်းလုပ်လုပ်စရာမလိုဘဲ bittorrent network အတွင်းမှာ အပြန်အလှန် file တွေ share လုပ်ပေးပါတယ်။
Free Download Nero 12 Platinum (12.0.02900) With Serial And Patch
1
Nero video,nero kwik media,nero burning rom,nero recode,nero backitup စတဲ့ applications တွေစုံလင်စွာပါရှိတဲ့ complete multimedia suite ပါ။အရင် versions တွေနဲ့ နှိုင်းယှဉ်ကြည့်ဖို့  compare versions page မှာဖတ်ရှုပါ။Nero video ဖြင့် video တွေကို edit လုပ်နိုင်ပါတယ်။video,music ,media ဖိုင်တွေအားလုံးကို nero kiwik media ကနေ ကြည့်ရှုနားဆင်နိုင်ပါတယ်။Nero burning rom ဖြင့် cd,dvd,blu-ray disc တွေကို burn ပေးနိုင်ပါတယ်။Nero recode ဖြင့် video and audio conversion တွေပြုလုပ်နိုင်ပါတယ်။Nero backitup ကတော့ သင့်ဖိုင်တွေကို live backup ပြုလုပ်ပေးနိုင်ပါတယ်။ Video tutorial and Manual တွေကို official nero website မှာလေ့လာနိုင်ပါတယ်။Windows 8 compatible ဖြစ်ပါတယ်။
Saturday, November 24, 2012
How To Install Windows From A USB Stick
1
USB stick ကနေ ၀င်းဒိုးတင်ဖို့ နည်းဝေမျှလိုက်ပါတယ်။ဒီနည်းက သင့်ကွန်ပြူတာမှာ cd/dvd drive မရှိလို့ ဘဲဖြစ်ဖြစ် ၊သယ်ယူရလွယ်ကူတဲ့ USB stick နှင့်သင့်သူငယ်ချင်းတွေဆီကနေ ၀င်းဒိုး ကူးယူလာပြီး အဲဒီ ကနေ ၀င်းဒိုးတင်ချင်လို့ ဘဲဖြစ်ဖြစ်အသုံးဝင်မှာပါ။ အဲဒီ အတွက်  Microsoft ရဲ့  Windows 7 USB/DVD Download Tool ကို အ သုံးပြုမှာပါ။ Windows 7 လို့ နာမည်တပ်ထားပေမယ့် windows 8 iso ဖိုင်တွေနဲ့ လည်းအလုပ်လုပ်နိုင်သလို windows xp, vista, 7  တို့ မှာ install လုပ်ပြီးအသုံးပြုနိုင်ပါတယ်။တစ်ခုသတိထားရမှာက အဲဒီ tool က သင့် USB stick ကို ဖော်မက် ချ မှာပါ။အဲဒီအတွက် USB stick ထဲက ဖိုင်တွေကို Backup လုပ်ထားပါ။သင် install လုပ်မယ့် ဝင်းဒိုး ရဲ့  iso ဖိုင်ကို လည်းဖန်တီးရပါမယ်။
Friday, November 23, 2012
SoundWire : Windows ကသီချင်းကို Android မှာနားထောင်မယ်။
1
Windows ကွန်ပြူတာကနေဖွင့်ထားတဲ့သီချင်းတွေကို android device တွေမှာနားထောင်လို့ ရအောင်ပြုလုပ်ပေးနိုင်တဲ့ SoundWire ပါ။ဒီလိုပြုလုပ်ဖို့ အတွက် ၀င်းဒိုး ကွန်ပြူတာမှာ soundwire server application ကို သွင်းရမှာဖြစ်ပြီး android device မှာတော့ SoundWire Full Version ကို သွင်း ထား ရ ပါ မယ်။  ပြီး ရင် ကွန် ပြူ တာ က နေ wifi လွှင့်ဖို့  Connectify လို ဆော့ဝဲကိုသုံးနိုင်ပါတယ်။
Applications တွေသွင်းပြီးရင် သင့်ကွန်ပြူတာကနေ wifi လွှင့်ပြီး android device မှာချိတ်ဆက်ထားပါ။ပြီးရင် ကွန်ပြူတာက soundwire server application ကိုဖွင့်ပါ။
2
Android device က soundwire application ကိုဖွင့်ပြီး server address နေရာမှာ soundwire server application က server address ကိုထည့်ပေးပြီး soundwire ပုံကိုနှိပ်ပေးပါ။ဒါဆိုရင်တော့ သင့်ကွန်ပြူတာက ဖွင့်တဲ့သီချင်းတွေကို android device မှာနားထောင်လို့ ရပါပြီ။
3
Download SoundWire Server Application(Windows) @  georgielabs.cjb.net/
Download SoundWire Full Version(Android) from Dropbox  (or)  mirrorcreator
Wednesday, November 21, 2012
How To Convert A Video Into GIF Animation Format
Video ဖိုင်တွေကို gif ဖိုင်အဖြစ်ပြောင်းချင်ရင်တော့ freeware တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။Video file တွေဖြစ်တဲ့ mp4,avi,mpeg,wmv စတဲ့ ဖိုင်တွေကို gif ဖိုင်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ movie to animated gif converter ပါ။တစ်ခြား movie ဖိုင်တွေကိုအပေါ်ကဖိုင်ဖောက်မက် တွေအဖြစ်ပြောင်းလဲနိုင်ဖို့  Converters တွေလည်းတင်ပေးထားပါတယ်။Movie to animated gif converter ကဖိုင်ဆိုက်ကလည်း (70) kb ၀န်းကျင် သာရှိပြီးသေးငယ်ပြီးအသုံးပြုရတာလွယ်ကူတဲ့  အပြင် Install လုပ်စရာမလို တဲ့ portable အမျိုးအစားပါ။
Tuesday, November 20, 2012
Security Score : Analyzes & Rates Your PC’s Protection Against Malware
1
Virus အသစ်တွေဟာနေ့ တိုင်းလိုလို ထွက်ရှိနေတဲ့အတွက် သင့် ကွန်ပြူတာရဲ့  virus ကာကွယ်မှုအပိုင်းကို အမြင့်ဆုံးအနေအထားမှာရောက်အောင် ထားရှိသင့်ပါတယ်။Antivirus and Anti Malware Softwares တွေကိုအသုံးပြုခြင်း၊နေ့ တိုင်း update လုပ်ပေးခြင်းဖြင့် သင့်ကွန်ပြူတာကို ကာကွယ်ထားသင့်ပါတယ်။Security Score ဆိုတဲ့ freeware ကတော့ သင့်ကွန်ပြူတာက security related programs တွေဖြစ်တဲ့ Firewall, Hard Disk Encryption, Patch Management (Windows Updates), Backup, Public File Sharing, Antivirus and Anti-Phishing စတာတွေကို scan လုပ်ပေးနိုင်ပြီး သူတို့ တွေရဲ့ စွမ်းဆောင်မှုတွေကို အမှတ်ပေးတွက်ချက်ပြီး ပိုမိုကောင်းမွန်အောင် အကြံပေးနိုင်ပါတယ်။
PanicButton : Quickly Hide Chrome Tabs & Restore Them Later With A Password
သင့် ရဲ့  privacy ကိုကာကွယ်ပေးနိုင်တဲ့ chrome extension တစ်ခုပါ။သင့်ရဲ့  online banks ,credit cards စတဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေသိမ်းထားတဲ့ဆိုက်တွေကြည့်နေတုန်း တစ်ခြားတစ်ယောက်ရောက်လာခဲ့ရင် အလျှင်မြန်ဆုံး tabs တွေကို hide လုပ်ပေးနိုင်ပါတယ်။ ပြီးမှ ပြန်ပြီး restore လုပ်ပေးနိုင်တဲ့ chrome extension တစ်ခုပါ။
Simple Startup Password : Set A Password On Your Google Chrome Browser
Browser မှာအရေးကြီးတဲ့သတင်းအချက်အလက်တွေ သိမ်းထားပြီးတစ်ခြားသူတွေကို အသုံးမပြုစေချင်ရင်တော့  browser ကို password ခတ်ပြီးအသုံးပြုပါ။ဒီလိုအသုံးပြုနိုင်ဖို့ ကူညီပေးနိုင်တဲ့ simple startup password ဆိုတဲ့ google chrome extension ရှိပါတယ်။ Chrome browser အတွက်ပဲ အသုံးပြုနိုင်သေးပြီး firefox user တွေအတွက်တော့ မထွက်ရှိသေးပါဘူး။
Sunday, November 18, 2012
APK Batch Installer
1
Android device application တွေဖြစ်တဲ့ (.apk) ဖိုင်တွေကို ကွန်ပြူတာကနေ အများအပြားတစ်ခါတည်း install လုပ်ပေးနိုင်တဲ့ windows software ပါ။Application တွေကို sd card မှာဒါမှမဟုတ် internal memory မှာ install လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။ဒါ့အပြင် android က application တွေ ရဲ့  (.apk) ဖိုင်တွေကို computer မှာ backup လုပ်ပေးနိုင်ပါတယ်။ကွန်ပြူတာက (.apk) ဖိုင်တွေကို batch rename လုပ်ပေးနိုင်ပါတယ်။Application data backup and restore လည်းလုပ်ပေးနိုင်ပါတယ်။SMS backup and restore feature လည်းပါရှိပါတယ်။
Friday, November 16, 2012
Tips To Speed Up Your Computer’s Boot Time
ကွန်ပြူတာ boot time ကိုမြန်အောင်လုပ်ဖို့ နည်းလမ်းများကို  အင်တာနက် မှာရှာပြီးတော့ အကောင်းဆုံး အကြိုက်ဆုံးနည်းတွေကို မျှဝေလိုက်ပါတယ်။Windows startup program တွေကို disable လုပ်ခြင်း၊startup မှာ run တဲ့ services တွေကို delay လုပ်ပေးခြင်း၊BIOS setting မှ boot order ကိုပြင်ခြင်း၊အသုံးမပြုတဲ့ drivers တွေကို disable လုပ်ခြင်း၊ကွန်ပြူတာကို လေးလံစေမယ့် malware တွေကို ရှင်းပေးခြင်း၊အသုံးမပြုတဲ့ ဖောင့်တွေကို ရှင်းထုတ်ခြင်း၊PC optimization softwares တွေကို မှန်မှန်ကန်ကန်နဲ့ အမြဲအသုံးပြုပေးခြင်းဖြင့် သင့်ကွန်ပြူတာရဲ့ boot time ကိုလျှင်မြန်စေနိုင်ပါတယ်။
BootRacer : Test Your Windows Boot Speed
1
သင့် ၀င်းဒိုး ကွန်ပြူတာရဲ့  boot speed ကို တွက်ချက်ပေးနိုင်တဲ့ freeware ပါ။ Boot Speed တွေကို record လုပ်ပေးထားပြီး history ထဲဝင်ပြီး နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။Windows 2000/XP/2003/Vista/2008/Seven/Windows 8(32 or 64 bit)စတဲ့ os တွေကို support ပေးပါတယ်။PC Optimization Softwares တွေကို တင်ပေးထားပါတယ်။အဲဒီဆော့ဝဲတွေကို အသုံးပြုပြီး သင့်ကွန်ပြူတာရဲ့ boot speed ကိုမြန်ဆန်အောင်ပြုလုပ်ပြီး BootRacer ကနေ နှိုင်းယဉ်ကြည့်ရှုနိုင်ပါတယ်။
Thursday, November 15, 2012
Sticky.io : Take And Access Notes In The Cloud, On Any Google Talk Enabled Device
Online မှာ မှတ်စုတွေသိမ်းထားပြီး သင်ရောက်တဲ့ နေရာကနေ ဖတ်ရှုအသုံးပြုချင်ရင်တော့ Sticky.io ဆိုတဲ့ free web service ကို သုံးကြည့်ပါ။နောက်ပြီး မှတ်စုတွေ ရေးဖို့ အတွက် အဲဒီဆိုက်ကို သွားစရာမလို ဘဲ Google Talk ကနေပဲ အလွယ်တကူ ရေးမှတ်နိုင်တဲ့အတွက် ပိုပြီးအဆင်ပြေပါတယ်။  ဖတ်ရှုအသုံးပြုချင်မှသာ အဲဒီဆိုက်မှာ သွားပြီးဖတ်ရှုအသုံးပြုနိုင်ပါတယ်။
Wednesday, November 14, 2012
Free Download Ashampoo Music Studio 1.0.0 (2012)
1
Audio CD က audio file တွေကို rip လုပ်ပေးနိုင်ပါတယ်။Audio ဖိုင်တွေကို CD/DVD/blu-ray disc တွေမှာ burn ပေးနိုင်ပါတယ်။Audio ဖိုင်အများအပြားကို တစ်ပြိုင်နက်တည်း rename လုပ်ပေးနိုင်ပါတယ်။Audio ဖိုင်အများအပြားကို တစ်ပြိုင်နက်တည်း format ပြောင်းပေးနိုင်ပါတယ်။Audio ဖိုင်တွေကို record လုပ်ပေးနိုင်ပါတယ်။ပျက်ဆီးနေတဲ့ ဖိုင်တွေကို ပြန်ပြီးအသုံးပြုလို့ ရအောင် ပြုပြင်ပေးနိုင်ပါတယ်။
Monday, November 12, 2012
Free-Tutorial-For.me : Download Free PDF Tutorials
PDF tutorial တွေကို ရှာဖွေနိုင်မယ့် search engine ပါ။Tutorial တွေကို အွန်လိုင်းမှာဖတ်နိုင်တဲ့အပြင် အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Registration လုပ်စရာမလိုဘဲအသုံးပြုနိုင်ပါတယ်။Tutorial 38,000,00 ရှိပြီးသင် လိုချင်တဲ့ tutorial တွေကိုအလွယ်တကူ ရှာဖွေ ပြီး ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Google Code University : Online Courses And Tutorials On Computer Science
Computer Science ကို online မှာ  လေ့လာချင်ရင်တော့ Google Code University နဲ့ မိတ်ဆက်ပေးချင်ပါတယ်။Web programming,web security,android,google api and tools  စတာတွေနဲ့ ပတ်သက်ပြီး programming တွေကို အခြေခံကနေ စပြီး advanced level အထိလေ့လာနိုင်ပါတယ်။Tutorial တွေကို စာတွေ၊ ပုံတွေ ၊video တွေ အနေနဲ့ လေ့လာလို့ ရအောင်ပြုလုပ်ပေးထားပါတယ်။
Sunday, November 11, 2012
PhotoLive : Download Entire Photo Albums Off Facebook
သင့် facebook ကသူငယ်ချင်းတွေရဲ့ photo albums တွေကပုံတွေအားလုံးကို download လုပ်ချင်ရင်တော့ PhotoLive ကိုသုံးကြည့်ပါ။ပုံတစ်ပုံချင်းစီကို ဒေါင်းလုပ်လုပ်စရာမလို တဲ့အတွက် အလုပ်ရှုပ်သက်သာစေပါတယ်။ Album တစ်ခုလုံးကို ဒေါင်းလုပ်လုပ်ပေးနိုင်ပြီး zip ဖိုင်အနေနဲ့  ဒေါင်းလုပ်လုပ်နိုင်ပါတယ်။Chrome,firefox,safari,IE အပြင်တစ်ခြား browser တွေအတွက် extension/add on တွေရှိပါတယ်။အမြန်ဆုံးနည်းကတော့ bookmarklet ကို browser ရဲ့  bookmark bar ပေါ်တင်ပြီးအသုံးပြုတာပါပဲ။
Saturday, November 10, 2012
How To Install Ubuntu On Virtualbox
ubu
Virtualbox  အကြောင်းနဲ့  How To Install Windows 7 On Virtualbox အကြောင်းဆောင်းပါးတွေကိုအရင် ကရေးပေးခဲ့ပါတယ်။အခု Ubuntu Operating System ကို Virtualbox မှာ ဘယ်လို install လုပ်ရမလဲဆိုတာရေးပေးပါမယ်။Ubuntu က open source ဖြစ်တဲ့အတွက် အခကြေးငွေပေးစရာမလိုတဲ့  free operating system တစ်ခုပါ။ ၂၀၀၄ ခုနှစ်မှာ ပထမဆုံး version ပေါ်ထွက်လာခဲ့ပြီးအခုဆိုရင် version 12 အထိထွက်ရှိပြီးပါပြီ။Ubuntu Operating System မှာ အသုံးပြုနိုင်မယ့် application ပေါင်းများစွာလည်းထွက်ရှိထားပြီးပါပြီ။Windows နဲ့ နှိုင်းယှဉ်ပြီးမြည်းစမ်းကြည့်ချင်တဲ့သူတွေအတွက် Virtualbox မှာ Ubuntu ကို  install လုပ်ပြီး အသုံးပြုနိုင်ဖို့ မျှဝေလိုက်ပါတယ်။
Friday, November 9, 2012
FilExile : A Simple Tool To Delete Locked Files
သင့်ကွန်ပြူတာမှာဖိုင်တွေဖိုဒါတွေကိုဖျက်တဲ့အခါ တစ်ခြား process ကသုံးနေလို့ ဖျက်လို့ မရပါဘူးဆို တဲ့ error ကြုံဖူး ကြမှာပါ။ဒီလို အခြေအနေမျိုးမှာ FilExile ဆို တဲ့ program လေးကိုသုံးကြည့်ပါ။တစ်ခြားအလားတူ program တွေလို မဟုတ်ဘဲ Windows system ဖိုင်တွေ၊ဖိုဒါတွေကိုမှားမဖျက်မိအောင် design လုပ်ထားတဲ့အတွက် safe ဖြစ်ပါတယ်။
Add Scheduling,Tracking & Reminders To Gmail With RightInbox
3
သင့် အလုပ်က customer တွေကို schedule လုပ်ပြီး အီးမေး ပို့ ရမယ့်အချိန်မျိုး ၊ အရေးကြီး အီးမေး တွေ သင့် customer/recipient တွေဆီ ရောက်မရောက် သိချင်တဲ့အခါ၊အရေးကြီးတဲ့ အီးမေး reply ကို စောင့်နေရတဲ့အခါ ဒီ gmail add on/extension ကများစွာအကုအညီပေးပါလိမ့်မယ်။Firefox,chrome,safari browsers သုံးမျိုး အတွက်သုံးလို့ ရပါတယ်။
Thursday, November 8, 2012
Get Windows 8 Start Screen & Charms Bar In Windows 7
1
Windows  8 Metro User Interface ကို windows 7 မှာမြည်းစမ်းသုံးစွဲကြည့် နိုင်ဖို့  IObit ရဲ့ freeware WinMetro နဲ့ မိတ်ဆက်ပေးပါရစေ။Windows 8 metro user interface ကိုပုံသေပြောင်းလဲမှာမဟုတ်ဘဲ winmetro ကိုအသုံးပြုနေတဲ့အချိန်မှသာ Windows 8 metro user interface ကို မြင် ရ မှာ ဖြစ် တဲ့အ တွက် မြည်းစမ်းတဲ့သဘောမျိုးအသုံးပြုနိုင်မှာပါ။Facebook,twitter,weather,news,stock,calender စတဲ့ gadget တွေကို အလွယ်တကူအသုံးပြုနိုင်သလိုအမြဲအသုံးပြုနေတဲ့ system tools,programs တွေကိုလျှင်လျှင်မြန်မြန်အသုံးပြုနိုင်အောင် design လုပ်ထားပါတယ်။
Wednesday, November 7, 2012
Test Your Internet Speed With Speedtest.net
1
သင့်ရဲ့  အင်တာနက်  speed ကိုစမ်းဖို့ အတွက် free web service တစ်ခုပါ။သင့် ISP ကပေးထားတဲ့ အမြန်နှုန်း ကိုရမရလဲစမ်းသပ်နိုင်ပါတယ်။စမ်းသပ်မှုမပြုလုပ်ခင်မှာတော့ သင့်အင်တာနက် ကွန်နက်ရှင်ကိုအသုံးပြု နေတဲ့ ဒေါင်းလုပ်လုပ်နေတာ တွေ  ၊  တစ်ခြား သင့် ကွန်နက်ရှင်ကိုသုံးနေတဲ့ application တွေကို အရင် ရပ်ထားသင့်ပါတယ်။ဒါမှမှန်ကန်တဲ့  စမ်းသပ်ချက်ကိုရမှာဖြစ်ပါတယ်။
Tuesday, November 6, 2012
Free Download Nova Backup Pro 12 With Keygen
1
Monday, November 5, 2012
RSS Graffiti : Publish RSS Feed To Your Facebook Automatically
1
သင့်မှာ blog ,website တစ်ခုရှိရင်သင်ဆောင်းပါးတစ်ခုတင်လိုက်တိုင်း facebook wall/timeline, page စတဲ့နေရာတွေမှာအလိုလို ဆောင်းပါးတွေတင်ပေးနိုင်တဲ့ facebook application ပါ။ဒါ့အပြင် သင်ကြိုက်နှစ်သက်တဲ့ ဆိုက်က rss feed တွေ၊ youtube video rss feed တွေ ကိုလည်း အလိုလိုတင်ပေးနိုင်ပါတယ်။သင် google plus မှာ စာတစ်ခုတင်တိုင်းလည်း facebook မှာ auto post လုပ်ပေးနိုင်ပါတယ်။Google plus rss feed ရဖို့ Create RSS Feed From Your Google Plus Stream ဆောင်းပါးကိုဖတ်ပါ။
Google + To RSS : Create An RSS Feed From Your Google Plus Stream
1
Sync Posts Between Facebook,Google Plus And Twitter(IFTTT)  ဆိုတဲ့ဆောင်းပါးမှာ google plus rss feed ကိုရယူနည်းကို အကျဉ်းချုပ်ရေးထားပေးပါတယ်။အခုဒီဆောင်းပါးမှာ ထပ်ရေးပေးပါ့မယ်။သင့် googel plus ,facebook ,twitter စတဲ့     social network တွေ ကို လူ အ မျိုး မျိုး က  အ   ကြောင်း အ မျိုး မျိုး နဲ့ သုံးကြပါတယ်။တစ်ချို့ တွေကတော့ စီးပွားရေးအတွက်ကုန်ပစ္စည်းတွေလူသိများအောင်ကြော်ညာကြတယ်။မိတ်ဆွေအပေါင်းအသင်းများအောင်သုံးကြတယ်။Google plus ကနေ သင် share လုပ်လိုက်တဲ့ဆောင်းပါးတွေ၊ကြော်ညာတွေကို facebook,twitter တို့ မှာ ထပ်ပြီး တင်စရာမလိုဘဲအလိုလို တင်အောင်လုပ်ပေးနိုင်တဲ့ free web service တွေရှိပါတယ်။အဲဒီ service တွေကို အသုံးပြုဖို့  သင့်ရဲ့ google plus rss feed ကိုရယူဖို့ လို ပါတယ်။
Full Text RSS Feed : Convert Partial RSS Feeds To Full Text Feeds
2
အရင်ဆောင်း ပါး တစ် ခု မှာ သင် အ ကြိုက်ဆုံးဆိုက်တွေက နေ့ စဉ် update သတင်းတွေဆောင်းပါးတွေကို အဲဒီဆိုက်တွေကိုသွားကြည့်စရာမလို ဘဲ သင့် အီးမေး ဆီအရောက်ပို့ ပေး နိုင်အောင် Email Subscribe အကြောင်းရေးဖူးပါတယ်။RSS ( really simple syndication ) ဆိုတာကလည်း email subscribe လုပ်သလို ပါပဲ။သင်အကြိုက်ဆုံးဆိုက်တွေက သတင်းတွေ ဆောင်းပါးတွေကို အဲဒီဆိုက်တွေကိုသွားစရာမလိုဘဲ RSS feed reader တစ်နေရာတည်းကဖတ်လို့ ရနိုင်ပါတယ်။RSS feed reader တွေရဲ့ အကြောင်းတွေ နှိုင်းယှဉ်ချက်  တွေကို Wikipedia  ဆောင်းပါးမှာအပြည့်အစုံဖတ်နိုင်ပါတယ်။ သင့်မှာ google အကောင့်တစ်ခုရှိရင် google reader မှာလည်း rss feed တွေရယူပြီးဖတ်နိုင်ပါတယ်။
The 7 Best YouTube Channels To Watch For Photoshop Video Tutorials
1
Photoshop video tutorial တွေကို လေ့လာဖို့ အကောင်းဆုံး youtube channel တွေကို ဖော်ပြပေးလိုက်ပါတယ်။Photoshop ကိုလေ့လာဖို့   video tutorial  တွေ ကို ကြည့်ပြီး လေ့ လာဖို့ က အ   ကောင်းဆုံးပါ။ စာဖတ်ပြီးလေ့လာတာ၊ ပုံတွေကြည့်ပြီးလေ့လာတာထက် ပိုမိုလွယ်ကူစွာနဲ့ မြန်ဆန်စွာလေ့လာနိုင်မယ့်  youtube video channel တွေပါ။
Sunday, November 4, 2012
Free Download Netgate Data Backup 3.0.305 With Serial
1
Backup manager software ပါ။ဖိုင်တွေ၊ဖိုဒါတွေကို backup လုပ်နိုင်ပါတယ်။ဖိုင်တွေကို ချုံ့ ပေးနိုင်တဲ့ compression method လည်းပါပါတယ်။Password ပေးပြီး သိမ်းနိုင်ပါတယ်။Scheduled backup လည်းလုပ်နိုင်ပါတယ်။ဒါ့အပြင် တစ်ခြား tools တွေဖြစ်တဲ့ registry backup and restore,registry defragmentation,uninstaller,startup manager စတာတွေလည်းပါရှိပါတယ်။ဖိုင်ဆိုက်ကလည်း (3) mb  ကျော်ကျော်သာရှိတဲ့အတွက် backup manager တွေထဲမှာ ဖိုင်ဆိုက်သေးငယ်ပြီး အသုံးပြုရတာလွယ်ကူပါတယ်။
ImmediateCrypt Web Demo : Encrypt Pieces Of Text With A Password
Thursday, November 1, 2012
Font Changer With Google Web Fonts : Easily Change The Font Of Any Websites[Chrome]
သင်နေ့ တိုင်း ကြည့်နေကျ ဆိုက်တွေ ရဲ့ စာလုံးဖောင့်တွေကိုကြည့်ရတာရိုးအီလာရင်တော့ ဒီ font changer ဆိုတဲ့ chrome extension ကိုသုံးကြည့်ပါ။အင်တာနက်ပေါ်ကဆိုက်တိုင်းကို သင်နှစ်သက်ရာဖောင့်ပုံစံနှင့်ကြည့်ရှုနိုင်ပါတယ်။ဒါ့အပြင် သီးသန့် ဆိုက်တွေကို သတ်မှတ်ပြီးတော့သင့်စိတ်ကြိုက်ဖောင့်ပုံစံနှင့်အဲဒီဆိုက်တွေကိုကြည့်ရှုနိုင်ပါတယ်။ပြောင်းလဲနိုင်တဲ့ Google Web Fonts အမျိုးအစားပေါင်း ရာကျော်ရှိပါတယ်။