Saturday, February 23, 2013
Widgets
Your Guide To Google Drive
1
Google Drive ကို Google က April 24, 2012 မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။အရင် Google Docs လို့ သိကြတဲ့ Web-based office suite ကနေ အသွင်ပြောင်းလာတာပါ။Google  Drive ကို Google  account တစ်ခု ရှိရင် အသုံးပြုလို့ ရပြီး အခမဲ့ 5 gb  storage space ရရှိမှာ ပါ။ Google Drive မှာ သင့်ဖိုင် တွေ ကို upload လုပ်ပြီးသိမ်းထားနိုင်ပြီး သင်ဘယ်နေရာရောက်ရောက်အသုံးပြုနိုင်ပါတယ်။Google Drive ကသင့်ဖိုင်တွေကို Gmail,Facebook,Twitter,Google Plus ကနေ တစ်ဆင့် သင့်သူငယ်ချင်း ၊မိတ်ဆွေ တွေကို share လုပ်နိုင်ပါတယ်။ Google Drive ကသင့်ဖိုင်တွေကို Windows , Android , IOS device တွေ နဲ့ sync လုပ်နိုင်ဖို့  Google Drive Application တွေ ကိုလည်းဒေါင်းလုပ်လုပ်နိုင်ပါတယ်။တစ်ခြား cloud storage တွေထက်အားသားတဲ့ အချက်တွေက  video, image, microsoft office documents,adobe photoshop,pdf စတဲ့ဖိုင် တွေ အပြင် တစ်ခြားဖိုင် အမျိုးအစား(၃၀) ကျော်ကို Google Drive မှာ ပဲကြည့်ရှုနားဆင်နိုင်ပါတယ်။Google Drive မှာ Preview ကြည့်နိုင်တဲ့ Supported File Types တွေ အားလုံးကို official page မှာ ကြည့်ရှုနိုင်ပါတယ်။Microsoft Office Document အပါအ၀င် တစ်ခြား ဖို်င် အမျိုးအစားတွေကို Google Docs အဖြစ်ပြောင်းလဲ နိုင်ပြီး edit လုပ်နိုင်သလို edit လုပ်ထားတဲ့ Google Docs ဖိုင်ကို Microsoft Office Document အပါအ၀င်တစ်ခြား ဖိုင် ဖောက်မက်တွေအနေနဲ့ ပြောင်းလဲပြီးဒေါင်းလုပ်လုပ်နိုင်ပါတယ်။Google Docs အဖြစ်ပြောင်းလဲပေးနိုင်တဲ့ Supported File Types တွေကို official page မှာ ကြည့်ရှုနိုင်ပါတယ်။နောက်ပြီး Google Drive ကနေ Google Docs ဖိုင်တွေကို ပြုလုပ်နိုင်ပြီး Microsoft Office Document,plain text file,pdf,html ဖိုင် အနေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုက Google Drive ကို ပိုမိုအသုံးဝင်အောင်လုပ်ပေးနိုင်တဲ့ Web Applications  တွေရှိပြီး Chrome Web Store မှာ အင်စတောလုပ်နိုင်ပါတယ်။
drive.google.com ကိုသွားပြီးသင့် google အကောင့်နဲ့ sign in လုပ်ပါ။
Upload Files & Folders
ဖိုင်တွေ ဖိုဒါတွေကို သင့် ရဲ့ Google Drive ဆီကို  upload လုပ်ပြီး သိမ်းဖို့ အတွက် upload button ကို နှိပ်ပါ။ပြီးရင်သင့် စက်က ဖိုင်ကို ရွေးပေးပါ။
ashampoo 07
Organize Files
ashampoo 09
နောက်ပေါ်လာတဲ့ box မှာ သက်ဆိုင်ရာ ဖိုဒါကို ရွေးပေးပြီး Move ကို နှိပ်ပါ။
ashampoo 10
Share Files & Folders
ဖိုင်တွေ ဖိုဒါတွေကို  share လုပ်ဖို့ အတွက် Share Button ကို နှိပ်နိုင်သလို ဖိုင်၊ဖိုဒါတွေပေါ်မှာ right click နှိပ်ပြီး Share>Share ကို နှိပ်ပါ။
ashampoo 12
Sharing settings မှာ Change ကိုနှိပ်ပါ။
ashampoo 13
နောက်ထပ် Sharing settings ပေါ်လာရင် “Public on the web” or  “Anyone with the link”  option နှစ်ခုထဲကသင်နှစ်သက်ရာကို ရွေးချယ်ပြီး Save နှိပ်ပါ။
ashampoo 14
နောက်အဆင့်မှာ သင့် ဖိုင် ရဲ့ link ကို gmail,google plus,facebook,twitter ကနေ သင့်သူငယ်ချင်း၊မိတ်ဆွေတွေ ကို share လုပ်နိုင်ပါတယ်။ဒါမှမဟုတ် လင့်ကို ကော်ပီလုပ်ပြီး messenger တွေကနေလည်း share လုပ်နိုင်ပါတယ်။ဒါ့အပြင် google contacts တွေကို လည်း share လုပ်နိုင်ပြီး သင့် သူငယ်ချင်းတွေရဲ့ အီးမေး ကို ရိုက်ထည့်ပြီးလည်း share လုပ်နိုင်ပါတယ်။
ashampoo 15
Powerful Search
Google Drive ကသင့်ဖိုင်တွေကို search box ကနေအလွယ်တကူရှာဖွေနိုင်ပါတယ်။
ashampoo 16
ဖိုင်တွေကို Filter နဲ့ ရှာဖို့ အတွက် ဘယ်ဘက် side bar က More ကို နှိပ်ပြီး Owner,type,more ကိုနှိပ်ပြီး သင့်ဖိုင်တွေကို type ,visibility,ownership စတာတွေအလိုက် လျှင်လျှင်မြန်မြန် ရွေးချယ်ရှာဖွေနိုင်ပါတယ်။
ashampoo 03
Shared With me
သင့်သူငယ်ချင်းကို google drive က ဖိုင် တစ်ခု အီးမေး ကနေ share လုပ်တယ်ဆိုပါစို့ ။သင့်သူငယ်ချင်းက အီးမေး ရရှိပြီး သူ့ ရဲ့  google drive ကို ဖွင့်ပြီး Shared with me ကို နှိပ်ကြည့်ရင် သင် share လုပ်ထားတဲ့ဖိုင်ကို တွေ့ မြင်ရမှာပါ။အဲဒီဖိုင်ကို select လုပ်လိုက်ရင် Add to My Drive ကို တွေ့ မြင်ရပြီး အဲဒါကို နှိပ်ပြီး သင့်ဖိုင်ကို သူ့ ရဲ့  Google Drive ထဲ  မှာ  အလွယ်တကူ သိမ်းနိုင်ပါတယ်။အဲဒီအတွက်သင့်သူငယ်ချင်းက သင့်ဖိုင် ကို download လုပ်ပြီး သူ့ ရဲ့ google drive ကို ပြန်ပြီး upload လုပ်စရာမလိုတဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်။
ashampoo 18
တစ်ခုမှတ်ထားရမှာက အဲဒီနည်းက သင့်ရဲ့ Sharing settings မှာ သင့်သူငယ်ချင်းရဲ့ အီးမေးကို ရိုက်ပြီး share လုပ်မှသာ သင့်ရဲ့ သူငယ်ချင်းက သူ့  Google Drive အကောင့်ထဲကို ဖိုင်ကို သိမ်းနိုင်မှာပါ။
ashampoo 19
Create Google Documents
Google documents တွေပြုလုပ်ဖို့ အတွက် Create ကို နှိပ်ပြီး document,presentation,spreadsheet,form,drawing တွေ ပြုလုပ်နိုင်ပါတယ်။
ashampoo 20
ပြုလုပ်ပြီးတဲ့  Google Documents တွေကို ဒေါင်းလုပ်လုပ်ဖို့ အတွက် More drop down arrow ကိုနှိပ်ပြီး Download ကိုနှိပ်ပါ။
ashampoo 22
Microsoft Office Document အပါအ၀င် တစ်ခြား ဖိုင်ဖောက်မက်တွေ အနေနဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
ashampoo 23
Convert Microsoft Office Document To Google Docs
Microsoft office document တွေကို Google docs ဖော်မက် ကို ပြောင်းလဲဖို့ အတွက် ဖိုင်အပေါ်မှာ right click နှိပ်ပြီး Open with > Google Docs ကိုနှိပ်ပါ။ဒါဆိုရင် နောက် tab တစ်ခု ပွင့်ပြီး Googld Docs ဖိုင်အနေနဲ့ ဖွင့်ပေးပြီး edit လည်းလုပ်နိုင်ပါပြီ။နောက်ပြီး Google Docs ဖိုင်ဖောက်မက်အနေနဲ့ ဖိုင် တစ်ဖိုင် ရရှိလာမှာပါ။
ashampoo 24
Preview Your Files
Video, image, microsoft office documents,adobe photoshop,pdf စတဲ့ဖိုင် တွေ အပြင် တစ်ခြားဖိုင် အမျိုးအစားတွေကို Google Drive မှာ Preview ကြည့်နိုင်ပါတယ်။Google Drive မှာ Preview ကြည့်နိုင်တဲ့ Supported File Types တွေ အားလုံးကို official page မှာ ကြည့်ရှုနိုင်ပါတယ်။ Google Drive ကဖိုင်တွေကို preview ကြည့်နိုင်ဖို့ အတွက် ဖိုင်ပေါ်မှာ right click နှိပ်ပြီး Preview ကို နှိပ်ပါ။
ashampoo 25
Offine
Offiline ကို Enable လုပ်ထားရင် Google Docs ဖိုင်တွေကို သင့်စက်မှာသိမ်းပေးထားပြီး offline ဖြစ်နေတဲ့ အချိန်မှာတောင် Google Docs ဖိုင်တွေကို ကြည့်ရှုနိုင်ပြီး edit လုပ်နိုင်ပါတယ်။Offline ဖြစ်နေတဲ့ အချိန်မှာ Google Docs ဖိုင်တွေကို ကြည့်ရှု၊ edit လုပ်နိုင်ဖို့  Chrome browser ကနေ drive.google.com ကို ရိုက်ထည့်ပေးပါ။တစ်ခုမှတ်ထားရမှာက Chrome browser ကို အသုံးပြုမှသာဒီလိုလုပ်နိုင်မှာဖြစ်ပါတယ်။
ashampoo 29
Sync Files Acrosss Devices
Google Drive ကသင့်ဖိုင်တွေကို Windows , Android , IOS device တွေ နဲ့ sync လုပ်နိုင်ဖို့  Google Drive Application တွေ ကိုလည်းဒေါင်းလုပ်လုပ်နိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ windows ကွန်ပြူတာကနေ sync လုပ်ဖို့ ရေးပေးမှာပါ။Google Drive ကိုဒေါင်းလုပ်လုပ်ပြီးရင် Setup Wizard မှာ သင့် google account ကို ဖြည့်ပါ။ နောက် wizard မှာ Advanced setup ကိုနှိပ်ပါ။
ashampoo 05
သင့်ကွန်ပြူတာမှာ Google Drive ဖိုဒါကို ပြုလုပ်ဖို့ နေရာကို ရွေးချယ်နိုင်ပါတယ်။Sync options မှာ လည်း သီးသန့် ဖိုဒါတွေကို ပဲ sync လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။ဖိုဒါထဲမှာ ရှိမနေတဲ့ဖိုင်တွေအားလုံးကို တော့ Sync လုပ်ပေးမှာကို သတိပြုပါ။Sync Google Docs files ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးထားပြီး သင့် Google Drive(Web Interface) က ဘယ်ဘက် side bar က Offline မှာ Enable offline လုပ်ထားရင် Google Docs ဖိုင်တွေ ကို offline ဖြစ်နေတဲ့ အချိန်မှာ ကြည့်ရှုနိုင်ပြီး edit လုပ်နိုင်မှာပါ။Start Sync ကိုနှိပ်ရင် သင့်ဖိုင်တွေကို sync စလုပ်ပါပြီ။
ashampoo 06
System Tray က google drive icon ကို right click နှိပ် ရင် Sync status ကိုတွေ့ မြင်နိုင်ပြီး pause လုပ်နိုင်ပါတယ်။
ashampoo 07
Google Drive(web interface) ကနေ ဖိုင်တွေ upload လုပ်နိုင်သလို  သင့်ကွန်ပြူတာက Google Drive ဖိုဒါကို အသုံးပြုပြီးလည်းဖိုင်တွေ ဖိုဒါတွေ upload လုပ်နိုင်ပါတယ်။သင့်ကွန်ပြူတာက ဖိုင် ကို  Google Drive ဖိုဒါထဲကို ထည့်ပေးပြီး upload လုပ်နိုင်ပါတယ်။
ashampoo 08
Web Applications For Google  Drive
Web applications တွေကို အသုံးပြုပြီးတော့လည်း Google  Drive ကို ပိုမိုအသုံးဝင်အောင်လုပ်နိုင်ပါတယ်။Chrome Web Store မှာ Google Drive နဲ့ တွဲဖက်အလုပ်လုပ်ဖို့  Web Applications တွေကို အင်စတောလုပ်နိုင်ပါတယ်။ဥပမာ အားဖြင့် mp3 ဖိုင် တစ်ခု ကို wav ဖိုင်အနေနဲ့ ပြောင်းလဲဖို့  Google Drive ကမလုပ်ပေးနိုင်ပါဘူး။အဲဒီအတွက် Chrome Web Store ကနေ Drive Converter ကိုအင်စတောလုပ်လိုက်ရင် image,audio,document ဖိုင်တွေကို တစ်ခြား ဖိုင်ဖော်မက်တွေအဖြစ်ပြောင်းလဲပေးနိုင်ပါပြီ။
ashampoo 26
Google Drive နဲ့ ပတ် သတ်တဲ့ ကောင်းနိုးရာရာတွေကို နောက်ဆောင်းပါးတွေမှာ ရေးပေးပါအုံးမယ်။အခုတော့ဆောင်းပါးလည်း ရှည်နေပြီဖြစ်တဲ့အတွက် ဒီမှာပဲနားပါရစေ။Google Drive နဲ့ ပတ်သတ်တဲ့ ကျွန်တော် ရေးထားပြီးသားဆောင်းပါးတွေကို လည်း အောက်မှာ လင့်ပေးထားပြီး ဖတ်ရှုနိုင်ပါတယ်။
Save Webpages,Audio,Video & Files To Google Drive
Attach 10 GB File To Gmail With Google Drive Integration
How To Transfer Files Between Dropbox,Google Drive,Sky Drive
1 comments:
  1. ကျေးဇူးတင်ပါတယ်ဗျာ။ အခုလို စနစ်တကျ လူပိန်း နားလည်အောင်ရှင်းပြပေးတဲ့အတါက်ပါ
    ReplyDelete