Tuesday, February 26, 2013
Widgets
Trick To Install Incompatible Android Applications From Google Play
1
Google Play Store က Android Applications တွေကို ဒေါင်းလုပ်လုပ်လို့ ရပြီလား? မရသေးရင် ဒီဆောင်းပါး  နဲ့  ဒီဆောင်းပါး နှစ်ခုကိုဖတ်ပါ။Google Play Store က သင့် android device နဲ့  compatible ဖြစ်တဲ့ applications တွေကို ဒေါင်းလုပ်လုပ်ခွင့်ပေးပါတယ်။သင့် android device နဲ့  compatible မဖြစ်တဲ့ applications တွေကို ဒေါင်းလုပ်လုပ်ချင်ရင်တော့ ဒီဆောင်းပါးကို ဆက်ဖတ်ပါ။ဒီလို လုပ်ဖို့ နည်းနှစ်နည်းရှိပါတယ်။ပထမ နည်းက market helper ဆိုတဲ့ application ကို သုံးမှာပါ။နောက်တစ်နည်း ကတော့ သင့် android device က device model ကို ဖော်ပြပေးတဲ့ bulid.prop ဆိုတဲ့ ဖိုင်ကို ပြင်မှာပါ။ဒီနည်းနှစ်နည်းစလုံးက သင့် android device ကို model မြင့်တဲ့ device အမျိုး အစားအဖြစ် google play store ကထင်စေမှာဖြစ်တဲ့ အတွက်အဲဒီ model မြင့်   android device  နဲ့  compatible ဖြစ်တဲ့ applications တွေကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Using Market Helper
Market Helper ကိုသုံးဖို့ သင့် android device ဟာ root လုပ်ပြီးသားဖြစ်ရပါမယ်။One click root tool တစ်ခု ဖြစ်တဲ့ SRS Root အကြောင်းရေးပေးထားပါတယ်။စမ်းသုံးကြည့်ပါ။အရင်ဆုံး Market Helper ကို ဒေါင်းလုပ်လုပ်ပြီး သင့် android device မှာ အင်စတောလုပ်ပါ။ပြီးရင် အင်တာနက်ချိတ်ပြီး market helper ကို run ပါ။ (တစ်ခုမှတ်ထားရမှာက google play store က android applications တွေကို ဒေါင်းလုပ်လုပ်ဖို့ ရေးထားတဲ့ဆောင်းပါးတစ်ခုမှာ Market Unlocker ဆိုတဲ့ application ကို သုံးထားပါတယ်။Market Helper က Market Unlocker ကို အသုံးပြုထားရင် အလုပ်ကောင်းကောင်းမလုပ်တာတွေ့ ရပါတယ်။ဒါ့ကြောင့် သင့်ဖုန်းမှာ Market Unlocker အင်စတောလုပ်ထားရင်Market Unlocker မှာ Enable Unlocker, Enable Proxy စတာတွေကို Off အရင်လုပ်ပြီးမှ Market Helper ကို run ပါ။)Select Device မှာ Phone ကိုရွေးပေးပြီးညာဘက်က dropdown arrow ကိုနှိပ်ပြီး HTC One X+ (or) LGE Nexus 4 (or) Samsung Galaxy S3 စတဲ့ ဖုန်း အမျိုးအစားသုံးမျိုး ထဲက သင်ကြိုက်နှစ်သက်ရာရွေးပေးပါ။Select Operator မှာ လည်း သင်နှစ်သက်ရာရွေးနိုင်ပါတယ်။ပြီးရင် Activate ကိုနှိပ်ပါ။
Moborobo20130226114913
Moborobo20130226115042
Google Dashboard ကိုရောက်ရင် Android device မှာ သင့် ဖုန်း အမျိုးအစားက အပေါ်မှာ သင်ရွေးချယ်ထားတဲ့ဖုန်း အမျိုးအစားဖြစ်နေပါပြီ။
Moborobo20130226115344
ပြီးရင်  Hide Man (or) TunnelBear တို့ လို vpn application တွေကို သင့် android device မှာ သုံးပြီး Google Play Store ကိုဝင်ပါ။ သင် market helper မှာ ရွေးချယ်ထားတဲ့ android device နဲ့  compatible ဖြစ်တဲ့  android application တွေကို ဒေါင်းလုပ်လုပ်လို့ ရပါပြီ။Market Unlocker သုံးစရာမလိုတော့ပါဘူး။သင့် android device ရဲ့ မူလ model ကို ပြန်သုံးချင်ရင် market helper မှာ Select Device မှာ Restore ကို ရွေးပြီး Select Operator မှာ Restore ကို ရွေးပေးပြီး Activate ကိုနှိပ်ပါ။ပြီးရင် Google Dashboard ကို တစ်ခေါက်ပြန်သွားပေးပါ။နောက်တစ်နည်းကသင့် ဖုန်းကို restart ချလိုက်ရင်လည်း မူလ device အနေအထားကို ပြန်ရောက်သွားပါတယ်။
Editing Build.prop
သင့် android device ရဲ့ model ကို bulid.prop ဆိုတဲ့ဖိုင် က ဖော်ပြပါတယ်။အဲဒီဖိုင်က device model ကို model မြင့်တဲ့ သင်နှစ်သက်ရာ device အဖြစ် ပြင် လိုက်ပြီး Google ကိုလှည့်စားလို့ ရပါတယ်။ES file manager က setting ကို သွားပြီး Root settings မှာ Root Explorer , Mount File System ဆိုတဲ့ check box နှစ်ခု ကို အမှန်ခြစ်ပေးပါ။ ဒီနည်းကိုသုံးဖို့ လည်း သင့် ဖုန်း ဟာ root လုပ်ပြီးသားဖြစ်ရပါမယ်။
1
ပြီးရင်  system/  အောက်ကို သွားပြီး build.prop ဆိုတဲ့ဖိုင်ပေါ်မှာ ဖိထားပြီး Copy ကိုနှိပ်ပြီး တစ်ခြားနေရာ (Sd card) အောက်မှာ Paste လုပ်ပြီးသေချာသိမ်းထားပါ။ဒါမှ သင့် device model ကို ပြန် restore လုပ်ချင်ရင် ဒီဖိုင်ကို ပြန်အသုံးပြုနိုင်မှာပါ။
2
ပြီးရင်  system/   အောက် ကို ပြန်သွားပြီး build.prop ဖိုင်ကို ဖိထားပြီး Open As > Text > ES Note Editor ကိုနှိပ်ပါ။
3
ro.product.model and ro.product.manufacturer ဆိုတဲ့ လိုင်းနှစ်လိုင်းကို ရှာပါ။
ပြီးရင် ဥပမာအားဖြင့် samsung nexus s ဖုန်း အမျိုးအစားအဖြစ်အသုံးပြုချင်ရင် အောက်ကအတိုင်းပြင်ပေးပါ။
  • ro.product.model = Nexus S
  • ro.product.manufacturer = samsung
သင် ဟာ ဖုန်း model တွေနဲ့ အကျွမ်းဝင်သူ တစ်ယောက်ဆိုရင် သင်နှစ်သက်ရာ model ကို ပြင်နိုင်ပါတယ်။
4
ပြီးရင် menu ကိုနှိပ်ပြီး Save ကိုနှိပ်ပါ။
5
နောက်ဆုံးအဆင့်အနေနဲ့ သင့်ဖုန်း ရဲ့ Settings>Applications>Manage Applications> Google Play Store(or) Market ကိုနှိပ်ပြီး Clear data ကို နှိပ်ပါ။
6
သင့် ဖုန်း ကို restart ချပြီး Hide Man (or) TunnelBear စတဲ့ vpn application တွေကို သုံးပါ။ပြီးရင် Market Unlocker ကိုသုံးပါ။ပြီးရင်တော့ build.prop မှာသင်ပြုပြင်ထားတဲ့ ဖုန်း  အမျိုးအစားနဲ့  compatible ဖြစ်တဲ့ android applications တွေကို google play store ကနေ ဒေါင်းလုပ်လုပ်လို့ ရပါပြီ။
0 comments:
Post a Comment