Sunday, February 24, 2013

Widgets

Add Your Social Feeds To Your Email Signature With WiseStamp

ashampoo 12

သင့် အီးမေး (gmail,yahoo,hotmail) စတဲ့ အီးမေး တွေ မှာ သင့်ရဲ့ social feed လှလှလေး တွေကိုထည့် သွင်းပေးနိုင်တဲ့ free web service တစ်ခု ပါ။သင့်အီးမေးကို လက်ခံရရှိတဲ့သူ က အပေါ်ကပုံမှာတွေ့ ရသလို သင့်ရဲ့ ဖုန်း၊အီးမေးလိပ်စာ၊၀က်ဆိုက်၊နေရပ်လိပ်စာအပြင်သင့် ရဲ့  social network တွေကို ဆက်သွယ်နိုင်တဲ့ လင့် တွေကိုရရှိနိုင်ပါတယ်။ဒါ့အပြင်သင့် ရဲ့ social network တွေက latest post တွေကို ပါ မြင်တွေ့ နိုင်ပါတယ်။ Chrome, Firefox, Internet Explorer, and Safari browsers တွေမှာအသုံးပြုနိုင်ပြီး အဲဒီ browser တွေမှာ WiseStamp (Add-on,Extension) ကို အင်စတောလုပ်ရမှာပါ။

ဒီဆောင်းပါးမှာတော့ chrome browser ကနေ WiseStamp ကို အသုံးပြုနည်းကို ရေးပေးမှာပါ။အင်စတောလုပ်ပြီးရင် Popup window တစ်ခုပေါ်လာပြီး setup လုပ်ရမှာပါ။ပထမဆုံး window မှာ Next နှိပ်ပါ။နောက် ၀င်းဒိုး မှာတော့ သင့် facebook အကောင့်နဲ့ signup လုပ်နိုင်သလို အကောင့်တစ်ခု သီးသန့် ပြုလုပ်နိုင်ပါတယ်။

ashampoo 02

နောက်အဆင့်မှာတော့ သင့်နာမည်၊ဖုန်း ၊လိပ်စာ၊၀က်ဆိုက် စတာတွေ ထည့်သွင်းပေးပါ။သင့်ပုံကို upload လုပ်နိုင်သလို သင်ကြိုက်နှစ်သက်ရာပုံကို upload လုပ်ပြီးအသုံးပြုနိုင်ပါတယ်။

ashampoo 03

နောက်အဆင့်မှာသင်ကြိုက်နှစ်သက်ရာ template ကိုရွေးချယ်နိုင်ပါတယ်။

ashampoo 04

နောက်အဆင့်မှာ သင့်ရဲ့ အီးမေး မှာ ပေါ်မယ့် ပုံစံကို မြင်တွေ့ နိုင်ပြီး Continue ကိုနှိပ်ပါ။

ashampoo 05

နောက်အဆင့်မှာတော့ သင့်အီးမေးရဲ့  signature ကို edit လုပ်နိုင်ပါတယ်။ဖောင့် အမျိုးအစား၊အရွယ်အစား၊အရောင်၊alignment ၊ bold,underline,italic စတာတွေကို သင့်စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။Email Apps ကိုနှိပ်ပြီး သင့် social network တွေက latest post တွေကိုထည့်သွင်းနိုင်ပါတယ်။သင့်ရဲ့  social network ကို click တစ်ချက်နှိပ်ပြီး Add App ကိုနှိပ်ပါ။ပြီးရင်သင့်အကောင့်နဲ့ လင့်လုပ်ပေးပါ။

ashampoo 13

Preview ကိုနှိပ်ပြီးကြည့်ရင်အောက်ကပုံမှာလို သင့် social network က latest post ကို တွေ့ ရမှာပါ။

ashampoo 08

Social Icons ကိုနှိပ်ပြီး သင့် social network တွေကို ရွေးချယ်ပေးပြီး သက်ဆိုင်ရာ အကောင့်က profile page url တွေကို ဖြည့်ပေးပါ။

ashampoo 06

Preview ကိုနှိပ်ကြည့်ရင် သင့်ရဲ့  social icon တွေကို မြင်တွေ့ နိုင်ပြီး သင့် အီးမေးကို လက်ခံရရှိတဲ့သူက အဲဒီလင့်တွေကနေ သင့် social network တွေကို join လုပ်နိုင်ပါတယ်။

ashampoo 14

Format ကိုနှိပ်ပြီး Text only,Text and icons,Icons only စတာတွေ ရွေးချယ်နိုင်ပါတယ်။

ashampoo 07

IM icons မှာ သင့် messenger services(google talk,skype,yahoo messenger,aim,msn) စတဲ့ အကောင့်တွေက icons တွေထည့်သွင်းနိုင်ပါသေးတယ်။Design မှာ border type,background color စတာတွေ ရွေးချယ်နိုင်ပါတယ်။ပြီးရင် Apply,OK နှိပ်ပြီးသင့်အီးမေးကို သွားကြည့်ပါ။သင့်မှာ အီးမေး အကောင့်တစ်ခုထက်ပိုရှိရင် သင်ပြုလုပ်ထားတဲ့ အီးမေး signature ကို အဲဒီအကောင့်အားလုံးအတွက်လည်းသုံးဖို့ ရွေးချယ်နိုင်မယ့် box တစ်ခုကျလာမှာပါ။ပြီးရင်တော့ သင့် အီးမေး က compose page မှာ သင့်  အီးမေး signature လှလှလေးကို အောက်ကပုံမှာလို တွေ့ မြင်နိုင်မှာပါ။တစ်ခု မှတ်ထားရမှာက ဂျီမေးရဲ့  old compose မှာပဲ WiseStamp ကအလုပ်လုပ်ပေးနိုင်ပြီး new compose မှာတော့အလုပ်မလုပ်ပါဘူး။

ashampoo 11

Checkout WiseStamp @ www.wisestamp.com

0 comments:

Post a Comment