Friday, February 22, 2013

Widgets

Ninite : The Easiest & Fastest Way To Install Or Update Software

1

သင့်ကွန်ပြူတာမှာ မရှိမဖြစ်လို အပ်တဲ့ ဆော့ဝဲ တွေ ဖြစ်တဲ့ browsers,messengers,media player,java,flash player,image viewer,document reader,antivirus and antimalware,online storage application,password manager,note applications,utilities,compression စတဲ့ ဆော့ဝဲတွေ ရဲ့ latest version တွေကို သက်ဆိုင်ရာ ၀က်ဆိုက်တစ်ခု ချင်းစီက ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ရတာ အချိန် ကုန် ပြီး အလုပ်ရှုပ်ပါတယ်။အဲဒီ ဆော့ဝဲတွေ ကို တစ်ခါတည်း ဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ပေးနိုင်တဲ့ installer မရှိဘူးလား?ရှိပါတယ်။Ninite installer က အဲဒီ ဆော့ဝဲတွေအားလုံးကို အလိုလို ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ပေးနိုင်ပါတယ်။ သင့်ကွန်ပြူတာမှာ ရှိပြီးသား ဆော့ဝဲတွေကိုလည်း update လုပ်ပေးနိုင်ပါတယ်။

Ninite ၀က်ဆိုက်ကိုသွားပြီးသင်လို ချင်တဲ့ ဆော့ဝဲတွေကို ရွေးချယ်ပါ။ပြီးရင် page အောက်ဆုံးမှာရှိတဲ့  Get Installer ကို နှိပ်ပြီး ninite installer ကို ဒေါင်းလုပ်လုပ်ပါ။

ashampoo 02

ashampoo 03

ပြီးရင် ninite installer ကို run ပြီးသင်အနားယူလို့ ရပါပြီ။ Ninite installer က သင့် ဆော့ဝဲတွေကို (automatically)တစ်ခုချင်းစီဒေါင်းလုပ်လုပ်ပြီးအင်စတောလုပ်ပေးပါလိမ့်မယ်။Installation wizard တွေကို လည်း သင်မမြင်တွေ့ ရပါဘူး။

ashampoo 04

ကျွန်တော့် အတွေ့ အကြုံအရ Ninite installer ကို run တဲ့အခါ Certificate Error ကျလာပါတယ်။အဲလိုကျလာရင် Internet Option ထဲက “Check for server certificate revocation*” ဆိုတဲ့ check box ကအမှန်ခြစ်ကို ဖြုတ်ပေးပါ။

2

Checkout Ninite Installer @ www.ninite.com

0 comments:

Post a Comment