Wednesday, October 24, 2012

Widgets

Compose Encrypted Emails From Within Gmail With SafeGmail (Chrome)

1

အရေးကြီးတဲ့သတင်းသတင်းအချက်အလက်တွေကို gmail ကနေပေးပို့ တော့မယ်ဆိုရင် SafeGmail ကိုသတိရပါ။အီးမေးကနေ အရေးကြီးတဲ့သတင်းအချက်အလက်တွေ ပေးပို့ တာစိတ်မချရပါဘူး။SafeGmail ကသင့် အီးမေးကို encrypted လုပ်ပြီးပေးပို့ တဲ့အတွက်စိတ်ချရပါတယ်။Password နဲ့ ကာကွယ်ထားတာမဟုတ်ဘဲ security question နဲ့ ကာကွယ်ပေးထားပါတယ်။သင့်အီးမေးပေးပို့ မယ့်သူကို security answer ပေးထားရင်ရပါပြီ။

SafeGmail extension ကို chrome browser မှာသွင်းပြီးတာနဲ့ chrome ကို restart လုပ်ပါ။ပြီးရင်သင့် ဂျီမေးကိုသွားပြီး compose ကိုနှိပ်ကြည့်ရင် Encrypt ဆိုတဲ့ check box ပေါ်နေမှာပါ။သင်အရေးကြီးတဲ့ သတင်းအချက်အလက်တွေပါတဲ့အီးမေး ပို့ တော့မယ်ဆိုရင် အဲဒီ check box ကို အမှန်ခြစ်ပေးပြီး Security Question And Answer ကို ဖြည့်ပေးပြီး SEND + ENCRYPT ကိုနှိပ်ပြီးပေးပို့ နိုင်ပါတယ်။

1

သင်ပေးပို့ တဲ့အီးမေးကို လက်ခံမယ့်သူက အီမေးရောက်လာရင် Click Here to access email content ဆိုတဲ့စာသား က လင့်ကို နှိပ်ရမှာပါ။

2

လင့်ကိုနှိပ်လိုက်ရင် နောက် tab တစ်ခုပေါ်လာပြီး security answer ကို ဖြည့်ခိုင်းမှာပါ။

3

Submit လုပ်ပြီးရင်တော့နောက် page တစ်ခုပေါ်လာပြီး Encrypted mail is :(copy text between dashes) အောက်ကစာသားကို copy and paste လုပ်ပြီး Show my mail ဆိုတဲ့ button ကိုနှိပ်ပြီးအီးမေးကိုကြည့်ရမှာပါ။

Install SafeGmail @ Chrome Web Store

0 comments:

Post a Comment