Tuesday, October 23, 2012
Widgets
How To Create And Use Kaspersky Rescue Disk
1
သင့်ကွန်ပြူတာ ကို virus ကူးစက်ခံရပြီး သတ်လို့ မနိုင်တော့ဘူးဆိုရင် kaspersky rescue disk ကိုအသုံးပြုဖို့ အကြံပေးပါတယ်။Kaspersky rescue disk ကိုအသုံးပြုဖို့  disk image  iso ဖိုင်ကို အရင်ဒေါင်းလုပ်လုပ်ရမှာပါ။Iso image latest version ကို Kaspersky website မှာ download လုပ်ပါ။ဒေါင်းလုပ်လုပ်ပြီးသွားရင် အဲဒီ image ဖိုင်ကို virus definition update လုပ်ပေးဖို့ လိုပါတယ်။အဲဒီမှာနည်းနှစ်နည်းတွေ့ ပါတယ်။ပထမနည်းက ဒေါင်းထားတဲ့ image ဖိုင်ကို kaspersky internet security နဲ့ ကူးယူပြီး update လုပ်ပြီး kaspersky internet security နဲ့ ပဲ cd/dvd မှာ record/burn လုပ်ပြီးအသုံးပြုရမှာပါ။အဲဒီနည်းကိုသုံးဖို အတွက် kaspersky internet security သင့်စက်ထဲမှာလိုပါတယ်။မရှိရင်ဒီမှာ kaspersky internet security 2012 ကိုဒေါင်းပါ။နောက်တစ်နည်းက ဒေါင်းထားတဲ့ image ဖိုင်ကို iso image burner တွေနဲ့  cd/dvd မှာဘန်းပြီးတော့မှ offline virus definition update ကိုဒေါင်းပြီး update လုပ်ရမယ့်နည်းပါ။အသေးစိတ်ကိုအောက်မှာဆက်ဖတ်ပါ။ ဒီ tutorial မှာတော့ အခုလောလောဆည်အချိန်မှာ latest ဖြစ်တဲ့ kaspersky rescue disk image version 10 ကိုအခြေခံရှင်းပြထားတဲ့အတွက် တစ်ခြား version တွေ အသုံးပြုသူတွေအတွက် အနည်းငယ် ကွဲလွဲနိုင်ပါတယ်။
Method 1
Create Rescue Disk
Kaspersky internet security ရဲ့ tools ထဲက create rescue disk မှာ create ကိုနှိပ်ပါ။
2
နောက် box တစ်ခုပေါ်လာရင် Copy ISO image from local or network drive ကိုရွေးပေးပါ။
2
နောက် box တစ်ခုပေါ်လာရင် ဒေါင်းထားတဲ့  image file ကိုရွေးပေးပါ။
1
နောက်အဆင့်တွေမှာတော့ ဖိုင်ကို ကော်ပီလုပ်ပြီး virus definition ကို update လုပ်ပါလိမ့်မယ်။
1
1
Update လုပ်ပြီးရင် တော့ iso ဖိုင်ကို record လုပ်ဖို့  wizard ပေါ်လာမှာပါ။ Disk ပေါ်ကူးဖို့ အတွက်  Record to CD/DVD ကိုရွေးပေးပါ။
4
နောက် wizard မှာတော့သင့် cd/dvd drive ကိုရွေးပေးပါ။cd/dvd ထည့်ထားပြီး next နှိပ်ပါ။ဒါဆိုရင် စပြီး record လုပ်ပါပြီ။
5
6
ဒါဆိုရင်တော့ virus definition တွေကို ပါ update လုပ်ပြီးသား rescue disk တစ်ခု သင်ဖန်တီးပြီးပါပြီ။
Using Rescue Disk
Rescue disk ကိုထည့်ထားပြီး သင့်ကွန်ပြူတာကို CD/DVD ကနေ boot လုပ်ပါ။ သင့်ကွန်ပြူတာစဖွင့်ဖွင့်ချင်း setup ထဲဝင်တဲ့ key ကိုနှိပ်ပြီး boot device order မှာ CD/DVD ကို ထိပ်ဆုံးမှာပြောင်းပေးပါ။ပြီးရင် save and exit လုပ်ပြီး ရင်တော့ အောက်ကပုံကိုတွေ့ ရမှာပါ။ အချိန်မကုန်ခင် key တစ်ခုခုနှိပ်ပါ။မဟုတ်ရင်တော့ သင့်ကွန်ပြူတာ က hard disk ကနေပဲ boot တက်သွားပါလိမ့်မယ်။
1
ပြီးရင်နောက်တစ်ဆင့်မှာဘာသာစကားရွေးပေးပြီးရင် အန်းတားခေါက်ပြီးနောက်တစ်ဆင့်မှာ user license agreement ပေါ်လာပြီးအောက်က options တွေထဲက  1  ကိုနှိပ်ပြီး accept လုပ်ပြီးဆက်သွားပါ။ နောက်တစ်ဆင့်မှာ Graphic Mode ကိုရွေးပေးပြီး ဆက်သွားပါ။
2
နောက်တစ်ဆင့်မှာ kaspersky rescue disk window ပေါ်လာပါပြီ။Drives တွေကို ရွေးပြီး scan လုပ်ပြီးသင့်စက်ထဲက virus တွေကိုရှင်းနိုင်ပါပြီ။
1
Method 2
Create Rescue Disk
Using Rescue Disk
အပေါ်ကနည်းလမ်းအတိုင်း ပဲ kaspersky rescue disk window ပေါ်တဲ့အထိလုပ်ပါ။Scan မလုပ်ခင်မှာ setting ထဲဝင်ပါ။ပြီးရင် My update center ထဲက setting ကိုနှိပ်ပါ။
1
Kaspersky Lab’s update servers ကိုအမှန်ခြစ်ဖြုတ်ပြီးရင် Add ကိုနှိပ်ပါ။
1
နောက်တစ်ဆင့်မှာတော့ offline update ဖိုင်ကိုရွေးပေးပြီး ok နှိပ်ပြီး apply လုပ်ပြီး ok ထပ်နှိပ်ပြီး setting ထဲကထွက်ပါ။
1
ပြီးရင် My update center ကိုသွားပြီး start update ကိုနှိပ်ပါ။
1
Update လုပ်ပြီးသွားရင်တော့ Objects Scan ကိုသွားပြီး drives တွေကို ရွေးပေးပြီး scan လုပ်ပြီး သင့်ကွန်ပြူတာက virus တွေကို ရှင်းနိုင်ပါပြီ။Latest Offline Update  ဖိုင်တွေကိုတော့ Google မှာလွယ်လွယ်ကူကူ ရှာဖွေပြီးအလကားဒေါင်းလုပ်နိုင်ပါတယ်။
0 comments:
Post a Comment